ဆီးဂိမ်းပြိုင်ပွဲများအပြီး ပြန်လည်စတင်ခဲ့သည့် Myanmar Women League 2025-2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-12 ပွဲစဉ်များအပြီးတွင် ISPE အသင်းမှာ ရမှတ် (၂၅) မှတ်ဖြင့် ဒုတိယနေရာသို့ ကျဆင်းခဲ့သည်။
ယခင် Week-11 ပွဲစဉ်များအပြီးတွင် ရမှတ် (၂၅) မှတ်ဖြင့် အုပ်စုအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေရာမှာ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။
လက်ရှိ အုပ်စုအဆင့်ထိပ်ဆုံးနေရာသို့ ရမှတ် (၂၇) မှတ်ဖြင့် ဧရာဝတီအသင်းက ရပ်တည်နေပြီး ယခင်က ရမှတ် (၂၄) မှတ်ဖြင့် အုပ်စုဒုတိယနေရာတွင်ရပ် တည်နေသည့် အသင်းလည်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းမှာ ရမှတ် (၂၃) မှတ်ဖြင့် အုပ်စုတွင်း တတိယနေရာတွင်သာ ဆက်လက်ရပ်တည်နေပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် Week-11 ပွဲစဉ်ထက် ရမှတ် (၃) မှတ် ထပ်မံရရှိခဲ့သည်။
အလားတူ သစ္စာအားမာန်အသင်းမှာ Week-12 ပွဲစဉ်အပြီး ရမှတ် (၂၁) မှတ်ဖြင့် အဆင့် (၄) နေရာ ၊ ရှမ်းယူနိုက်တက်မှာ ရမှတ် (၁၉) မှတ်ဖြင့် အဆင့် (၅) နေရာ၊ YREO အသင်းမှာ ရမှတ် (၁၀) မှတ်ဖြင့် အဆင့် (၆) နေရာ၊ Youn Lionesses အသင်းမှာ ရမှတ် (၈) မှတ်ဖြင့် အဆင့် (၇) နေရာ၊ မြဝတီအသင်းမှာ ရမှတ် (၄) မှတ်ဖြင့် အဆင့် (၈) နေရာနှင့် ရန်ကုန်စီးတီးအသင်းမှာ ရမှတ်မရှိဖြင့် အဆင့် (၉) နေရာတွင် အသီးသီးရပ်တည်နေကြသည်။
Week-11 ပွဲနှင့် Week -12 ပွဲစဉ်များအပြီး အသင်းအလိုက် ရမှတ်များကို နှိုင်းယှဉ်ကြည့်ပါက ဂိုးကွာခြားချက်များဖြင့် အဆင့်အတက်/အကျ အပြောင်းအလဲများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
