Monday, August 17, 2026

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်...

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar...

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည်...

KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍...

ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မသန်စွမ်းကျောင်းသား/ကျောင်းသူ ၄၇ ဦးအတွက် ၅ နှစ်တာ ပညာသင်ဆုစီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက...

AFC Women’s Champions League...

AFC Women’s Champions League 2026/27 ပြိုင်ပွဲ၏ ခြေစစ်ပွဲအဆင့် (Preliminary Stage) ပွဲစဉ်များကို ယနေ့ ဩဂုတ် ၁၇...
HomeNewsLocal NewsMNL League Cup...

MNL League Cup 2024 အုပ်စုအဆင့် ဒုတိယအကျော့ယှဉ်ပြိုင်မှုတွင် ပွဲတိုင်း ဂိုးပြတ်အနိုင်ရရန် လေ့ကျင့်ပြင်ဆင်နေ ကြောင်း ရှမ်းအသင်း ပြော

MNL League Cup 2024 အုပ်စုအဆင့်ဘဒုတိယ အကျော့ယှဉ်ပြိုင်မှုများကို လာမည် ဧပြီ(၂၅)ရက်တွင် စတင်ကျင်းပပြု လုပ်တော့မည်ဖြစ်ရာ ပွဲတိုင်းတွင် ဂိုးပြတ် အနိုင်ရရေးမူဝါဒဖြင့် လေ့ကျင့်ပြင်ဆင်နေကြောင်း ရှမ်းယူနိုက်အသင်းက ယနေ့တွင် ထုတ်ပြောလာသည်။

လက်ရှိတွင် အုပ်စုအဆင့် (B)၌ ယှဉ်ပြိုင်ကစားနေရသည့် ရှမ်းယူနိုက်တက်အသင်းသည် ရမှတ်(၉)မှတ်ဖြင့် ရပ်တည်နေသကဲ့သို့ ပြိုင်ဘက်အသင်းများဖြစ်ကြသည့် ရခိုင်ယူနိုက်တက်၊ ကချင်ယူနိုက်တက်အသင်းတို့သည်လည်း ရမှတ် (၉) မှတ်စီရပ်တည်နေကြကြောင်း သိရသည်။

“ရှုံးထွက်အဆင့်ကို တစ်အုပ်စုကနေ တစ်သင်းသာ တက်ခွင့်ရမှာဖြစ်လို့ MNL Cup ဒုတိယအကျော့ ပွဲစဉ်တွေဟာအမှား မခံတော့ပါဘူး။ ဒါကြောင့် ပွဲတိုင်းကို ဂိုးပြတ် အနိုင်ဆိုတဲ့ မူဝါဒနဲ့ လေ့ကျင့်ပြင်ဆင်လျက် ရှိကြောင်း ပရိသတ်ကို အသိ ပေးပါတယ်”ဟု ဆိုသည်။

MNL League Cup 2024 အုပ်စုအဆင့် ဒုတိယအကျော့ယှ ဉ်ပြိုင်မှုတွင် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ဧပြီ (၂၆) ရက်တွင် Rainbow FC အသင်းနှင့်လည်းကောင်း၊ မေ (၂ ) ရက်တွင် Glory Goal အသင်းနှင့်လည်းကောင်း၊ မေ (၁၄) ရက်တွင် ကချင်ယူနိုက်တက်အသင်းနှင့်လည်းကောင်း ၊ မေ (၂၀)ရက်တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် လည်းကောင်းအသီးသီးယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ပထမ အကျော့ အုပ်စုအဆင့် ယှဉ်ပြိုင်ကစားပြီးနောက် အ မှတ်ပေးဇယားရပ်တည်မှု ရလဒ်စာရင်းများအရအုပ်စု(A) တွင် ရန်ကုန်ယူနိုက်တက်က ရမှတ် (၁၂) မှတ်ဖြင့် အုပ်စုပထမ၊ အုပ်စု (B) တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်မှာ ရမှတ်(၉)မှတ်တူသော်လည်း ဂိုးကွာခြားချက်ဖြင့် ရှမ်းယူနိုက်တက်က အုပ်စုပထမနေရာတွင် ရပ်တည်လျက်ရှိသည်။

အလားတူ ဒဂုံစတားယူနိုက်တက်အသင်းက ရမှတ် (၁၂) မှ တ်ဖြင့် အုပ်စု (C ) ကို ဦးဆောင်ထားပြီး၊ အုပ်စု (D) တွင် အား/ကာသိပ္ပံအသင်းက ရမှတ် (၁၀)မှတ်ဖြင့် အုပ်စုပထမနေရာကို ရယူထားနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်ဝှေ့အား ကစားသမားများ စခန်းသွင်းလေ့ကျင့်

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar Boxing Federation လက်ဝှေ့အဖွဲ့ချုပ်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲအတွက် အားကစားသမားများ၏ ကိုယ်ကာယကြံ့ခိုင်မှု၊ ထိုးသတ်မှုနည်း ဗျူဟာများနှင့် လက်ဝှေ့နည်းစနစ်ပိုင်းဆိုင်ရာများကို အဓိကထား၍ အပြင်းအထန် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ လေ့ကျင့်ရေးစခန်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ပြိုင်ပွဲတွင် အကောင်းဆုံးရလဒ်များ ရရှိနိုင်ရေးအတွက် စုစည်းလေ့ကျင့်နေကြပြီး လေ့ကျင့်မှုအခြေအနေများကို ဓာတ်ပုံမှတ် တမ်းများဖြင့် ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်ထား၊

ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးပြီး မိုးသက်လေပြင်းကျမည် နေပြည်တော်၊ သြဂုတ်-၁၇ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဩဂုတ် ၁၇ ရက်) မွန်းလွဲ ၁၂ နာရီတွင် သတင်းထုတ်ပြန်သည်။ သို့သော် မုန်တိုင်းငယ်၏ လက်ရှိ ရွေ့လျားမှု လမ်းကြောင်းမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်မည့် အခြေအနေ မရှိသည့်အတွက် သတိပေးချက်ကို အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားသည်။ အဆိုပါ...

KBZ နှင့် ရွှေမင်းသားဖောင်ဒေးရှင်း ပူးပေါင်း၍ မသန်စွမ်းကျောင်းသား/သူ ၄၇ ဦးကို ၅ နှစ်တာ ပညာသင်ဆုပေးမည်

ကမ္ဘောဇဘဏ် (KBZ) နှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ မသန်စွမ်းကျောင်းသား/ကျောင်းသူ ၄၇ ဦးအတွက် ၅ နှစ်တာ ပညာသင်ဆုစီမံကိန်းကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။ အဆိုပါ စီမံကိန်းအတွက် ငါးနှစ်တာ သဘောတူစာချွန်လွှာ (MoU) ကို ဩဂုတ် ၁၃ ရက်တွင် နှစ်ဖက်တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကိုယ်အင်္ဂါ၊ အမြင်၊ အကြားနှင့် ဉာဏ်ရည်မသန်စွမ်းမှု အပါအဝင် မသန်စွမ်းမှုအမျိုးအစား အမျိုးမျိုးရှိသော ကျောင်းသား/ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဖြစ်ကြောင်း ဖောင်ဒေးရှင်းက ဆိုသည်။ ရွေးချယ်ခံရသူများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071