Friday, July 4, 2025

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာ၊ မြို့ပေါ်ရပ်ကွက်...

ယနေ့ ဇူလိုင်၄ ရက်နံနက်ပိုင်းအချိန်၌ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် အချို့ ရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော တာလော့ ရပ်ကွက်၊...

ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲတွင် ဖုန်းသုံးစွဲခွင့်ပိ-တ်မည်

ယခုနှစ်တွင်ဖြေဆိုမည့် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲတွင် ဖုန်းသုံးစွဲခွင့်ကိုပိ-တ်သွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီက သိရသည်။ လက်ကိုင်ဖုန်းများအပါအဝင် အခြားသောဓာတ်ပုံရို-က်ကူးနိုင်သည့်ဆက်သွယ်ရေးလုပ်ငန်းများပါဝင်သည့် ကိရိယာများကို စာမေးပွဲချိန် ကနေ  စာမေးပွဲပြီးဆုံးသည်အထိ...

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရာ၌ အမျိုးသမီးထုကြီးတစ်ရပ်လုံး...

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရာ၌ အမျိုးသမီးထုကြီးတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇူလိုင် ၃ ရက်ကကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင်...

တရုတ်နိုင်ငံအပေါ် ချစ်ပ်ဒီဇိုင်းဆော့ဖ်ဝဲလ်ကန့်သတ်ချက်များ အမေရိကန် ရုပ်သိမ်း

အမေရိကန်ပြည်ထောင်စုသည် လန်ဒန်ကုန်သွယ်ရေးဆွေးနွေးပွဲများအပြီး တရုတ်နိုင်ငံအပေါ် ချစ်ပ်ဒီဇိုင်းဆော့ဖ်ဝဲလ်ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် ချစ်ပ်ဒီဇိုင်းဆော့ဖ်ဝဲလ်များ တရုတ်နိုင်ငံသို့ တင်ပို့မှုအပေါ် ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်ပြီဖြစ်သည်။...
HomeNewsLocal NewsMRF အနေဖြင့် ဧပြီလနှင့်...

MRF အနေဖြင့် ဧပြီလနှင့် မေလတွင် စပါးတင်း သိန်း (၁၅၀) နှင့် ဧည့်မထဆန်အိတ် (၄) သိန်း ဝယ်ယူမည်

နိုင်ငံတကာ ဝယ်လိုအား ကျဆင်းနေခြင်းနှင့် ပြည်တွင်းဝယ်လိုအားများ ကျဆင်းနေခြင်းတို့ကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဧပြီလနှင့် မေလတွင် စပါးတင်း သိန်း (၁၅၀) နှင့် ဧည့်မထဆန်အိတ် (၄) သိန်း ဝယ်ယူနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၂ ရက်တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်မှ သိရသည်။

လက်ရှိအခြေအနေတွင် နိုင်ငံတကာ ဝယ်လိုအား ကျဆင်း နေခြင်း၊ ပြည်တွင်းဝယ်လိုအားများ ကျဆင်းနေခြင်းအတွက် ဆန်စပါးဈေးကွက်အတွင်း ဧည့်မထ နွေစပါး စိုက်ပျိုးသော တောင်သူလယ်သမားများ အနေဖြင့် ဈေးနှုန်းကျဆင်းနေခြင်း နှင့် ရောင်းချရန် ခက်ခဲနေခြင်းတို့ကြောင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေခြင်း အပေါ် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အနေဖြင့် ပို့ကုန်ကုမ္ပဏီများ၊ အသင်းဝင် ဆန်စက်ကြီးများနှင့် ညှိနှိုင်း ပေါင်းစပ်၍ စပါးတင်း သိန်း (၁၅၀) နှင့် ဧည့်မထဆန်အိတ် (၄) သိန်း ဝယ်ယူရေး ကို ၂၀၂၅ ခုနှစ်၊ ဧပြီလနှင့် မေလတွင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ထို့ကြောင့် စပါး/ ဆန် ရောင်းချရန် အခက်အခဲ ရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးဖုန်းနံပါတ် ဝ၁-၂၃၀၁၁၂၈-၂၉ ၊ ၀၁-၂၁၈၂၆၆-၆၈ သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

အလားတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပေါင်းဆန်တန်ချိန် (၃) သိန်း တင်ပို့နိုင်ရေး လျာထားလျက် ပေါင်းဆန်စက် (၃၀) အား အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခြင်း၊ ပေါင်းဆန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည် ဆောင်ရွက်ရန် ကိစ္စရပ်များ အပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ဆက်လက်၍ အသင်းချုပ်နှင့် MoU ရေးထိုးထားသည့် Solar Energy ကုမ္ပဏီ (၁၁)ခုနှင့် Export ဆောင်ရွက်လျက်ရှိသည့် ဆန်စက်ကြီးများတွင် Solar Energy စက်တပ်ဆင်အင်အား (၄၁.၅) မဂ္ဂါဝပ်ကို စတင် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးကြပြီး၊ Solar Energy တပ်ဆင်မည့် စနစ်အမျိုးမျိုးအပေါ် ညှိနှိုင်း ဆွေးနွေးခြင်း၊ Solar ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ရရှိမည့် လျှပ်စစ်ဓါတ်အားကို ဝယ်ယူ သုံးစွဲရေး၊ လယ်ယာသီးနှံများတွင် စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်မည့်ကိစ္စများ စသည်တို့ကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာ၊ မြို့ပေါ်ရပ်ကွက် အချို့ ရေလျှံမှု ဖြစ်ပေါ်

ယနေ့ ဇူလိုင်၄ ရက်နံနက်ပိုင်းအချိန်၌ တာချီလိတ်မြို့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး မြို့ပေါ်ရပ်ကွက် အချို့ ရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။ လက်ရှိတွင် မြို့ပေါ်ရပ်ကွက်များဖြစ်သော တာလော့ ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်း ရပ်ကွက်၊ ဆန်ဆိုင်း (က) နှင့် ဆန်ဆိုင်း (ခ) ရပ်ကွက် တို့ရှိ လမ်းပေါ်နှင့် နေအိမ်များအတွင်း ရေများလျှံတက်နေကြောင်း တွေ့ရှိရသည်။ "လောလောဆယ် လမ်းတွေပေါ်ကို ရေလျှံတက်‌နေပြီ၊ အချို့အိမ်တွေလည်းရေနည်းနည်းဝင်နေပြီပြောသံကြားတယ်။ နောက်ထပ်လည်းတက်လာဖို့ရှိတယ်လို့ သိရတော့ ချောင်းနားကသူတွေ ကြိုတင်ပြင်ဆင်တာမျိုးတွေ ရှိနေတယ် အခြေအနေကိုတော့စောင့်ကြည့်နေတာပေါ့။ ပြောင်းတာရွှေ့တာကလည်း မလွယ်ဘူး‌လေ"ဟုဒေသခံတစ်ဦးက ပြောသည်။ မယ်ဆိုင်ချောင်းရေ...

ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲတွင် ဖုန်းသုံးစွဲခွင့်ပိ-တ်မည်

ယခုနှစ်တွင်ဖြေဆိုမည့် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲတွင် ဖုန်းသုံးစွဲခွင့်ကိုပိ-တ်သွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီက သိရသည်။ လက်ကိုင်ဖုန်းများအပါအဝင် အခြားသောဓာတ်ပုံရို-က်ကူးနိုင်သည့်ဆက်သွယ်ရေးလုပ်ငန်းများပါဝင်သည့် ကိရိယာများကို စာမေးပွဲချိန် ကနေ  စာမေးပွဲပြီးဆုံးသည်အထိ သုံးခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ လက်ကိုင်ဖုန်း အသုံးပြုသည့် စာမေးပွဲဖြေဆိုသူများကို မသမာသူ အဖြစ်သတ်မှတ်သွားမည်ဖြစ်ပြီး တယ်လီဖုန်းယူဆောင်လာခြင်းကြောင့် မသမာသူ (Misconduct) ဖြစ်နိုင်ချေနှုန်း မြင့်မားသည့်အတွက်ကြောင့် ယခုနှစ်က စတင်ပြီး ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ မဖြစ်မနေလက်ကိုင်ဖုန်းကိုအရေးပေါ်သုံးစွဲရန် လိုအပ်လာပါက အခန်းစောင့်ဆရာ၊ ဆရာမထံ အကြောင်းကြားပြီး၊ စာဖြေဌာနခေါင်းဆောင်၏ ခွင့်ပြုချက်ရရှိမှသာ ရုံးခန်းအတွင်းသွားရောက်အသုံးပြုရမည် ဖြစ်သည်။ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲကို၂၀၂၅ ခုနှစ်...

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရာ၌ အမျိုးသမီးထုကြီးတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရာ၌ အမျိုးသမီးထုကြီးတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇူလိုင် ၃ ရက်ကကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအောင်မြင်ဖို့နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ အမျိုးသမီးထုကြီးတစ်ရပ်လုံးက အမျိုးသားအားလုံးနဲ့အတူ တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့လိုအပ်ပါတယ်" ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။ ထို့ပြင် မျက်မှောက်ကာလတွင် မြန်မာအမျိုးသမီးများ သည် ကဏ္ဍအသီးသီး၏ဆုံးဖြတ်ချက်ချမှတ်နိုင်သော အဆင့်များတွင်ပါဝင်ဆောင်ရွက်နေသည်ကို သိသာထင်ရှားစွာတွေ့မြင်နေရပြီဖြစ်ကာ နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး၊ အသိပညာ၊ အတတ်ပ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071