Tuesday, April 28, 2026

နေပြည်တော်တွင် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရေး...

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း)...

အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါသယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ်...

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကိုအကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ပြောသည်။ ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၇...

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးအောင်မျိုးမြင့်နှင့် အာဆီယံဆိုင်ရာ...

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးအောင်မျိုးမြင့်သည် အာဆီယံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး H.E. Henrique Archanjo Ferraro ၊ အာဆီယံဆိုင်ရာ ဆားဘီးယားသံအမတ်ကြီး H.E...
HomeMoviesMAI နှင့် KBZMS...

MAI နှင့် KBZMS တို့ပူးပေါင်း၍ Travel Protect Insurance (ခရီးသွားအာမခံ)စတင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)နှင့် KBZMS တို့ပူးပေါင်း၍ ခရီးသည်များ လုံခြုံရေး၊ အ ဆင်ပြေမှုနှင့် စိတ်ချယုံကြည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီး “ခရီးသွားအာမခံ”ကို မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ “ခရီးသွားအာမခံ”သည် ကူးစက်မြန်ရောဂါအ ပိုအကာအကွယ် (COVID-19 အပါအဝင်)၊ ခရီးဆောင်အိတ်နှောင့်နှေးကြန့်ကြာခြင်း၊ ခရီးဆောင်အိတ်ပျောက် ဆုံးခြင်း/ပျက်စီးခြင်း၊ လေယာဉ်ချိန်နှောင့်နှေးကြန့် ကြာခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်း၊ ကိုယ်တိုင်ပေးလျော်ရန်တာဝန်ရှိမှု၊ မတော်တဆမှုကြောင့်သေဆုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များ၊ ရုပ်ကြွင်းပြန်လည်သယ်ယူခြင်းတို့အတွက် အကာ အကွယ်ပေးနိုင်မည်ဖြစ်သည်။

” ကျွန်တော်တို့က ခရီးသည်တွေအတွက်ပိုမိုကောင်း မွန်တဲ့ခရီးသွားဝန်ဆောင်မှုတွေ မြှင့်တင်ပေးနိုင်ဖို့အတွက် KBZMS နဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ပါတယ်”ဟု MAI ၏ CEO Mr. Tanes Kumar ကပြောသည်။

ထို့ပြင် KBZMS General Insurance ၏ Chief Executive Officer ဦးစိုင်းလူမွန်အောင်ကလည်း MAI website ပေါ်တွင် click နှိပ်ရုံဖြင့် ခရီးသည်များအနေ ဖြင့် အာမခံကာကွယ်မှုကိုလွယ်ကူစွာရယူနိုင်ပြီး ယုံ ကြည်စိတ်ချစွာခရီးသွားနိုင်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ “ခရီးသွားအာမခံ”ကို ယနေ့ ဧပြီလ ၂၈ ရက်မှ စတင်၍ MAI ၏ခရီးသည်များအနေဖြင့် မိမိတို့၏ ခရီးစဉ်ကို MAI ၏ တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်သော www.maiair.com ရှိ add-on section မှတစ်ဆင့်လွယ် ကူစွာဝယ်ယူအသုံးပြုနိုင်မည်ကာ ခရီးသည်များအနေ ဖြင့် flight booking ပြုလုပ်ရာတွင် အာမခံကာကွယ်မှုကိုလည်း တစ်ပါတည်းရယူနိုင်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်တွင် ကျေးလက်နေအမျိုးသမီးဖွံ့ဖြိုးရေး ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ရေး ဆွေးနွေး

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တွေ့ဆုံ၍ နေပြည်တော်အတွင်းရှိ ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအနက် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ကျေးလက်နေအမျိုးသမီးများအတွက် ဦးစားပေးစီမံကိန်းများ ရေးဆွဲထားပြီး စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျေးလက်စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းနေနိုင်ရေး၊ အမျိုးသမီးများ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရေးနှင့်...

လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား(၁၀)သိန်းဦးကျော်ကိုကုသပေးခဲ့

အလုပ်သမားဝန်ကြီးဌာန၏ လူမှုဖူလုံရေးအဖွဲ့ကတစ်နှစ်တာအတွင်း ရန်ကုန်တိုင်းမှ အာမခံအလုပ်သမား (၁၀)သိန်းဦးကျော်ကိုကုသမှုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းရှိ အာမခံအလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ(တစ်နှစ်တာအတွင်း) လူမှုဖူလုံရေးအဖွဲ့က လူနာ(၁,၁၄၆,၆၈၅)ဦးကိုကုသပေးခဲ့ပြီး ဆေးဖိုးပြန်အမ်းမှု(၇၇,၈၀၇)မှုအ တွက် ငွေကျပ်(၇,၉၇၄ ဒသမ ၃၉၆)သန်းကိုပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ လူမှုဖူလုံရေးအဖွဲ့က ရန်ကုန်တိုင်းရှိ အာမခံအလုပ်သ မားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို အလုပ် သမားဆေးရုံကြီး(ရန်ကုန်)၊ အလုပ်သမားဆေးရုံ(ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ဌာနကြီးဆေးခန်း(၂၁)ခန်း၊ စာချုပ်ဆေးခန်း(၅၃)ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း(၅)ခန်းတို့ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိသည့် ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)အား...

အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါသယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံ သယ်ယူပို့ဆောင်ရေးစနစ် အကောင်အထည်ရမည်

မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကိုအကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေနှစ်သွယ်ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးက ပြောသည်။ ပြည်ထောင်စုဝန်ကြီးက ဧပြီ ၂၇ ရက်တွင် Myanmar International Terminal Thilawa (MITT) ဆိပ်ကမ်းတံတားအားစစ်ဆေးပြီး သီလဝါဆိပ်ကမ်းဧရိယာရှိ BOT ဆိပ်ကမ်းတံတားများမှတာဝန်ရှိသူများကိုတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ်လွှဲပြောင်းတင် ဆောင်ခြင်းဝန်ဆောင်မှုနှင့် နိုင်ငံဖြတ်သန်းကုန်သွယ်မှုဝန်ဆောင်မှုများပေးနိုင်ရန် ဆိပ်ကမ်းတံတားများကို ဆက်လက်တိုးချဲ့တည်ဆောက်ရန်၊ နိုင်ငံ၏ စွမ်းအင်လုံခြုံမှုအတွက် စက်သုံးဆီတံတားများနှင့် သိုလှောင်ကန်များကို မြေနေရာချထားပေးပြီးဖြစ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆက်လက်ရင်းနှီးမြှုပ်နှံတည်ဆောက်လုပ်ကိုင်ရန် မှာကြားသည်။ ဆိပ်ကမ်းလုပ်ငန်းစွမ်းဆောင်မှုမြှင့်တင်နိုင်ရေးအတွက် ဒီဂျစ်တယ်စနစ်ဖြင့် အသွင်ကူးပြောင်းဆောင်ရွက်ရန်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071