မြန်မာ့ကြက်တောင်အားကစားမယ်သက်ထားသူဇာသည် မော်လဒိုက်နိုင်ငံတွင် ကျင်းပနေသော “LI-NING Maldives International Challenge 2023” ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသည် ဇွန်လ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့အဆင့် (၅၇) ရှိ သက်ထားသူဇာသည်အမျိုးသမီးတစ်ဦးချင်းပွဲစဉ်၏ R64 အဆင့်တွင် ကမ္ဘာ့အဆင့် (၂၂၃) မှ ယူအေအီးကြက်တောင်မယ် Nayonikka Ragesh ကို ၂၁ မှတ် ၁၇၊ ၂၁ မှတ် ၄ မှတ်ဖြင့် ၂ ပွဲဆက် အနိုင်ရပြီး R32 အဆင့်သို့ တက်ရောက်သွားခဲ့သည်။
သက်ထားသူဇာသည် R32 အဆင့်တွင် ကမ္ဘာ့အဆင့်(၂၂၆)ရှိ အိမ်ရှင်မော်လဒိုက်မှ Aminath Nabbeeha ABDUL RAZZAQ နှင့် မနက်ဖြန် (ဇွန်လ ၆ရက်) တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Malaysia Master 2023 တွင်ယှဉ်ပြိုင်ခဲ့သည့် သက်ထားသူဇာ (ပုံအဟောင်း)