Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeCelebrities' NewsMiss Myanmar International...

Miss Myanmar International 2015 အလှမယ် အမရာငြိမ်းရဲ့ အချစ်ရေး

Miss Myanmar International 2015 အလှမယ် အမရာငြိမ်းက ချစ်သူရှိနေပြီး ချစ်သူ သက်တမ်းကလည်း ၂ နှစ် ကျော်လောက်ရှိနေပြီ လို့ သိရပါတယ်။သူမက အရာရာကို သူလိုချင် တာ သူဖြစ်ချင်တာကိုပဲ ဦးစားပေးတဲ့ တအား အတ္တကြီးတဲ့သူ တစ်ယောက်ဖြစ်တယ်လို့ အမရာ ငြိမ်းက ပြောပြပါတယ်။ အတ္တကြီးတဲ့ သူမလို မိန်းကလေးမျိုးကို ချစ်သူအဖြစ် ချစ်တဲ့သူက အင်မတန် သည်းခံနိုင်စွမ်းရှိပြီး စိတ်ထား ပြည့်ဝ တဲ့သူတစ်ယောက်ဖြစ်ကြောင်း၊ တခြား မိန်း ကလေးကိစ္စနဲ့ ပတ်သက်ပြီးလည်း သူမ အနေနဲ့ စိုးရိမ်စရာမရှိတဲ့ ချစ်သူမျိုးကို ရရှိထားတာ ဖြစ်ကြောင်းကို အလှမယ်အမရာငြိမ်းက အခုလို ပြောပြပါတယ်။

Miss Myanmar International 2015 အလှမယ် အမရာငြိမ်းက ချစ်သူရှိနေပြီး ချစ်သူ သက်တမ်းကလည်း ၂ နှစ် ကျော်လောက်ရှိနေပြီ လို့ သိရပါတယ်။သူမက အရာရာကို သူလိုချင် တာ သူဖြစ်ချင်တာကိုပဲ ဦးစားပေးတဲ့ တအား အတ္တကြီးတဲ့သူ တစ်ယောက်ဖြစ်တယ်လို့ အမရာ ငြိမ်းက ပြောပြပါတယ်။ အတ္တကြီးတဲ့ သူမလို မိန်းကလေးမျိုးကို ချစ်သူအဖြစ် ချစ်တဲ့သူက အင်မတန် သည်းခံနိုင်စွမ်းရှိပြီး စိတ်ထား ပြည့်ဝ တဲ့သူတစ်ယောက်ဖြစ်ကြောင်း၊ တခြား မိန်း ကလေးကိစ္စနဲ့ ပတ်သက်ပြီးလည်း သူမ အနေနဲ့ စိုးရိမ်စရာမရှိတဲ့ ချစ်သူမျိုးကို ရရှိထားတာ ဖြစ်ကြောင်းကို အလှမယ်အမရာငြိမ်းက အခုလို ပြောပြပါတယ်။

