Monday, December 8, 2025

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...
HomeCelebrities' NewsMild Scoliosis ဆိုတဲ့...

Mild Scoliosis ဆိုတဲ့ ရောဂါဝေဒနာ ခံစားနေရသူ သရုပ်ဆောင် ဆုမြတ်နိုးဦး

သရုပ်ဆောင် ဆုမြတ်နိုးဦး တစ်ယောက် Mild Scoliosis ဆိုတဲ့ ရောဂါဝေဒနာတစ်ခုကိုခံစား နေရတယ် လို့ သိရပါတယ်။ ဒီရောဂါအခြေအနေနဲ့ပတ်သက်ပြီး ဆုမြတ်နိုးဦးက”ကျောအောင့်နေတာတော့ ကြာပြီ။ ကိုယ်က အဲဒီလိုဖြစ်မှန်းမသိဘူးလေ။ ဇာတ်ကြောတက်တယ် ကျီးပေါင်းတို့ အဲဒီလိုမျိုးပဲထင်တာလေ။ပြီးတော့ သူကနာလိုက် ပျောက်လိုက်ဆိုတော့လေ။တစ်ခါတလေ တအားပင်ပန်းရင် ကိုယ်ခံအားကျလာရင်တော့အဲဒီနေရာက တအားနာလာ အောင့်လာတယ်။ နောက်ပိုင်းကျတအားနာလာတာနဲ့ ဆေးခန်းတော့ သွားပြကြည့်လိုက်ဦးမယ်ဆိုပြီး ဆေးခန်းသွားပြဖြစ် တော့ အဲဒီမှာကအီးစီဂျီရိုက်တယ် သွေးစစ်တယ်။ရင်ဘတ်ကို ရိုက်တဲ့အခါမှာ ဓာတ်မှန်မှာပေါ် နေတာကကျောရိုး ကကောက်နေတယ်။ ဒီလိုရောဂါမျိုးက မိန်းကလေးအများစုမှာတွေ့ရတယ်လို့ပြောတယ်။ တချို့မွေးရာပါလို့ပြောတယ်။ ဒါပေမဲ့ ဘယ်လိုကြောင့် အဲဒီလိုဖြစ်လဲဆိုတာဘယ်သူမှအဖြေမထုတ်နိုင် သေးဘူးတဲ့။ မြတ်နိုး အခြေအနေက တအားကြီး တော့ မဆိုးဘူးပေါ့နော်။ အဓိကကတော့ လေ့ကျင့်ခန်းလုပ်ရမယ်။ ဒီရောဂါအတွက် အကောင်း ဆုံးလေ့ကျင့်ခန်းက ရေကူးတာပါတဲ့။ ကျောရိုးကကောက်နေတော့ အကြောတွေက ညပ်နေတယ်။ မြတ်နိုးရဲ့ အကြောသုံးနေရာ ညပ်နေတယ်။တကယ်ပင်ပန်းလို့ ကျောတွေအောင့်လာရင်နာတယ်ပေါ့နော်။အဲဒီတော့ ရေကူးတာကြာလာ လို့ရှိရင် တော့ ကြွက်သားတွေ သန်မာလာတဲ့အခါမှာ ကျောအောင့် တာက သက်သာလာ မယ်ပေါ့နော်။ ဒါကလုံးဝပျောက်သွားမှာ တော့မ ဟုတ်ဘူး။ သက်သာလာ အောင်ပဲ လုပ်နိုင်တာပေါ့ နော်။အဓိကကတော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် သက်သာလာမယ်ပေါ့” လို့ ပြောပြပါတယ်။

တချို့ ဒီလို ရောဂါ ခံစားနေရတဲ့သူတွေဆို ခွဲစိတ်မှုတွေပါပြုလုပ်ရတယ်လို့သိ ရပြီး သူ့အနေ နဲ့ကတော့ ခွဲစိတ်မှုမပြုလုပ်ရပဲ ဆေးသောက် လေ့ကျင့်ခန်းလုပ်ရင်းနဲ့ ကုသနေ ကြောင်းကို ဆုမြတ်နိုးဦးက”တချို့ငယ်ငယ်လေးနဲ့တိုးတက်နှုန်း မှန်တဲ့အရွယ်တွေဆို ခွဲစိတ်ရတာ ရှိတယ်တဲ့ ။ညီမကတော့ခွဲစရာ မလိုသေးဘူးပေါ့ နော်။ ၄ဝ ဒီဂရီကျော်တို့ ၄၅ ဒီဂရီကျော်တို့ကျမှခွဲရတာ ရှိတယ်။ အသက် ၁၄နှစ် ၁၅နှစ်လောက် ထိပဲခွဲပေးတာ၊ အသက် ၂ဝကျော် နောက်ပိုင်းကိုတော့ခွဲစိတ်တာမျိုးမလုပ်ဘဲနဲ့လေ့ကျင့်ခန်း လုပ်ပေးတယ်တဲ့။ မြတ်နိုးကိုတော့အခု အကိုက်အခဲပျောက်ဆေးပေးတယ်။အစကတော့ ၅ရက်တစ်ပတ် သောက်ခိုင်းတယ်။တအား နာလာရင်တော့ သောက်ပေါ့နော်။တခြားဆောင်ရန်ရှောင်ရန်တော့ အများကြီးမရှိပါဘူး။အထိုင်အထတွေသတိထား၊ အလေးအပင်မတာတွေ သတိထားပေါ့နော်။ ကျောရိုးကောက်နေတာက နေ အကြော လွဲသွားတာမျိုးတွေ ဖြစ်မှာ စိုးလို့ပေါ့နော်။ အနေအထိုင် သတိထားလေ့ကျင့်ခန်းတွေလုပ် ၊ အဲဒီ လောက်ပါပဲ။အခုကျတော့ ညီမရေကူးရမယ်ပေါ့နော်။ညီမက ရေတော့ငုပ်တတ်တယ်။ ရေမကူး တတ်ဘူးဖြစ်နေတာ။သင်ရဦးမယ်။ အခုတော့ အလုပ်လေးလည်းများနေ တော့ ရေကူးတဲ့နားမရောက် သေးဘူး။ဆေးသောက်ပြီးတော့ပဲ ထိန်းနေရတယ်” လို့ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071