Friday, July 4, 2025

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် မွေးဖွား​သောအောက်ချင်းငှက်​လေးအသိုက်မှထွက်ပြီ

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ထိန်းသိမ်းစောင့်ရှောက်ရမည့်ငှက်မျိုးစိတ်ဖြစ်သည့် အောက်ချင်းငှက် အကောင်ပေါက်လေးကို အောင်မြင်စွာ မွေးဖွားခဲ့နိုင်သည်။ ထိုအောက်ချင်းငှက် အကောင်ပေါက်လေးသည် ဇွန်လ ၁၇ရက်နေ့၌ မိခင်အောက်ချင်းငှက်မနှင့်အတူ အသိုက်အတွင်းမှ ထွက်လာကြပြီး ပြင်ပလောကနှင့်...

အသက်မပြည့်သည့် အမျိုးသမီးငယ်ကို တရုတ်ဇနီးမယားအဖြစ်ရောင်းချသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

တနှစ်အတွင်းလူကုန်ကူးမှု ၆၇ မှုရှိခဲ့ရာတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရခြင်းဖြစ် ပဲခူးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို တရုတ်အမျိုးသားတစ်ဦးနှင့် ပေါင်းသင်းရန်...

စစ်တောင်းမြစ်ရေနှင့်ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေ

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည်စိုးရိမ်ရေမှတ်အောက်၏ ပေဝက်ခန့်တွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်...

မှတ်ပုံတင်စမတ်ကတ် ထုတ်ပေးမှု ခေတ္တရပ်ဆိုင်းထား

မှတ်ပုံတင် စမတ်ကတ် (e-ID/UID) စစ်ဆေး၊ ထုတ်ပေးသည့် လုပ်ငန်းကို ယနေ့ (ဇူလိုင် ၄ ရက်)ကစပြီး ယာယီရပ်နားထားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဌာနက...
HomeNewsLocal NewsMMAID က ငလျင်ဒဏ်သင့်ပြည်သူများ၏...

MMAID က ငလျင်ဒဏ်သင့်ပြည်သူများ၏ ကိုယ်ပိုင်မြေနေရာများတွင် တန်ဖိုးသင့် လုံးချင်းအိမ်များ ပြန်လည်ဆောက်လုပ်ပေးနေ

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ပံ့ပိုးကူညီရေးကော်မတီ Myanmar Muslim Aid(MMAID)ကငလျင်ဒဏ်သင့်ပြည်သူများ၏ ကိုယ်ပိုင်မြေနေရာများတွင် တန်ဖိုးသင့် လုံးချင်းအိမ်များ ပြန်လည်ဆောက်လုပ်ပေးနေကြောင်း သိရသည်။

ထို့သို့ ဆောက်လုပ်ပေးရာ၌ လုံးချင်းအိမ် ပြန်လည်တည်ဆောက်ခြင်း၊ အကြီးစားပြုပြင်ခြင်းနှင့် အ‌သေးစားပြုပြင်ခြင်း အပိုင်း(၃)ပိုင်းခွဲ၍ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လုံးချင်းအိမ် အလတ်ဆိုဒ် (256 Sqft) တစ်လုံးလျှင် ခန့်မှန်း ငွေကျပ်သိန်း (၅၀)၊ လုံးချင်းအိမ် အသေးဆိုဒ် (192 Sqft) တစ်လုံးလျှင် ခန့်မှန်း ငွေကျပ်သိန်း (၃၀)၊ လုံးချင်း‌အိမ်တစ်လုံး အကြီးစား ပြုပြင်ရန်အတွက် ခန့်မှန်း ငွေကျပ် သိန်း (၂ဝ)၊ လုံးချင်း‌အိမ်တစ်လုံး အ‌သေးစားပြုပြင်ရန်အတွက် ခန့် မှန်း ငွေကျပ် သိန်း(၁၀) ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသ ည်။

အဆိုပါ တွက်ချက်မှုသည့် အလှူငွေ ထည့်၀င်ရာတွင် ကုန်ကျစရိတ် သိရှိနိုင်ရန် ခန့်မှန်းတွက်ချက်ခြင်းဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ်ထက် ပိုကုန်ကျခဲ့လျှင် MMAID ၏ အလှူငွေ စာရင်းမှ ထိုက်သင့်သလို စိုက်ထုတ်သုံးစွဲသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးပံ့ပိုးကူညီရေးကော်မတီ Myanmar Musli Aid(MMAID) အနေဖြင့် ငလျင်ဘေးသင့်ပြည်သူများအား အမိုးအကာများအောက် အမြန်ဆုံးရောက်ရှိရေးအတွက် နည်းလမ်း (၃)လမ်းဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

