တစ်နိုင်ငံလုံးပ-စ်ခ-တ်တို-က်ခို-က်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခဲ့သည်မှာ (၁၀)နှစ်ပြည့်ခဲ့ပြီဖြစ်၍ နှစ်ပတ်လည်နေ့အခမ်းအနားအား ယနေ့ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပလျက်ရှိသည်။
အဆိုပါ NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအား မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ အခမ်းအနားကို စက်ခလုတ်နှိပ်ကာဖွင့်လှစ်ပေးခဲ့သည်။
ထိုနောက် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ NCA (၁၀)နှစ်ပြည့်အဖြစ် ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့သည်။
