Saturday, January 24, 2026

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး...

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း...

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ်...

ရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...

မနက်ဖြန် ဇန်နဝါရီ (၂၅)၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး မဲဆန္ဒရှင်များ အေးချမ်းစွာ မဲပေးနိုင်ရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု...
HomeInternationalMarinera သင်္ဘောအမှုထမ်းများအား အမေရိကန်က...

Marinera သင်္ဘောအမှုထမ်းများအား အမေရိကန်က ရာဇဝတ်မှုဖြင့် တရားစွဲဆိုမည်ဟု အမေရိကန်ရှေ့နေချုပ်ပြောကြား

အမေရိကန် အာဏာပိုင်များသည် ဖမ်းဆီးထိန်းသိမ်းထားသည့် Marinera (Bella 1 ဟုလည်း သိကြသော) ရေနံတင်သင်္ဘောမှ သင်္ဘောအမှုထမ်းများအား ရာဇဝတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီ(Pam Bondi) က X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

သူမ၏ ပြောကြားချက်အရ အဆိုပါသင်္ဘောသည် “ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့မှ ပိတ်ဆို့အရေးယူခံထားရသော ရေနံများကို သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်” ဟု သတင်းရရှိထားပြီး၊ သင်္ဘောအမှုထမ်းများသည် ဖမ်းဆီးခြင်းမခံရစေရန်အတွက် “အပြင်းအထန် ကြိုးပမ်းအားထုတ်မှုများ” ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

“ကမ်းခြေစောင့်တပ်ဖွဲ့၏ အမိန့်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် အကျိုးဆက်အနေဖြင့် ဤသင်္ဘောရှိ အမှုထမ်းများအား အပြည့်အဝ စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအားလုံးကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်သည်” ဟု သူမက ပြောကြားခဲ့သည်။

“အလားတူ အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်ရန်အတွက် အခြားသော သင်္ဘောအချို့ကိုလည်း တရားရေးဝန်ကြီးဌာနက စောင့်ကြည့်လျက်ရှိသည်။ ကမ်းခြေစောင့်တပ်ဖွဲ့ သို့မဟုတ် အခြားသော ဖက်ဒရယ်အရာရှိများ၏ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သည့် မည်သည့်သင်္ဘောပေါ်မှမဆို မည်သူ့ကိုမဆို စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အပြင်းထန်ဆုံး အရေးယူသွားမည်ဖြစ်သည်” ဟု ရှေ့နေချုပ်က ဆက်လက်ပြောကြားခဲ့သည်။

အစောပိုင်းတွင် အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလင်းလဲဗစ်(Karoline Leavitt)က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ အမေရိကန်ဖက်ဒရယ်ဥပဒေကို ချိုးဖောက်သည်ဟု ယူဆရသည့်အတွက် Marinera သင်္ဘောအမှုထမ်းများအား အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်လာပြီး တရားစီရင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ်ကလည်း ရုရှားအလံလွှင့်ထူထားသည့် Marinera ရေနံတင်သင်္ဘောကို မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း အစောပိုင်းက ထုတ်ပြန်ခဲ့သည်။ ပင်တဂွန်အကြီးအကဲ ပိထ်ဟက်ဆက်(Pete Hegseth) က ရုရှားသင်္ဘောကို ဖမ်းဆီးခြင်းသည် ဗင်နီဇွဲလားရေနံအပေါ် ပိတ်ဆို့အရေးယူမှုနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။

