LNG သည် စျေးနှုန်းကြီးမြင့်သော စွမ်းအင်အရင်းအ မြစ်ဖြစ်၍ လေလွင့်မှုနည်းပါးစေရေးအလေးထားဆောင်ရွက်ရမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်ရှိ သီ လဝါဆိပ်ကမ်းတွင် သဘာဝဓာတ်ငွေ့ရည်သိုလှောင်သ င်္ဘော(FSU)ဆိုက်ကပ်ထားမှုကိုကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးအား The Consortium of Everest Energy Solution Ltd. and CNTIC Vpower Group Holdings Ltd. မှ တာဝန်ရှိသူများက သန်လျင် ၂၀၀ မဂ္ဂါဝပ်နှင့် သာကေတ ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းများအကောင်အထည်ဖော်နေမှု၊ သဘာဝဓာတ်ငွေ့ရည်(LNG)အား FSU တွင်သိုလှောင်ထားရှိမှု၊ LNG အား ဓာတ်ငွေ့သို့ပြောင်းလဲမှု လုပ်ငန်း စဉ်များနှင့် ဓာတ်အားပေးစက်များစမ်းသပ်မောင်းနှင်နေမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ သတ်မှတ်ရက်များအ တိုင်း ဓာတ်အားပေးစက်ရုံများမှ သတ်မှတ်ဓာတ်အားပ မာဏပြည့်မီအောင်ထုတ်လုပ်နိုင်ရေးကြိုးစားဆောင် ရွက်ရန်၊ LNG သည် စျေးနှုန်းကြီးမြင့်သော စွမ်းအင်အ ရင်းအမြစ်ဖြစ်၍ လေလွင့်မှုနည်းပါးစေရန်၊ ဓာတ်အားပေးစက်များစဉ်ဆက်မပြတ်မောင်းနှင်နိုင်ရေးနှင့် စက်စွမ်းရည်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး ဓာတ်အားပေးစက်များစမ်းသပ်မောင်းနှင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့ပြင် သီလဝါဆိပ်ကမ်း MCV ဆိပ်ခံတံတား(Jetty) တွင် FSU ဆိုက်ကပ်ထားမှု၊ FSU တွင်သိုလှောင်ထားသော LNG ဓာတ်ငွေ့ရည်အားပိုက်လိုင်းများဖြင့် ဓာတ် ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံသို့ပေးပို့နေမှုနှင့် LNG အား သဘာဝဓာတ်ငွေ့ပြန်လည်ပြုလုပ်နေမှုတို့ကိုလည်းကြည့်ရှုစစ်ဆေးခဲ့သည်။
သာကေတနှင့် သန်လျင် LNG သုံးဓာတ်အားပေးစက်ရုံများလည်ပတ်မောင်းနှင်နိုင်ရန် LNG သိုလှောင်မည့်သ င်္ဘော FSU သည် နိုဝင်ဘာ ၁၅ ရက်က သီလဝါဆိပ် ကမ်းရှိ MCV ဆိပ်ခံတံတားသို့ရောက်ရှိဆိုက်ကပ်ခဲ့ပြီး ပြည်ပမှ LNG တင်သွင်းလာသည့် ပထမဆုံး LNG သ င်္ဘောသည် နိုဝင်ဘာ ၁၉ ရက်တွင် FSU ဘေးတွင် ရောက်ရှိဆိုက်ကပ်ခဲ့ကာ FSU ပေါ်သို့ LNG ဖြည့်တင်းပေးခြင်း၊ သဘာဝဓာတ်ငွေ့အရည်အားဓာတ်ငွေ့ပြန် လည်ပြုလုပ်သောစက်ရုံကို စမ်းသပ်မောင်းနှင်ခြင်းတို့အား နိုဝင်ဘာ ၂၆ ရက်တွင်ဆောင်ရွက်ပြီးစီးခဲ့သည်။
လက်ရှိအချိန်၌ ဓာတ်အားပေးစက်များကို ဆက်လက်စမ်းသပ်မောင်းနှင်လျက်ရှိကာ ယင်း စီမံကိန်းများမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကနဦးဓာတ်အားပ မာဏ ၁၀၀ မဂ္ဂါဝပ် မှ ၂၀၀ မဂ္ဂါဝပ်အထိထုတ်လုပ်နိုင်ရန်ဆောင်ရွက်လျက်ရှိကာ စုစုပေါင်းဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်ပြီး ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန်စီမံဆောင်ရွက်လျက်ရှိသည်။
