Friday, July 10, 2026

ရန်ကုန်မြို့အတွင်း ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများကို မြေအောက်ကေဘယ်စနစ်သို့...

ရန်ကုန်မြို့အတွင်း မြို့ပြအင်္ဂါရပ် ပျက်ယွင်းစေသည့် အဓိကပြဿနာတစ်ခုဖြစ်သော ဆက်သွယ်ရေးကြိုး ရှုပ်ထွေးမှုများကို ရှင်းလင်းပြီး မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်မည့် လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ဇူလိုင်လ ၉...

မုံရွာ(ညောင်ပင်ကြီး) – ပုလဲ –...

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့်အဖွဲ့သည် မုံရွာ(ညောင်ပင်ကြီး) - ပုလဲ - ဂန့်ဂေါ - ဟားခါးလမ်း (၃၁၃.၄၆၀ ကီလိုမီတာ မှ ၃၁၃.၅၈၀ ကီလိုမီတာ)ကြား...

ရန်ကုန်တွင် ရက် ၁၀၀ စီမံချက်ကာလအတွင်း...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ရက် ၁၀၀ စီမံချက်ကာလအတွင်း ခါးပိုက်နှိုက်မှု ၁၁၇ မှုမှ ကျူးလွန်သူ တရားခံ...

ချင်းဖိုက်တာ ဂျိုရှုအာဗန်နှင့် ဘရန်ဒန်ရွိုင်ဗယ်တို့ တစ်နှစ်တာအကောင်းဆုံးတွဲဆိုင်းဆု...

17th Annual Fighters Only World MMA Awards ဆုပေးပွဲတွင် ချင်းလူမျိုး MMA ဖိုက်တာ ဂျိုရှုအာဗန် (Joshua...
HomeMoviesNATO အပေါ် စိတ်ပျက်မှုနဲ့...

NATO အပေါ် စိတ်ပျက်မှုနဲ့ အီရန်နဲ့ စေ့စပ်ညှိနှိုင်းဖို့ ငြင်းဆန်မှု – ထရမ့်ရဲ့ အဓိကပြောကြားချက်များ

​အန်ကာရာမြို့မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးပြင်ပမှာ နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte နဲ့ တွေ့ဆုံချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ မဟာမိတ်အဖွဲ့အပေါ် စိတ်ပျက်မိတယ်လို့ ပြောသွားပါတယ်။ သူပြောပုံအရဆိုရင် နေတိုးမဟာမိတ်တွေရဲ့ လုံခြုံရေးကို အာမခံဖို့အတွက် ဝါရှင်တန်က အင်မတန်များပြားတဲ့ ငွေကြေးတွေ ပေးနေရတယ်လို့ ဆိုပါတယ်။

​အီရန်နဲ့လုပ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကလည်း အခု အသက်မဝင်တော့ဘူးလို့ ထရမ့်က ကြေညာသွားပါတယ်။ အီရန်နဲ့ စေ့စပ်ညှိနှိုင်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ထပ်ပြောသွားသလို၊ အီရန်ခေါင်းဆောင်ပိုင်းကိုလည်း စော်ကားပြောဆိုသွားပါတယ်။

​အမေရိကန်ခေါင်းဆောင်ရဲ့ အဓိကပြောစကားတွေကို အခုလို စုစည်းဖော်ပြလိုက်ပါတယ်။

​NATO အပေါ် စိတ်ပျက်မှု
​”NATO နဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းစိတ်ပျက်တယ်။ ကျွန်တော်တို့အပေါ် မတရားဆက်ဆံခံရတယ်၊ ပေးရတာတွေကလည်း အချိုးအစားမမျှဘူး။ တစ်ချိန်တုန်းကဆို NATO အတွက် ကျွန်တော်တို့ချည်းပဲ ၁၀၀ ရာခိုင်နှုန်း ပေးနေရပြီး တခြားနိုင်ငံတွေက ဘာမှမပေးခဲ့တဲ့အချိန်တွေတောင် ရှိခဲ့တာ။”

​လတ်တလော အမေရိကန်-အီရန် တင်းမာမှု
​အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးက အသက်မဝင်တော့ပါဘူး။
​”ကျွန်တော့်အတွက်ကတော့ အဲဒါ ပြီးသွားပြီလို့ပဲ ထင်ပါတယ်။”
​အမေရိကန်အနေနဲ့ အီရန်နဲ့ စေ့စပ်ဖို့ မရည်ရွယ်တော့ပါဘူး။
​”သူတို့နဲ့ ကျွန်တော် အလုပ်မလုပ်ချင်တော့ဘူး၊ သူတို့က လူအောက်တန်းစားတွေပဲ။”

