အုပ်စုနှစ်စုခွဲ ကျင်းပနေသည့် Myanmar Football Acade mies Tournament 2025-2026ပြိုင်ပွဲ အမှတ်ပေးဇယားရပ်တည်နေမှုအပေါ် ယနေ့ ဇန်နဝါရီ(၆)ရက် ၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်ထားသည်။
အုပ်စု(A)တွင် အမျိုးသားဘောလုံး အကယ်ဒမီ ယူ-၁၅ အ သင်းက ရမှတ်(၆) မှတ်ဖြင့် အုပ်စုထိပ်ဆုံနေရာတွင် ရပ်တ ည်နေသလို ISPE(မော်လမြိုင်)အသင်းကလည်း ရမှတ်တူ ဂိုးကွားခြားချက်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။
အလားတူ ISPE (ရန်ကုန်)အသင်းက ရမှတ် မရှိသေးသလို မြန်မာဘောလုံးအကယ်ဒမီ ယူ-၁၄ အသင်းကလည်း ရမှတ် မရှိသေးဘဲ ဂိုးကွာခြားချက်ဖြင့် အထက် အောက်ရပ်တည်နေကြသည်။
အုပ်စု(B)တွင် တပ်မတော်ဘောလုံး အကယ်ဒမီက ရမှတ် (၄)မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင်ရပ်တည်နေသလို ISPE (မန္တ လေး) အသင်းကလည်း ရမှတ်တူ ဂိုးကွားခြားချက်ဖြင့် ဒု တိယနေရာတွင် ရပ်တည်နေ သည်။
ထို့အတူ မြန်မာဘောလုံးအကယ်ဒမီ ယူ- ၁၅ အသင်းက ရမှတ်(၂)မှတ်ဖြင့် တတိယ၊ အမျိုးသားဘောလုံးအကယ်ဒမီ ယူ- ၁၄ အသင်းက ရမှတ်မရှိသေးဘဲ အုပ်စုအောက်ဆုံးအ ဆင့်တွင် ရပ်တည်နေကြသည်။
အဆိုပါ ပြိုင်ပွဲသည် လူငယ်မျိုးဆက်သစ်များပေါ်ထွက်လာရေးအတွက် မြန် မာဘောလုံးအကယ်ဒမီများပြိုင်ပွဲကို ယဇန်နဝါရီ (၃)ရက်မှ (၁၁)ရက်အထိ ကျင်းပနေခြင်းဖြစ်ကြော င်း အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
