MFF Internal Academy Football Tournament 2022 ပြိုင်ပွဲတွင် ပုသိမ်အကယ်ဒမီမှ ဗိုလ်စွဲသွားကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို (U-12 & U-13)၊ (U-14 & U-15) ပြိုင်ပွဲ နှစ်ခုခွဲကာ မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) လေ့ကျင့်ရေးကွင်းများတွင် ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်ထိ တစ်ရက်လျှင် လေးပွဲနှုန်းဖြင့် ကျင်းပခဲ့သည်။
U-14 & U-15 ပြိုင်ပွဲတွင် အသင်းပေါင်း ခြောက်သင်းပါဝင်ပြီး ရန်ကုန် အကယ်ဒမီ (က)နှင့် (ခ)၊ ပုသိမ်အကယ်ဒမီ (က)နှင့် (ခ)၊ မန္တလေး အကယ်ဒမီ (က)နှင့် (ခ) အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကာ ပုသိမ်အကယ်ဒမီ(က) အသင်းက ငါးပွဲကစား၊ ငါးပွဲနိုင်၊ ရမှတ် ၁၅ မှတ်ဖြင့် ဗိုလ်စွဲခဲ့သည်။
U-12 & U-13 ပြိုင်ပွဲတွင် အသင်းပေါင်း ငါးသင်းပါဝင်ပြီး ရန်ကုန်အကယ်ဒမီ၊ မန္တလေး အကယ်ဒမီ၊ ပုသိမ် အကယ်ဒမီ၊ တပ်မတော်အကယ်ဒမီ (က)နှင့် (ခ) အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကာ ပုသိမ်အကယ်ဒမီ အသင်းက လေးပွဲကစား၊ လေးပွဲနိုင်၊ ရမှတ် ၁၂ မှတ်ဖြင့် ဗိုလ်စွဲခဲ့သည်။
ပြိုင်ပွဲနှစ်ခုလုံးတွင် ပုသိမ်အကယ်ဒမီ အသင်းက ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။