ယနေ့ အစောပိုင်းတွင် ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက် မော်စကိုစံတော်ချိန် ညနေ ၃ နာရီခန့် (GMT ၀၀:၀၀ နာရီ) တွင် အမေရိကန်ရေတပ်အင်အားစုများသည် မည်သည့်နိုင်ငံ၏ ပိုင်နက်အတွင်းမှမဟုတ်သော နိုင်ငံတကာရေပိုင်နက်အတွင်း၌ အဆိုပါသင်္ဘောပေါ်သို့ တက်ရောက်စီးနင်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်တွင် သင်္ဘောနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS) ပါ ပြဋ္ဌာန်းချက်များအရ ပင်လယ်ပြင်သည် လွတ်လပ်စွာသွားလာခွင့်မူဖြင့် အုပ်ချုပ်ခြင်းဖြစ်ပြီး၊ အခြားနိုင်ငံတစ်ခု၏ လက်အောက်တွင် တရားဝင်မှတ်ပုံတင်ထားသော သင်္ဘောများကို မည်သည့်နိုင်ငံကမျှ အင်အားသုံး၍ အရေးယူပိုင်ခွင့်မရှိကြောင်း ဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ရုရှားအလံတင် Marinera သင်္ဘောပေါ်သို့ အမေရိကန်တပ်ဖွဲ့ဝင်များ တက်ရောက်စီးနင်းခဲ့သည့် သတင်းများနှင့်ပတ်သက်၍ မော်စကိုအနေဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဘက်အနေဖြင့် သင်္ဘောအမှုထမ်းများအပေါ် သင့်လျော်ပြီး လူသားဆန်စွာ ဆက်ဆံရန်၊ ၎င်းတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို တိကျစွာ လိုက်နာရန်နှင့် ၎င်းတို့အား မိခင်နိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရေးအတွက် မည်သည့်အတားအဆီးမျှ မပြုလုပ်ရန် ရုရှားက တောင်းဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း အသက်မွေးဝမ်းကျော င်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ICRC က ပေးအပ်နေ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားနေသည့် ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့အပြင် မန္တလေးတိုင်းအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရေး အထောက်အကူဖြစ်စေမည့် ရေရှည်ထောက်ပံ့မှုများ ပေးအပ်နေကြောင်း အသိပေးထားသည်။ ရပ်ရွာအခြေပြုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်း (CAPT)ကို သင်ကြားပို့ချခဲ့ပြီး တောင်သူကိုယ်စားလှယ်များရေရှည်ဆောင်ရွက်နိုင်မည့် လယ်ယာစိုက်ပျိုးနည်းစနစ်များအပြင် မြေဆီထိန်းသိမ်းပုံနှင့် သဘာဝမြေသြဇာအသုံးပြုပုံတို့ကိုလည်း လက်တွေ့ သင်ကြားပေးခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ်အတွင်း သင်တန်းတက်ရောက်ခဲ့ကြသည့် တောင်သူကိုယ်စားလှယ်များက ၎င်းတို့ သင်တန်း၌ လေ့လာသင်ယူခဲ့သည့် ကျွမ်းကျင်မှုနည်းပညာများကို အခြားတောင်သူများကိုတဆင့်မျှ‌ဝေပေးကာ ထောက်ပံ့ကူဘညီနေကြပြီဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် သင်တန်းတွင်ပါဝင်ခဲ့သည့် အခြားတောင်သူကိုယ်...

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးလုံခြုံ ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွ င်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာအုပ်စု အတွင်းရှိ မဲရုံများအား ဇန်နဝါရီလ (၂၄)ရက် နံနက်ပိုင်းက မီးဘေးလုံခြုံရေးအတွ က် မီဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ မီးလန့်မှုနှင့် မီးလောင်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးလုံ ခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲအပိုင်း (၃)ကို ဇန်နဝါရီလ(၂၅)ရက်တွင် ကျင်း ပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆားလင်းကြီးမြို့နယ်နှင့် ကနီမြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆားလင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းကိုနှင့်အဖွဲ့ဝင်များလိုက်ပါပြီး ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာ နမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးဦးနှင့်...

တိုက်စစ်မှူး Bakayoko ကို ရှမ်းယူနိုက်တက်အသင်း ပြန်လည်ခေါ်ယူ

အိုင်ဗရီကို့စ် တိုက်စစ်မှူး Moussa Baka yoko ကို ရှမ်းယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အ သင်းက တရားဝင်ကြေညာထားသည်။ ထိုသို့ ခေါ်ယူခြင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်အတွင်း တိုက်စစ်ပိုင်း အားဖြည့်ရန်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ Bakayoko သည်  ပြီးခဲ့သည့်ဘောလုံးရာသီအတွင်း  ရှမ်းယူနိုက်တက်အသင်းနှင့်အတူ MNL အမှတ်ပေးဖလား၊ League Cup ချန်ပီယံဆုနှင့်အတူ AFC Challenge League ၌ ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ရန် ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်သည်။ လတ်တလော ကျင်းပပြုလုပ်နေသည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသားပြိုင်ပွဲအတွင်း ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ပွဲစဉ် (၁၃) အပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071