Miss Universe Myanmar Organization အနေနဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ယှဉ်ပြိုင်မယ့် Miss Universe Myanmar အလှမယ်ကို ပြင်ဆင် ချိန်ပိုရအောင် တစ်နှစ်ကြိုတင် ရွေး ချယ်ခဲ့ပေမယ့် Miss Universe Organization ရဲ့ စည်းကမ်းချက်အရ တစ်နှစ်ကြိုတင် ရွေးချယ်ထား လို့ မရတော့ကြောင်း National Director ဒေါ်စိုးယုဝေက ပြောပါတယ်။ Miss Universe Myanmar ၂ဝ၁၈ အဖြစ် အလှမယ် နှင်းသွေးယုအောင်ကို ရွေးချယ်ခဲ့ပြီး ဖြစ်တာကြောင့်Miss Universe Myanmar ၂ဝ၁၉ ပြိုင်ပွဲကြီးကို ၂ဝ၁၈ ခုနှစ်ထဲမှာ ပြုလုပ်သွားမှာ မဟုတ်တော့ဘဲ ၂ဝ၁၉ ခုနှစ်မှသာ ပြုလုပ် သွားတော့မှာ ဖြစ်ကြောင်း ပြောပါတယ်။ “ကျွန်မတို့ Miss Universe Myanmar ကိုတစ်နှစ် ကြိုရွေးတယ်။ Miss Universe Organization ရဲ့ စည်းကမ်းချက်အရ ဒီနှစ်မှာ ကြိုမရွေးခိုင်းတော့ဘူး။ တီဗွီချန်နယ်တွေရော စပွန်ဆာတွေရော ပြော ထားပြီးသား ဖြစ်တဲ့အတွက် ဒီနှစ်ကိုတော့ လုပ်ခွင့်ပြုပါဆိုပြီး request လုပ်ပြီး ရွေးထားတာ ဆိုတော့ နောက် နှစ်ကိုတော့ အခြာ နိုင်ငံတွေနည်းတူ ၂ဝ၁၉ ဆို ၂ဝ၁၉ မှ ရွေးလို့ရမှာပေါ့။ ဒီနှစ်ကတည်းက ကြိုမရွေး ခိုင်းတာပါ။ ဒါပေမဲ့ကိုယ်က special request လုပ်ထားတာပါ” လို့ အြေငသညေူ National Director ဖြစ်သူ ဒေါ်စိုးယုဝေက ပြောပါတယ်။
အရင်လို တစ်နှစ်ကြိုတင် မရွေး ချယ်ထားနိုင်တော့တဲ့ အတွက် ဘယ်လို အားနည်းချက်တွေ ရှိလာမလဲ ဆိုတာကိုတော့ ဒေါ်စိုးယုဝေ က…”သူများ နိုင်ငံတွေမှာ ၂ဝ၁၉ ဆိုလည်း ၂ဝ၁၉ ကျမှ စလုပ်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့က အရင်တုန်းက ပြိုင်ပွဲဝင်ကို ပြင်ဆင်ချိန် ပိုရချင်လို့ နည်းနည်းလေး ပိုရွေးတယ်။ လပိုင်း ပဲကွာတာပါ။ ကိုယ့် မြန်မာနိုင်ငံက ကျတော့ အရမ်းပူတဲ့ အချိန် ဧပြီတို့ မတ်တို့ကိုရှောင်ရတာရှိတယ်။ မိုးတ အားရွာရင်လည်း Activities ထွက်ရတာ အခက်အခဲ ရှိတယ်။ အဲဒီလိုမျိုးကြောင့် ကြိုရွေးတာပါ။ နည်းနည်း တော့ အခက်အခဲဖြစ်သွားနိုင်တာပေါ့”လို့ ပြောပါတယ်။
Miss Universe Myanmar Organization အနေနဲ့ ၂ဝ၁၆ ခုနှစ် မှာ အလှမယ် ထက်ထက်ထွန်း၊ ၂ဝ၁၇ခုနှစ်မှာ အလှမယ် ဇွန်သံစဉ်၊ ၂ဝ၁၈ခုနှစ်မှာ အလှမယ် နှင်းသွေးယုအောင်တို့ကို တစ်နှစ်ကြိုတင် ရွေး ချယ်ခဲ့ပြီး Miss Universe ပြိုင်ပွဲကို စေလွှတ်ယှဉ်ပြိုင်စေတာ ဖြစ်ပါတယ်။
ခိုင်ဝေလွင်