​တူရကီအတွက် F-35 ဂျက်တိုက်လေယာဉ်များ
​တူရကီက ပဉ္စမမျိုးဆက် F-35 ဂျက်တိုက်လေယာဉ်တွေ ရချင်နေပါတယ်။
​”သူတို့ဆီမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးစက်ပစ္စည်းတွေ အများကြီးရှိနေပြီလေ။ အခု F-35 တွေကိုပါ ရဖို့ ကြိုးစားနေကြတယ်။”

​စပိန်နဲ့ ကုန်သွယ်မှုလုပ်ဖို့ ငြင်းဆန်ခြင်း
​အမေရိကန်က စပိန်နဲ့ ကုန်သွယ်မှု မလုပ်ချင်တော့ပါဘူးလို့ သူကပြောပါတယ်။
​”စပိန်က NATO မှာ အရမ်းဆိုးရွားတဲ့ မိတ်ဖက်နိုင်ငံပဲ။ သူတို့က ပါဝင်ပတ်သက်မှုလည်း မရှိဘူး၊ ငွေလည်း မပေးဘူး။ စပိန်နဲ့ ဘာမှကို မပတ်သက်ချင်တော့တာ။”

​ဂရင်းလန်းကျွန်း(Greenland) အခြေအနေ
​”ဂရင်းလန်းက အမေရိကန်အတွက် အရမ်းအရေးကြီးတယ်၊ ဒါပေမဲ့ ဒိန်းမတ်အတွက်တော့ အရေးမကြီးဘူး။”
​ကမ္ဘာကြီးကို ကာကွယ်ဖို့ အမေရိကန်အနေနဲ့ အဲဒီကျွန်းကို လိုအပ်တယ်လို့ ထရမ့်က ဆိုပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မြို့အတွင်း ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများကို မြေအောက်ကေဘယ်စနစ်သို့ ပြောင်းလဲရန် စီစဉ်

ရန်ကုန်မြို့အတွင်း မြို့ပြအင်္ဂါရပ် ပျက်ယွင်းစေသည့် အဓိကပြဿနာတစ်ခုဖြစ်သော ဆက်သွယ်ရေးကြိုး ရှုပ်ထွေးမှုများကို ရှင်းလင်းပြီး မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်မည့် လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ဇူလိုင်လ ၉ ရက် (ယနေ့)မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် ဦးဆောင်၍ ဆက်သွယ်ရေးကွန်ရက် တိုးချဲ့တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းကော်မတီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ အစည်းအဝေးတွင် မြေအောက်ကေဘယ်စနစ် (Underground Cable System)...

မုံရွာ(ညောင်ပင်ကြီး) – ပုလဲ – ဂန့်ဂေါ – ဟားခါးလမ်းပိုင်း လမ်းတိုးချဲ့ခြင်းလုပ်ငန်းများကို ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့်အဖွဲ့သည် မုံရွာ(ညောင်ပင်ကြီး) - ပုလဲ - ဂန့်ဂေါ - ဟားခါးလမ်း (၃၁၃.၄၆၀ ကီလိုမီတာ မှ ၃၁၃.၅၈၀ ကီလိုမီတာ)ကြား အလျား ၁၂၀ မီတာ၊ ပျမ်းမျှအကျယ် ၆.၂ မီတာရရန် လမ်းတာချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ လုပ်ငန်းခွင်၌ အဆိုပါလမ်းပိုင်း တာဝန်ခံအင်ဂျင်နီယာမှ လက်ရှိလမ်းတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်၊ မိုးရာသီတွင် ရေမတင်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန်၊...

ရန်ကုန်တွင် ရက် ၁၀၀ စီမံချက်ကာလအတွင်း ခါးပိုက်နှိုက်မှု ၁၁၇ မှုမှ တရားခံ ၉၉ ဦး ဖော်ထုတ်အရေးယူ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ရက် ၁၀၀ စီမံချက်ကာလအတွင်း ခါးပိုက်နှိုက်မှု ၁၁၇ မှုမှ ကျူးလွန်သူ တရားခံ ၉၉ ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှုများ လျော့နည်းကျဆင်းစေရေးအတွက် သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းနှင့် လုံခြုံရေးဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၇ ရက်အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071