Black Panther 2 (Wakanda Forever) ရုပ်ရှင်ကားတွင် ဘုရင်မ ရာမွန်ဒါ နေရာမှ သရုပ်ဆောင်ခဲ့သော အန်ဂျလာ ဘတ်ဆက် သည် အဆိုပါ ဇာတ်ရုပ်ဖြင့် ဇန်နဝါရီလ ၂၄ ရက် အင်္ဂါနေ့တွင် အော်စကာဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ကြောင်း သိရသည်။j
ထို့ပြင် ဘတ်ဆက် သည် Marvel စတူဒီယိုက ရိုက်ကူးသော ဇာတ်ကားဖြင့် အော်စကာ ဆန်ကာတင် စာရင်းဝင်ခဲ့သည့် ပထမဆုံးသော သရုပ်ဆောင်အနေဖြစ်ပါ မှတ်တမ်း ရေးထိုးနိုင်ခဲ့ပေသည်။
ထိုသို့ အကောင်းဆုံး ဇာတ်ပို့ဆု ကဏ္ဍတွင် ဆန်ကာတင် စာရင်းသွင်းခံရပြီးနောက် ဘတ်ဆက် သည် သူ သရုပ်ဆောင်ထားသော အဆိုပါ ဘုရင်မ ရာမွန်ဒါ ဇာတ်ရုပ်အား ချီးကျူးဂုဏ်ပြုခဲ့သည်။
“”Wakanda Forever မှာ ပါဝင်တဲ့ ဘုရင်မ ရာမွန်ဒါဟာ သားဖြစ်သူ ဘုရင် တက်ချလာ ဆုံးပါးသွားတဲ့အတွက် ဝမ်းနည်းပူဆွေးနေတဲ့ မိသားစုကို ဂရုစိုက်သလိုမျိုး ဝမ်းနည်းပူဆွေးနေတဲ့ တိုင်းပြည်ကိုပါ ဂရုစိုက်ရတဲ့ မိခင်တစ်ဦးရော ခေါင်းဆောင်တစ်ဦးပါဖြစ်တဲ့အတွက် ရင်ထဲ အလွန်ထိမိစေတဲ့ ဇာတ်ကောင်မျိုးဖြစ်ပါတယ်” ဟု ဘတ်ဆက်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ဘတ်ဆက် သည် မတ်လ ၁၂ ရက်နေ့တွင် ကျင်းပမည့် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ပို့ဆုရရန်တွက် ရေပန်းစားနေသူလည်းဖြစ်သည်။
Source: CNA

