မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)တို့ ပူးပေါင်းကာ ရွက်ပုန်းသီး မျိုးဆက်သစ်ကစားသမားများ ဖော်ထုတ်နိုင်ရေးအတွက် ဒေသအလိုက် လေ့ကျင့်ရေးစင်တာများ ဖွင့်လှစ်နေကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ (၂၂) ရက်မှစတင်ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုနှစ်အတွက် လေ့ကျင့်ရေးစင်တာများကို မော်လမြိုင်၊ နေပြည်တော်၊ ကချင် (မြစ်ကြီးနား)၊ မန္တလေး၊ တောင်ကြီးနှင့် ဧရာဝတီ (ပုသိမ်) တို့မှာ စတင်ဖွင့်လှစ်မည်လည်း ဖြစ်သည်။
ထိုစင်တာများတွင် အသက် (၁၄) နှစ်အောက် အမျိုးသား၊ အမျိုးသမီးကစားသမားများကို အဓိက လေ့ကျင့်သင် ကြားပေးသွားမည်ဖြစ်ကာ အမျိုးသား ကစားသမားများကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေပိုင်းများ၊ အ မျိုးသမီး ကစားသမားများကို အင်္ဂါ၊ ကြာသပတေး၊ စနေ ညနေဘက်များတွင် စနစ်တကျ လေ့ကျင့်ပေးသွားမည်ဟု သိရသည်။
ဓာတ်ပုံ- MFF
