Friday, December 5, 2025

အဖွင့်ပွဲစဉ်မှာပင် ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ပြီဖြစ်သည့် မြန်မာလက်ရွေးစင်...

ယနေ့ ညနေ (၃)နာရီခွဲအချိန်က ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ IPE Chonburi Stadium ၌ ယှဥ်ပြိုင်ကစားခဲ့ကြသည့် မြန်မာ-ဖိလစ်ပိုင်အမျိုးသမီးအသင်း ပွဲစဥ်တွင် ပွဲပြီးဆုံးချိန်၌...

ဖိလစ်ပိုင်အသင်းကို ဦးဆောင်ဂိုး (၁) ဂိုးသွင်းယူထားပြီဖြစ်သည့်...

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ၌ မြန်မာလက်‌ရွေးစင်အမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ပထမပိုင်းပွဲချိန်အပြီး ဦးဆောင်ဂိုး (၁) ဂိုး သွင်းယူထားပြီဖြစ်သည်။ အဆိုပါဦးဆောင်ဂိုးကို အသင်းခေါင်း ဆောင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲချိန် ၄...

မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်နှင့် Times...

ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၏ လမ်းညွှန်ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် Times City Complex ဝန်ထမ်းများမှ မီးဘေးလုံခြုံရေးနှင့် ဘေးအန္တရာယ်လွတ်မြောက်ရေး...

မကွေးမြို့တွင် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့...

မကွေးတိုင်း၊ မကွေးမြို့တွင် မကွေးတိုင်းအစိုးရအဖွဲ့ ၏ကြီးကြပ်မှုဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် LED ဘုတ်များဖြင့် ရွေးကောက်ပွဲလှုံ့ဆော်မှု(Campimg)များပြု...
HomeCelebrities' NewsMaldives ကိုသွားရောက်ပြီး သီချင်းဖျော်ဖြေမှု...

Maldives ကိုသွားရောက်ပြီး သီချင်းဖျော်ဖြေမှု အသစ်တွေ ပြုလုပ်သွားမယ့် ဂျက်ဆန်ထွန်း

Jack-San-Tun

Ushido ရဲ့ ၁ဝနှစ်ပြည့်ပွဲမှာ Brand Ambrassador တစ်ယောက်အနေနဲ့ တေးသီချင်းတွေနဲ့သီဆိုဖျော်ဖြေခဲ့တဲ့ အဆို တော်ဂျက်ဆန်ထွန်းနဲ့ တွေ့ဆုံခိုက် သိပ်မကြာသေးခင်က ထွက်ရှိ ထားတဲ့ သူ့ရဲ့တတိယတစ်ကိုယ်တော်အခွေအကြောင်း မေးမြန်းဖြစ် ခဲ့ပါတယ်။ ‘မင်းရဲ့အနားမှာ’လို့အမည်ပေးထားတဲ့ အဆိုပါ တေးစီး ရီးမှာ တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ ‘ကိုယ်ရံတော်တပ်မှူး လေး’၊’မျှော်တော်ယောင်’ စတဲ့ တေးသီချင်းတွေကို ဂျက်ဆန်ထွန်းက ပြန်လည်ဆန်းသစ်သီဆိုထားခြင်း ဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့တစ်ကိုယ်တော်တေးစီးရီး အယ်လ်ဘမ်အသစ် ဟာဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက ကျွန်တော် USHIDO နဲ့ လက်တွဲပြီး တော့ သီချင်းလေးတွေလုပ်ခဲ့တာပါ။ အခု ဆိုလို့ရှိရင် Audio ရော၊ VCD ရောတစ်ပါတည်း ထွက်ရှိနိုင်ခဲ့ပြီ။ ဒီအထဲမှာ သီချင်းအဟောင်းလေးတွေလည်း ပါတယ်။ ဒီအခွေ ထဲမှာ သီချင်းဟောင်း၊ သီချင်းကောင်းလေးတွေလည်း ပါသလို Own Tune သီချင်းလေးတွေလည်း ပါဝင်ပါတယ်။ ကျွန်တော့် ရဲ့အခွေကိုလည်း ပရိသတ်ကြီးအချိန်ရလို့ရှိရင် နားဆင်ပေးပါ။ အားပေးပါ”လို့ သူက ဆိုပါတယ်။ ၂ဝ၁၇-၂ဝ၁၈ခုနှစ်အတွင်းမှာ တေးသီချင်းအသစ်တွေ နဲ့ဖန်တီးမှုအသစ်တွေပြုလုပ်သွားမယ်လို့ဆိုတဲ့ ဂျက်ဆန်ထွန်းက…

“ကျွန်တော့်ရဲ့ အယ်လ်ဘမ်သစ်အတွက် ဒီလကုန်ပိုင်း လောက်မှာ ကျွန်တော်  Maldives ကို သွားပါမယ်။ ပရိသတ်အတွက် တင်ဆက်မှုအသစ် ရရှိနိုင်ဖို့အတွက် တောက်လျှောက် ကျွန်တော်  Run နေပါပြီ။ ပွင့်လင်းရာသီမှာ သီချင်းဆိုဖို့ နယ်ရှိုးတွေလည်း လက်ခံထားပါတယ်။ ဒီ၂ဝ၁၇-၂ဝ၁၈ ခုနှစ် တောက်လျှောက် လှုပ် ရှားမှုတွေကတော့ သီချင်းဆိုရင်းနဲ့ သီချင်းအသစ်တွေ ဖန်တီးရင်း နဲ့ကျွန်တော်ဆက်ပြီးရှိနေမှာပါ” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071