Wednesday, December 11, 2024

နျူလက်နက်ကင်းစင်သောကမ္ဘာဖြစ်ရေးမျိုးဆက်သစ်များ တိုက်ပွဲဝင်ရမည်

အတိတ်ကာလကထက် လက်နက်များသည် အဖျက်စွမ်းအား၌ အဆများစွာပိုကြီးမားလာသဖြင့် နျူကလီးယားကင်းစင်သော ကမ္ဘာကြီးအတွက် လူငယ်များ တိုက်ပွဲဝင်ကြရမည်ဟု ယခုနှစ်၏ နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သော အဏုမြူဗုံးဒဏ်ဘေးမှ လွတ်မြောက်ခဲ့သူများအဖွဲ့ Nihon...

နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်နေခြင်းများသည် လူ့အခွင့်အရေးများကိုပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်နေခြင်းများသည် လူ့အခွင့်အရေးများကိုပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား၌...

မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက ငလျင်သတိပေးချက် ထုတ်ပြန်ပြီးနောက် မော်လိုက်မြို့အနီး...

မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက ယမန်နေ့ ငလျင်သတိပေးချက် ထုတ်ပြန်ပြီးနောက် ယနေ့တွင် မော်လိုက်မြို့အနီး ၄ ဒဿမ ၇ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း...

နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက...

မိမိတို့အနေဖြင့် နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများကို ရာနှုန်းပြည့်အခြေမပြုဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များ...
HomeNewsLocal NewsKNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းရှိ...

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ တစ်သိန်းနီးပါး အထိလာရောက် ခိုလှုံနေရ

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ တစ်သိန်းနီးပါး အထိလာရောက် ခိုလှုံနေရ

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေတစ်ခုဖြစ်သည့် မူတြော်ခရိုင် တပ်မဟာ (၅)ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် မြို့နယ် သုံးမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၉၆၁၈၀ ဦး အထိရှိလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(ဗဟို) ၊ ပြန်ကြားရေး သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ယင်းဒေသအတွင်း တပ်မတော်အပါအ၀င် နယ်ခြားစောင့်တပ်များ၏ စစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ် ရှိနေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ထိတွေ့တိုက်ပွဲများနှင့် ရင်ဆိုင်တိုက်ပွဲများကြောင့် ဒေသအတွင်း စစ်ဘေးရှောင်များပြားလာခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ မူတြော်ခရိုင် တပ်မဟာ(၅)သည် ကျန်တပ်မဟာများထက် တိုက်ပွဲအကြိမ်ရေ အများဆုံးဖြစ်ပွားသော တပ်မဟာတစ်ခုဖြစ်ကြောင်းလည်း ဆိုသည်။

ထို့ကြောင့် ယင်းဒေသအတွင်းနေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့နေထိုင်သော ကျေးရွာ၊ များ၊ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ၊ လုပ်ငန်းခွင်များကိုထား၍ ထွက်ပြေးတိမ်းရှောင်လျက်ရှိရာ လူသောမြို့နယ် ၊ ဒွယ်လိုးမြို့နယ်၊ ဘူးသိုမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်ပြည်သူ ၉၆၁၈၀ အထိ စစ်ဘေးလာရောက် ရှောင်တိမ်းနေကြရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယင်း စစ်ဘေးရှောင်အများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများကိုလုပ်ကိုင် အသက်မွေး ၀မ်းကျောင်း ပြုနေရသူများဖြစ်ပြီး၊ စစ်ဘေးရှောင်လာရသည့်အတွက် စား၀တ်နေရေးပြဿနာများ ရင်ဆိုင်နေရ လျက်ရှိကြောင်း သိရသည်။

Photo – Karen National Union

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နျူလက်နက်ကင်းစင်သောကမ္ဘာဖြစ်ရေးမျိုးဆက်သစ်များ တိုက်ပွဲဝင်ရမည်

