MSME များသည် နိုင်ငံတော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြိုနယ်အသီးသီး၏ စီးပွားရေးကို ၉၀ ရာခိုင်နှုန်းကျော် အထောက်အကူပြုလျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
လယ်ဝေးမြိုနယ်အတွင်းရှိ MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှုအခြေအနေတို့ကို ယမန်နေ့ က ကြည့်ရူခဲ့စဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထုတ်လုပ်မှုလုပ်ငန်းများသည် ဈေးကွက်ရှိမှသာ ရေရှည်ရပ်တည်နိုင်မည်ဖြစ်သဖြင့် MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကို သုံးစွဲသူပြည်သူများသိရှိနိုင်ရေးအတွက် ယခုလို ထုတ်ကုန်ပစ္စည်းပြပွဲပြိုင်ပွဲများကို ကျင်းပပေးခြင်း ဖြစ်ကြောင်းလည်း ဒေါက်တာချာလီသန်းကပြောသည်။
နိုင်ငံတော်က လက်ရှိ MSME များ ဖွံဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကာ ငွေကြေးအရင်းအနှီးရရှိရေးအတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး လုပ်သားများအား မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အသိအမှတ်ပြုလက်မှတ်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့သည်။
ထုတ်ကုန်ပစ္စည်းများတွင် အသုံးပြုထားသည့် ကုန်ကြမ်းပစ္စည်း အမျိုးအမည်များကို ထုပ်ပိုးပစ္စည်းအပေါ်တွင် စားသုံးသူများ သိရှိအောင် ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်းနှင့် MSME လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သားများဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် ပြည်ပသို့ တင်ပိုနိုင်သည့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားရမည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
