ကိုးကန့်တပ် MNDAAက ၎င်းတို့ ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တွင် လူသတ်မှု၊ ပြန်ပေးဆွဲမှု စသည့် ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သူများကို လူမြင်ကွင်း၌ သေဒဏ်ပေးခဲ့ပြီး အချို့ကို ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
MNDAA က ဒုတပ်ရင်းမှူး၊ ပြည်သူ့စစ်ကြောင်းမှူး အပါ အဝင် တပ်ဖွဲ့ဝင် (၁၇) ဦးကို ယမန်နေ့ ဧပြီ (၂၄) ရက်က လူမြင်ကွင်းရှေ့တွင် သေဒဏ်တရားစီရင်ချမှတ်ခဲ့ပြီး (၃) ဦးကိုမူ ဥပဒေနှင့်အညီ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ကျူးလွန်သူများသည် ပြည်သူများအပေါ် ငွေကြေးအဓမ္မတောင်းခံခြင်း၊ပြန်ပေးဆွဲခြင်းနှင့် လူသတ်မှုများကျူး လွန်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ သေဒဏ်စီရင်ခြင်းဖြစ်ကြော င်းလည်း MNDAAက ထုတ်ပြန်ထားသည်။
အဆိုပါ လုပ်ရပ်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂက အပြင်း အထန်ကန့်ကွက်ရှုံ့ချကြောင်းနှင့် မည်သည့်အခြေအနေတွ င်မဆို ေ-သဒဏ်ချမှတ်ခြင်းကို ပြင်းပြင်းထန်ထန် ပြတ် ပြတ်သားသား ဆန့်ကျင်ကြောင်း ဥရောပသမဂ္ဂသံရုံးက ထု တ်ပြန်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ေ-သဒဏ်သည် ယုတ်ညံ့သောပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်းထိ ငြင်းပယ်မှုကို ကိုယ်စားပြုကြောင်းလည်း ဆိုသည်။
ဓာတ်ပုံ-The Kokang

