Friday, November 7, 2025

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur...

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း...

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇)...

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင်...

ကံတလူတိုးဂိတ်အနီးတွင် ယာဥ်တို-က်မှုဖြစ် (၁)ဦးဒ-ဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကံတလူတိုးဂိတ်အနီးတွင် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့လည် ၃ နာရီကျော်ခန့်က ယာဥ်တို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၏...
HomeNewsLocal NewsNaypyitaw State Academy...

Naypyitaw State Academy အား အသုံးချသုတေသနများနှင့်နိုင်ငံတော်၏ လူမှုစီးပွားဘဝမြင့်မားရေးကိုဖော်ဆောင်ပေးနိုင်မည့် ပညာရှင်များမွေးထုတ်ပေးရာ ဦးဆောင်တက္ကသိုလ်ဖြစ်စေရန် ဦးတည်ချက်ထားကြိုးပမ်းသွားရမည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုဝင်ဘာ ၉ ရက်(ယနေ့)နံနက်ပိုင်းက နေပြည်တော်၌ ပညာရေးဝန်ကြီးဌာန၏ Napyitaw State Academy ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ဖွင့်လှစ်စဥ်ပြောကြားခဲ့ခြင်းဖြစ် သည်။

Napyitaw State Academy အား နေပြည်တော် ကို ပညာရေးမြို့တော်ဖြစ်လာစေရန်နှင့်နေပြည် တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊နေပြည် တော်ရှိ ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိ ဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့်လယ်ဝေးမြို့နယ်များမှ ဒေသခံများ၏ သားသမီးများ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“ကြောင်းကျိုးဆက်စပ်တွေးခေါ်မှုကို အခြေခံတဲ့ သင်ကြားသင်ယူမှုကို အလေးထားအားပေးပြီး အသုံးချသုတေသနတွေနဲ့နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်မည့် ပညာ ရှင်တွေမွေးထုတ်ပေးရာ ဦးဆောင်တက္ကသိုလ်ဖြစ်စေဖို့အတွက် ဦးတည်ချက်ထားကြိုးပမ်းသွားကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းမှာကြားခဲ့သည်။

ထို့ပြင် Naypyitaw State Academy အား ရန်ကုန်တက္ကသိုလ်နှင့်မန္တလေးတက္ကသိုလ်များကဲ့သို့ နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်၍ ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ် သည်ဟု ပြောသည်။ 

“ရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်တို့မှာ မ ဟာဌာနကြီးတွေ ဖွဲ့စည်းထားတဲ့အတိုင်း ဖွဲ့စည်းထားပါတယ် ဝိဇ္ဇာပညာမဟာဌာန၊သိပ္ပံပညာမဟာဌာန၊ဥပဒေပညာမဟာဌာန၊စီးပွားရေးပညာမဟာဌာန၊ဆေးပညာမဟာဌာန၊လူမှုရေးပညာမဟာဌာ နနဲ့အားကစားပညာမဟာဌာနတွေကို ပါဝင်ဖွဲ့စည်းထားပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့အတူ အရည်အချင်းပြည့်ဝသည့် ဆရာ၊ဆရာ မများအပြင် နေပြည်တော်ရှိ ဌာနဆိုင်ရာအသီး သီး၌ တာဝန်ထမ်းဆောင်နေကြသည့် ဘာသာရပ် ကျွမ်းကျင်သူပညာရှင်ကြီးများပါ အားဖြည့်သင် ကြားလေ့ကျင့်ပေးသွားမည်ဟု ပြောသည်။

Naypyitaw State Academy ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ တတိယနှစ်သင်တန်းများအား စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ်တိုးချဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ဘွဲ့လွန်တန်းများဖြစ်သည့် မဟာတန်းများ၊ပါရဂူတန်းများအ ထိဖွင့်လှစ်ပေးသွားမည်ဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက်လိုအပ်သည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ် ပေးနိုင်မည်ဖြစ်ရာ နိုင်ငံတော်အတွက်လည်း အား တက်စရာဖြစ်သည်ဟု ပြောသည်။

“Naypyitaw State Academy အပါအဝင် ပညာ ရေးဝန်ကြီးဌာနအောက်မှာ တက္ကသိုလ်၊ဒီဂရီကောလိပ် ၇၅ ကျောင်းနဲ့ဝန်ကြီးဌာန ၁၁ ခုရဲ့ တက္က သိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်ကျောင်းတွေ အားလုံးပေါင်း ၁၇၅ ကျောင်းကိုဖွင့်လှစ်သင်ကြား ပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် နေပြည်တော်၌ မကြာမီအချိန်အတွင်း နည်းပညာတက္ကသိုလ်အဆင့်တိုးမြှင့်မည့် တက္က သိုလ်တစ်ခုပေါ်ထွက်လာမည်ဖြစ်၍ ပညာရေးမြို့တော်အဖြစ် လမ်းခင်းနေပြီဖြစ်ဟု ပြောကြားခဲ့သည်။

Naypyitaw State Academy အား အရည်အသွေးမြင့်သည့် သင်ကြားသင်ယူမှုနည်းစနစ်များ၊နိုင်ငံ တကာအဆင့်မီသင်ရိုးညွှန်းတမ်းများ၊ခေတ်မီ သင်ထောက်ကူပစ္စည်းများ၊ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊သုတေသနဓာတ်ခွဲခန်းများ၊ခေတ် မီစာကြည့်တိုက်များစသည့် လိုအပ်သော Facilities များ အပြည့်အစုံဖြည့်ဆည်းထားသည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။ 

“ကျောင်းသား၊ကျောင်းသူတွေကို ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစားတွေးခေါ်မှုမြင့်မားတဲ့ အသိ ပညာအတတ်ပညာတွေနဲ့ပြည့်စုံတဲ့ ဘွဲ့ရပညာ တတ်၊ပညာရှင်ကြီးတွေဖြစ်အောင် သင်ကြားလေ့ ကျင့်မွေးထုတ်ပေးသွားမှာပါအရည်အတွက်ထက် အရည်အသွေးကို ဦးစားပေးသွားမှာပါဟု ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ နိုဝင်ဘာ ၆ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer တို့တက်ရောက်ခဲ့ကြသည်။ 

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဗိုလ် ချုပ်အောင်မျိုးသန့်အား ကာကွယ်ရေးဝန်ကြီးဌာန၊ ဦးသန့်စင်လွင်အား ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးသိုက်စိုးအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ဒု-ဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇) ခုလွှတ်တင်ပူဇော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင် နေ့အရုပ်မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြသည်။ နွား၊ သိန်းငှက်၊ ကြက်၊ ဆင်၊ ငန်း၊ ဘဲ စသည့်နေ့အရုပ်မီးပုံးပျံ (၇) ခုအားလွှတ်တင်ပူဇော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မီးစင်္ကြာလှည့်လည်ပူဇော်ပွဲ၊ တန်ဆောင်တိုင်ဖွင့်ပွဲ၊ မီးပုံးပျံအကြီး၊ အသေးလွှတ်တင်ပူဇော်ခြင်းနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့်ကျင်းပလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071