အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဘတ်ဂျက်အဆိုပြုချက်တွင် NASA လသွားခရီးစဉ်များ၏ အဓိကဘဏ္ဍာရေးများကို ဖြတ်တောက်ရန်လည်း ပါဝင်နေပြီး ၂၀၂၆ ခုနှစ်အတွက်ဖြ-တ်တောက်မည့်အစီအစဉ်တွင် NASA ၏ ဘတ်ဂျက် ဒေါ်လာ ၆ ဘီလီယံ လျှော့ချရေးလည်း ပါဝင်သည်။
၂၀၂၇ ခုနှစ်တွင် Artemis အစီအစဉ်၏ တတိယမစ်ရှင်ပြီးနောက် အာကာသစူးစမ်းလေ့လာမှုများ ဆက်လက်ဆောင်ရွက်ရန်အတွက် Boeing နှင့် Northrop Grumman တို့က တည်ဆောက်ထားသော အလွန်ကြီးမားသည့် ဒုံးပျံ Space Launch System (SLS) နှင့် Lockheed Martin က တည်ဆောက်ထားသည့် Orion အာကာသယာဉ်အစီအစဉ်တို့ကို ဖျ-က်သိမ်းရန် မေလ ၂ ရက်၊ ပြီးခဲ့သည့်သောကြာနေ့က ထုတ်ပြန်ခဲ့သည့် ထရမ့်၏ ၂၀၂၆ ဘတ်ဂျက် အဆိုပြုချက် အကျဉ်းချုပ်တွင် ဖော်ပြထားသည်။