Monday, May 4, 2026

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန်...

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင်...

ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော်...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို တန်ချိန် (၅၀၀၀) ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသ...

ရာသီကုန်ဆုံးသွားချိန်အထိ ဖရဲ-သခွား စျေးကောင်းမရခဲ့

၂၀၂၅ -၂၀၂၆ ခုနှစ်၏ ဖရဲ-သခွား ရာသီပြီးဆုံးသွားသော်လည်း စျေးကောင်းမရဘဲအရှုံးများခဲ့ကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြည်ပတင်ပို့သည့် ဖရဲသီး-သခွားမွှေး စျေးကွက်သည် ယခုနှစ်တွင် စံချိန်တင်အရှုံးပေါ်ခဲ့ပြီး...

မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ မီးပလပ်ခုံအပူလွန်ကဲရာမှမီးလောင်မှုဖြစ် 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ ယနေ့ မေ ၄ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း...
HomeNewsFootballMNL U-20 Youth...

MNL U-20 Youth League 2024 week(4)အပြီး ရှမ်းယူနိုက်တက် ရမှတ်(၁၀)မှတ်ဖြင့် ထိပ်ဆုံးတွင်ရပ်တည်

MNL U-20 Youth League 2024 week(4)အပြီး ရှမ်းယူနိုက်တက် ရမှတ် (၁၀)မှတ်ဖြင့် ကလပ်အသင်းအားလုံး၏ ထိပ်ဆုံးနေရာ၌ ရပ်တည်နေကြောင်း ဇူလိုင်(၂)ရက်တွင် မြန်မာနေရှင်နယ်လိဂ်ကော်မတီက အသိပေးကြေညာထားသည်။

ဒုတိယ နေရာတွင် ဒဂုံစတားယူနိုက်တက်အသင်းက ရမှတ် (၈)မှတ်ဖြင့် ရပ်တည်နေကာ တတိယ နှင့် စတုတ္ထနေရာများတွင် ISPE အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့က ရမှတ် (၇)မှတ်စီဖြင့် ရပ်တည်နေကြသည်။

အလားတူ အဆင့် (၅)၊ (၆)နှင့်(၇) နေရာများတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ Junior Lions အသင်း၊ ရတနာပုံအသင်းတို့က ရမှတ် (၆)မှတ်စီဖြင့် အသီးသီး ရပ်တည်နေကြသည်။

လက်ရှိတွင် အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-5 ပွဲစဉ်များ ယှဉ်ပြိုင်ကစားလျက်ရှိရာ ဒဂုံပေါ့စ်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအ သင်း၊ ရခိုင်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ISPE အသင်း၊ ရတနာပုံအသင်းနှင့် မဟာယူနိုက်တက်အသင်း၊ သစ္စာအားမာန်အသင်းနှင့် Junior Lions အသင်းတို့ အသီးသီးတွေ့ဆုံနေကြသည်။

MNL U-20 Youth League 2024 ပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူး၍ ဇွန်(၁)ရက်မှစတင်၍ Week(1)ပွဲစဉ်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း (၁၃)သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

အဆိုပါ ယူ-၂၀ ပြိုင်ပွဲတွင် ဧရာဝတီယူနိုက်တက်၊ ဒဂုံပေါ့၊ ဒဂုံစတားယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ISPE၊ ဂျူနီယာလိုင်းယွန်း၊ မဟာယူနိုက်တက်၊ မြဝတီ၊ ရခိုင်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ သစ္စာအားမာန်၊ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို့ ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန် အသိပေးနှိုးဆော်

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင် အထူးသတိပြုကာ ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုစနစ်ကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပိုးသတ်ဆေးဖျန်းခြင်းကို ပုံမှန်ပြုလုပ်ရန်၊ အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ မငှားရမ်းသုံးစွဲရန်နှင့် လူနှင့် ယာဉ်အဝင်အထွက်ကို ထိန်းချုပ်ကန့်သတ်ရန် လိုအပ်ကြောင်း သိရသည်။ ထို့ပြင် မွေးမြူရေးခြံအတွင်း အပူချိန်၊ စိုထိုင်းဆနှင့် လေဝင်လေထွက် ကောင်းမွန်စေရေး...

ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော် တိုးမြှင့်တင်ပို့မည်

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို တန်ချိန် (၅၀၀၀) ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသ ည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများသို့ နှစ်စဉ် တင်ပို့လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် (၃)သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ ရော်ဘာတင်ပို့မှုအရ တရုတ်နိုင်ငံသို့ (၇၅) ရာခိုင်နှုန်းခန့် တင်ပို့လျက်ရှိပြီး...

ရာသီကုန်ဆုံးသွားချိန်အထိ ဖရဲ-သခွား စျေးကောင်းမရခဲ့

၂၀၂၅ -၂၀၂၆ ခုနှစ်၏ ဖရဲ-သခွား ရာသီပြီးဆုံးသွားသော်လည်း စျေးကောင်းမရဘဲအရှုံးများခဲ့ကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြည်ပတင်ပို့သည့် ဖရဲသီး-သခွားမွှေး စျေးကွက်သည် ယခုနှစ်တွင် စံချိန်တင်အရှုံးပေါ်ခဲ့ပြီး ယခင်နှစ်များထက် ကုန် ကျစရိတ် အဆပေါင်းများစွာပိုလာကြောင်း သိရသည်။ " ဒီနှစ်ကတော့ပြောရရင် စံချိန်တင်ပဲ။ တော်တော်ကိုရှုံးတယ်။ တရုတ်ကို တင်ပို့တဲ့နေရာမှာလည်း လမ်းခရီးကရှည်တော့ ကုန်ကျစရိတ်ကပိုများတယ်။ စိုက်တဲ့တောင်သူတွေဆိုရင်လည်း သွင်းအားစုစရိတ်တွေကမြင့်နေတာ။ စျေးကောင်းကလုံးဝမရဘူး။ အကုန်အထိနာကုန်တာပေါ့" ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။ ဈေးကွက်စဖွင့်ချိန်၂၀၂၅ခုနှစ် နိုဝင်ဘာလအစတွင် အစီးရေအနည်းငယ်သာ ဈေးကောင်းခဲ့ပြီး ရာသီကုန်ချိန်အထိ အကျဘက်ထိုးဆင်းသွားကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးထုတ်လုပ်ရေးအရင်းအနှီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071