“အမရာက အရာရာအားလုံး ကိုယ့်စိတ် တိုင်းကျပဲ ဖြစ်စေချင်တဲ့ အချစ်မျိုး။ အမြဲ တမ်းကိုယ်ပုံစံသွင်းတဲ့အတိုင်း ဖြစ်စေချင်တယ်။ ကိုယ့်အတ္တတွေပဲ များနေတယ်။ ကိုယ်ဖြစ်ချင်တာပဲ လုပ်ပေးရမယ်။  အဲဒီလို အတ္တများတဲ့အခါကျ တော့ အမရာ့အချစ်က သူ့အပေါ်မှာလည်း အတ္တ ကြီးတယ်။ အမရာရဲ့ ချစ်သူ ဖြစ်တယ်ဆိုတာက သေချာတာတစ်ခုကတော့ တော်တော်ကြီး သည်းခံနိုင်မှရမယ်။ ဇီဇာကြောင်တယ်။ ကဂျီ ကဂျောင်လည်းများတယ်။ နောက်ပြီးတော့ သူ များကို သိပ်ပြီးနားလည်မှုမပေးတက်ဘူး။ နောက် ပြီးတော့ ကိုယ်ဖြစ်ချင်တာပဲ သိတယ်။ အတ္တ ကြီးတယ်။ အဲဒီလို လူတစ်ယောက်ကို သည်းခံ ပေးရတယ်ဆိုတာ တော်တော်ကို မလွယ်တဲ့ကိစ္စ ပါ။ အဲဒါကြောင့် အမရာ့ရဲ့ ချစ်သူဖြစ်တဲ့လူက အင်မတန်ကို သည်းခံနိုင်စွမ်းပြည့်တဲ့ လူတစ် ယောက်ဆိုတာက တစ်ချက်ပေါ့နော်။ နောက် တစ်ခုက သူသစ္စာရှိဖို့၊ မရှိဖို့နဲ့ပတ်သက်ပြီး အမရာသိပ်ပြီး စိုးရိမ်စရာမရှိဘူး။ မိန်းကလေး ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်ရတယ်ဆိုတာ သိပ် မရှိဘူး။ အဲဒါကတော့ သူ့ရဲ့ အားသာချက်ပေါ့။ ဘယ်နေရာသွားသွား ဘယ်သွားသွား သူ့ကို စိုးရိမ်ပြီး ကျန်နေခဲ့ရတယ်ဆိုတာ မရှိဘူး။ အဲဒါ ကတော့ သူ့ရဲ့ကောင်းတဲ့ အချက်ပေါ့နော်။ ဆိုး တဲ့အချက်တွေလည်း အများကြီးတော့ ရှိပါတယ်။ သူဆိုးတာလည်းရှိမယ်။ ကိုယ်ဆိုးတာလည်း ရှိမယ်ဆိုတော့ အဆင်မပြေတာတွေလည်း ရှိ ပါတယ်။

အဆင်မပြေတဲ့ အတောအတွင်းမှာ လည်း ခဏခဏ Break Up ကစ ဖြစ်သွားတာမျိုး တွေလည်း ရှိပါတယ်” လို့ ပြောပြပါတယ်။ သူတို့ ချစ်သူနှစ်ဦး ရှေ့ဆက်အနာဂတ် အစီအစဉ် ကိုလည်း အမရာငြိမ်းက “အမရာမှ မဟုတ်ပါဘူး မိန်းကလေးတိုင်း ထင်ပါတယ်။ ချစ်သူတစ်ယောက်ထားရင် သေထိ တိုင်အောင် လက်တွဲသွားမယ်။ လက်ထပ်ပြီး နှစ် တွေအကြာကြီး လက်တွဲသွားမယ်လို့ မိန်းကလေး တိုင်း စိတ်ကူးကြမယ်လို့ ထင်တယ်။ စိတ်ကူး တိုင်းဖြစ်တဲ့ လူဆိုတာတော့ အင်မတန်ရှားပါ တယ်။ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာတောင် ကြို ပြောလို့ မရသေးတဲ့ အချိန်မှာ အမရာတို့ မနက် ဖြန် ဘာဖြစ်မယ်ဆိုတာ မသိနိုင်သေးတော့ ဘာမှ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ မိန်းကလေးတိုင်း ကတော့ အဆုံးထိတော့ မျှော်လင့်ကြ တာပါပဲ။ အခုအချိန် အမရာ ချစ် သူရှိပေမဲ့လည်း အိမ်ထောင်ပြု ဖို့ ဆိုတာတော့ အဝေးကြီး လိုပါသေးတယ်။ ဘာလို့ လည်းဆိုတော့ အမရာ က ငယ်သေးတယ်။ အနုပညာအလုပ် မှလည်း မဟုတ် ဘူး၊ တခြားလုပ် စရာတွေလည်း ရှိနေသေးတော့ အိမ် ထောင်ပြုဖို့တော့ လိုပါ သေးတယ်” လို့ ပြောပြခဲ့ ပါတယ်။

ဇင်မာနွယ် 

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071