MMAIDအနေဖြင့် ငလျင်ဘေးသင့်သူများ၏ မြေကွက်ပေါ် ၌ ပြို/ပျက်သွားသည့် အဆောက်အဦးများကို ပြန်လည်ပြုပြင်ပေးခြင်း၊ လချုပ်ဖြင့် အိမ်ခန်းများ ငှားရမ်းပေးခြင်းနှင့် ယာယီ အိမ်ယာစခန်းများတွင် နေထိုင်ရန်စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း MMAID က မန္တ‌လေးမြို့ငလျင်ဒဏ်သင့်ပြည်သူများအတွက် ယာယီနေထိုင်ရေးစခန်း (၄)ခုကိုလည်း ဆောက်လုပ်ပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) တွင် မွေးဖွား​သောအောက်ချင်းငှက်​လေးအသိုက်မှထွက်ပြီ

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ထိန်းသိမ်းစောင့်ရှောက်ရမည့်ငှက်မျိုးစိတ်ဖြစ်သည့် အောက်ချင်းငှက် အကောင်ပေါက်လေးကို အောင်မြင်စွာ မွေးဖွားခဲ့နိုင်သည်။ ထိုအောက်ချင်းငှက် အကောင်ပေါက်လေးသည် ဇွန်လ ၁၇ရက်နေ့၌ မိခင်အောက်ချင်းငှက်မနှင့်အတူ အသိုက်အတွင်းမှ ထွက်လာကြပြီး ပြင်ပလောကနှင့် စတင်ထိတွေ့ခဲ့သည်ဟု တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကဆိုသည်။ အောက်ချင်းငှက်ပေါက်စလေးအား မွေးဖွားရန် အောက်ချင်းငှက်မ မှ အသိုက်အတွင်း စတင်ဝင်အောင်းသောနေ့မှာ မတ်လ ၉ ရက်နေ့ဖြစ်ပြီး ပေါက်စလေး၏ စတင်မွေးဖွားခြင်း အမှတ်အသားဖြစ်သော သာယာနာပျော်ဖွယ် ငှက်သံငယ်လေးကို ဧပြီလ ဆယ်ရက်နေ့ တွင် ပထမဦးစွာ ကြားခဲ့ရသည်ဟုလည်း သိရသည်။ အောက်ချင်းငှက်များသည် ကာကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်သင့်သော ငှက်မျိုးစိတ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး...

အသက်မပြည့်သည့် အမျိုးသမီးငယ်ကို တရုတ်ဇနီးမယားအဖြစ်ရောင်းချသူများကို နှစ်ရှည်ထောင်ဒဏ်ချမှတ်

တနှစ်အတွင်းလူကုန်ကူးမှု ၆၇ မှုရှိခဲ့ရာတွင် ၄၈ မှုသည် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရခြင်းဖြစ် ပဲခူးမြို့တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ကို တရုတ်အမျိုးသားတစ်ဦးနှင့် ပေါင်းသင်းရန် ရောင်းချခဲ့သည့် အမျိုးသမီးကို ထောင်ဒဏ် (နှစ် ၂၀) ချမှတ်လိုက်သည်။ ပဲခူးခရိုင်တရားရုံးက လူကုန်ကူးပုဒ်မဖြင့် (ဇွန်၃၀)ရက်က ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်တွင် ပဲခူးမြို့ ဥဿာမြို့သစ်၌နေသည့် ထိုပြစ်ဒဏ်ကျခံရသည့် အမျိုးသမီးသည် ပဲခူးမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ စားပွဲထိုးလုပ်ကိုင်နေသည့် အသက်မပြည့်သေးသော အမျိုးသမီးငယ်ကို ရန်ကုန်၌ တရုတ်အမျိုးသားတစ်ဦးနှင့် ရက်တိုပေါင်းသင်းနေထိုင်ရန် ငွေကျပ်သိန်း ၅၀ ရရှိနိုင်မည်ဟု စည်းရုံးခဲ့ခြင်း...

စစ်တောင်းမြစ်ရေနှင့်ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေ

ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေနှင့် ပဲခူးမြစ်ရေသည်စိုးရိမ်ရေမှတ်အောက်၏ ပေဝက်ခန့်တွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော်တွင် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း အသိပေးထားသည်။ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေကာ နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း၊ ထို့ကြောင့် မဒေါက်မြို့နှင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ရန်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071