MFF Futsal Amateur Cup 2023 ပြိုင်ပွဲအား အသင်းပေါင်း (၃၂) သင်းဖြင့် လာမည့် ဇွန်လ (၁၇) ရက်မှစတင်ကာ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် ကစား သမား ကန့်သတ်ချက်များနှင့် ပတ်သက်၍ အသိပေးထု တ်ပြန်ထား သည်။
ကစားသမားကန့်သတ်ချက်တွင် ဖူဆယ်/ဘောလုံးတို့၌ မြန်မာ့လက်ရွေးစင်ဖြစ်ခဲ့ဖူးသူ၊ ၂၀၁၉ ခုနှစ် နောက်ပိုင်း သက်တမ်းအလိုက်လက်ရွေးစင် ဖြစ်ခဲ့ဖူးသူများ(ဖူဆယ်/ဘောလုံး)၊ ၂၀၁၉ ခုနှစ် နောက်ပိုင်း ဖူဆယ်လိဂ်(၁) နှင့် (၂) တို့တွင် မှတ်ပုံ တင်ထားသော ကစားသမားများ၊နည်းပြများ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ၂၀၁၉ ခုနှစ် နောက်ပိုင်း မြန်မာနေရှင်နယ်လိဂ်(၁)နှင့်(၂)တို့တွင် မှတ်ပုံတင်ထားသော ကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်မှုအဖွဲ့ဝင်များအား ကစားသမားများအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်မပြုကြောင်း သိရသည်။
ယင်းကဲ့သို့ ကစားသမား ကန့်သတ်ရခြင်းမှာ ဖူဆယ်က စားသမားသစ်များ ထွက်ပေါ်လာရန်အတွက် ကန့်သတ် ချက်ရခြင်းဖြစ်ပြီး ပြိုင်ပွဲကျင်းပရာတွင် အုပ်စုအဆင့်၌ လေးသင်း (၈) အုပ်စု စနစ်ဖြစ်ပြီး (၁၆) သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဖိုင်နယ် အဆင့်ဆင့်ဖြင့် ကျင်းပသွားမည်ဖြစ် ကြောင်းလည်း သိရသည်။
ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာများအား လာမည့် ဇွန်လ (၁) ရ က်မှ စတင်၍ သုဝဏ္ဏကွင်းအတွင်းရှိ မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဌာနတွင် ထုတ်ပေးသွားမည်ဖြစ်ကာ ဝင်ရောက်ယှဉ်ပြိုင်လိုသည့်အသင်းများအနေဖြင့် ဇွန် (၅) ရက်မှ (၉) ရက်အတွင်း စာရင်းပေးသွင်းရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ကြေးမှာ တစ်သင်းလျှင် ငွေကျပ် (၁၅၀၀၀၀) နှင့် အာမခံကြေးငွေကျပ် (၁၀၀၀၀၀) ပေးသွင်းရမည်ဖြစ်ကာ တစ်သင်းလျှင် ကစားသမား အနည်းဆုံး (၁၄) ဦးမှ (၁၆) ဦးအထိ၊ အုပ်ချုပ်နည်းပြအဖွဲ့ (၃) ဦးမှ (၅) ဦးအထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။