တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးခဲ့တာဟာ စာရွက်စာတမ်းတစ်ခုကို လက်မှတ်ရေးထိုးရုံမဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် မြန်မာပြည်သူအားလုံး ပိုင်ဆိုင်နိုင်မည့် အနာဂတ်အတွက် တံခါးတစ်ခုဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကိုယ်စားလှယ် Mr.Sihasak Phuangketkeow က ပြောသည်။
၁၀ နှစ်ပြည့် NCA အထိမ်းမှတ်အခမ်းနားတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကိုယ်စားလှယ် Mr.Sihasak Phuangketkeow က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
“ လွန်ခဲ့တဲ့ ဆယ်နှစ်က ကျွန်တော်ကိုယ်တိုင် အဲဒီသမိုင်းဝင်အခိုက်အတန့်ကို မျက်မြင်သက်သေအဖြစ် ရှိနေခဲ့သလို သန္ဒိဌာန် ခိုင်မာမှုတွေ၊ စိတ်သက်သာရာရမှုတွေ ၊ အကောင်းမြင်စိတ်တွေရှိခဲ့တဲ့ အဲဒီအချိန်ကို အခုထိအမှတ်ရနေတုန်းဘဲ” လို့ လက်မှတ်ရေးထိုးခဲ့စဉ်က ပါဝင်ခဲ့ဖူးသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကိုယ်စားလှယ် Mr.Sihasak Phuangketkeow က ပြောသည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ကနဦးအစထဲက အမြဲတမ်းထောက်ခံအားပေးနေပြီး ဆက်လက်ပြီး ဝိုင်းဝန်းထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကိုယ်စားလှယ်ကပြောသည်။
ငြိမ်းချမ်းရေးဆိုသည်မှာ ကြေညာချက်များ၊ အခမ်းနားသက်သက်မဟုတ်ကြောင်းနှင့် သာမန်ပြည်သူများ၏ နေ့စဉ် ဘဝမှ ခံစားနိုင်သည့် စစ်မှန်သည့်အပြောင်းလဲကသာ ငြိမ်းချမ်းရေးဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကိုယ်စားလှယ် Mr.Sihasak Phuangketkeow က ပြောကြားခဲ့သည်။
နောင်လာမည့် မြန်မာမျိုးဆက်များအနေဖြင့် NCA ကို သမိုင်းမှတ်တိုင်တစ်ခုဖြစ်သာမက NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း စစ်မှန်သည့်ငြိမ်းချမ်းရေးကို အမြစ်တွယ်ခဲ့သည့် ပဋိပက္ခများအစား တွေ့ဆုံဆွေးနွေးမှုများသာ ရှေ့တန်းရောက်ခဲ့သည့် အချိန်များအဖြစ်ပြန်လည်အမှတ်ရနိုင်စေဖို့ မျှော်လင့်မိကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကိုယ်စားလှယ် Mr.Sihasak Phuangketkeow က ပြောသည်။
