မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ကျင်းပသည့် တန် ဆောင်တိုင်ပွဲတော်မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(MOFA)မှ စိန်နားပန်မီး ပုံးပျံဖြင့် လွှတ်တင်ပူဇော်ယှဉ်ပြိုင်ခဲ့သည်။
MOFA မှလွှတ်တင်ပူဇော်သည့် မီးပုံးပျံတွင် ငြိမ်းချမ်းရေး၊ နူးညံ့သိမ်မွေ့မှုနှင့် မေတ္တာတရား၏ သင်္ကေတအ ဖြစ် ကမ္ဘာတစ်ဝှမ်းကအသိအမှတ်ပြုထားသော ချိုးငှက်ကို မီးပုံးပျံအပေါ်ဘက်တွင်ထည့်သွင်းပုံဖော်ထားကာ မီးပုံးပျံအောက်ဘက်တွင် MOFA ကိုယ်စားပြုသည့် လောကနတ်သားအား ဖော်ကျူးပုံဖော်ချိတ်ဆွဲထားသည်။
အဆိုပါ မီးပုံးပျံလွှတ်တင်ပူဇော်ယှဥ်ပြိုင်မှုအား နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒု-ဝန်ကြီးများ၊ ဝန်ထမ်းအကြီးအမှူးများနှင့်ဝန်ထမ်းများပါဝင်ခဲ့ကာ ရောင်စုံမီးပုံးပျံအသေးအလုံး(၁၀၀)ကိုလည်း လွှတ်တင်ပူဇော်ခဲ့ကြသည်။
