တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeekကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် “ရေနက်ပိုင်း ရေငုပ်သမား” (Deep diver) ဟုခေါ်သော တရုတ် ဘူမိသိပ္ပံပညာရှင် ဒူမင်ရန် (Du Mengran) တို့သည် ၂၀၂၅ ခုနှစ်၏ အကြီးမားဆုံး သိပ္ပံဖြစ်ရပ်အချို့၏ ဗဟိုချက်တွင်ရှိခဲ့သည့် လူပုဂ္ဂိုလ် ၁၀ ဦးကို မီးမောင်းထိုးပြသော လန်ဒန်မြို့အခြေစိုက် Nature သိပ္ပံဂျာနယ် ၏ နှစ်စဉ် “Nature’s 10” စာရင်း အတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။
ထိုပုဂ္ဂိုလ်နှစ်ဦးသည် အစွမ်းထက်သော ကြီးမားသည့် AI မော်ဒယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ခဲ့ခြင်း နှင့် ကမ္ဘာပေါ်တွင် ယခုအချိန်အထိ တွေ့ရှိရသမျှတွင် အနက်ရှိုင်းဆုံး တိရစ္ဆာန်ဂေဟစနစ်အချို့ကို ဖော်ထုတ်နိုင်ခဲ့သည့် နက်ရှိုင်းသော ပင်လယ်ရေအောက် စူးစမ်းလေ့လာရေးတွင် ရှေ့ဆောင်လမ်းပြခဲ့ခြင်း တို့အတွက် အသီးသီး အသိအမှတ်ပြုခံခဲ့ရခြင်းဖြစ်သည်။