အတိတ်ကာလကထက် လက်နက်များသည် အဖျက်စွမ်းအား၌ အဆများစွာပိုကြီးမားလာသဖြင့် နျူကလီးယားကင်းစင်သော ကမ္ဘာကြီးအတွက် လူငယ်များ တိုက်ပွဲဝင်ကြရမည်ဟု ယခုနှစ်၏ နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သော အဏုမြူဗုံးဒဏ်ဘေးမှ လွတ်မြောက်ခဲ့သူများအဖွဲ့ Nihon Hidankyo ၏ ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ၁၉၄၅ ခုနှစ်တွင် အဏုမြူဗုံးအကြံခံခဲ့ရသော ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များမှ အသက်ရှင်လွတ်မြောက်သူများအဖွဲ့ Nihon Hidankyo ၏ အခြေခံလှုပ်ရှားမှုသည် မျက်မြင်ဒိဋ္ဌကြုံခဲ့ရမှုများကို အသုံးချ၍ နျူကလီးယားကင်းစင်သော ကမ္ဘာကြီးအတွက် စည်းရုံးလှုံဆော်နေခြင်းဖြစ်သည်။ ဂျပန်၏ အဏုမြူဗုံးဒဏ်ဘေးမှ ရှင်သန်လွတ်မြောက်ခဲ့သူများ၏ ပျှမ်းမျှအသက်သည် ယခုအခါ ၈၅ နှစ်ရှိပြီဖြစ်ပြီး...

နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်နေခြင်းများသည် လူ့အခွင့်အရေးများကိုပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်နေခြင်းများသည် လူ့အခွင့်အရေးများကိုပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား၌ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။ နစကဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်ရန် တိုင်းရင်းသားပြည်သူများကြား လူ့အခွင့်အရေးများကို ရရှိခံစားစောင့်ထိန်းလိုက်နာကြရန်လိုသည်ဟု ပြောသည်။ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင်လုပ်ဆောင်နေခြင်းများသည် တိုင်းရင်းသားပြည်သူများရရှိမည့် လွတ်လပ်ခွင့်နှင့်လူ့အခွင့်အရေးများကို ပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများသည် ၎င်းတို့၏ လူ့အခွင့်အရေးများကို တန်းတူရရှိရန်နှင့် လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းများဖြင့်ချိုးဖောက်ခြင်းခံနေရမှုများကို စည်လုံးညီညွတ်စွာ လက်တွဲဆန့်ကျင်တိုက်ဖျက်သွားကြရမည်ဟု တိုက်တွန်းမှာကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူအားလုံး၏ အခွင့်အရေးများတန်းတူညီမျှရန် ပြည်တွင်းငြိမ်းချမ်းရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည့်အတွက်...

မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက ငလျင်သတိပေးချက် ထုတ်ပြန်ပြီးနောက် မော်လိုက်မြို့အနီး ၄ဒဿမ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက ယမန်နေ့ ငလျင်သတိပေးချက် ထုတ်ပြန်ပြီးနောက် ယနေ့တွင် မော်လိုက်မြို့အနီး ၄ ဒဿမ ၇ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။ ယနေ့ ဒီဇင်ဘာ (၁၁)ရက် မြန်မာစံတော်ချိန် (၇)နာရီ (၅၅) မိနစ်အချိန်စစ်ကိုင်း တိုင်းဒေသကြီးတောင်ပိုင်း၊ ကလေးဝအရှေ့မြောက်ဘက်၊ မော်လိုက်‌အရှေ့တောင် (၁၅) မိုင်ခန့်အကွာ ကဘော်ပြတ်ရွေ့ကြောတစ်နေရာ တောင်တန်းဒေသအောက် (၆၂) မိုင်မှ မဂ္ဂနီကျု ၄ဒဿ၎င်း ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာက အသိပေးထားသည်။ မြန်မာနိုင်ငံမြေငလျင်သတင်းစင်တာ၏ ယမန်‌နေ့အသိပေးထုတ်ပြန်ချက်အရ (၃၆)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071