တရုတ်နိုင်ငံသို့ အစားအစာတင်ပို့ရာတွင် လိုအပ်သည့် GACC မှတ်ပုံတင်ခွင့် စီမံခန့်ခွဲရေး သတ်မှတ်ချက်များ ပြဌာန်းချက်များအရ GACC မှတ်ပုံတင်ခွင့်ကို အချိန်မီသက်တမ်းတိုးရန် အဆိုပါအသင်းမှ အသိပေးတိုက်တွန်းထားသည်။
သက်တမ်းတိုးရန်အတွက် ခွင့်ပြုချက်သက်တမ်းမကုန်ဆုံးမီ (၃) လမှ (၆) လ အထိ ကြိုတင် သက်တမ်းတိုးမြှင့်ရေး တင်ပြလျှောက်ထားရမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ GACC မှတ်ပုံတင် သက်တမ်းကုန်လွန်နေသည့် မြန်မာနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် သက်တမ်းတိုးမြှင့်လိုခြင်းရှိ/မရှိကို ဒီဇင်ဘာ ၇ ရက်နေ့မတိုင်မီ သက်တမ်းတိုးခွင့်အတွက် ထောက်ခံတင်ပြပေးနိုင်ရေး ဆောင်ရွက်ပေးရန် သီးနှံကာကွယ်ရေးဦးစီဌာနမှ အကြောင်းကြားလာကြောင်း သိရသည်။
MCA အသင်းဝင်ကုမ္ပဏီများမှ GACC မှတ်ပုံတင် သက်တမ်းတိုးမြှင့်လိုပါက အသင်းရုံး ဖုန်း – ၀၉ ၄၂၀ ၀၂၀ ၈၆၉သို့ ဒီဇင်ဘာ ၇ ရက်နေ့ နောက်ဆုံးထား ဆက်သွယ်ပေးရန် အသိပေးထားသည်။
ဓာတ်ပုံ- မြန်မာနိုင်ငံကော်ဖီအသင်း
