Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeNewsLocal NewsKK Park မှ...

KK Park မှ ထွက်ပြေးသည့် တရုတ်သုံးဦးကို ထိုင်းတွင် ဖမ်းမိ

မြန်မာနိုင်ငံ မြဝတီမြို့ရှိ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းမှ ထွက်ပြေးလာသည့် တရုတ်နိုင်ငံသားသုံးဦးကို ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ပြည်နယ် နယ်စပ်တွင် ဖမ်းဆီးရမိခဲ့သည်။

မဲဆောက်ခရိုင် မဟာဝမ်မြို့နယ် နယ်စပ်တလျှောက်တွင် ကင်းလှည့်နေသည့် ထိုင်းရဲနှင့် စစ်သားများက ၎င်းတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသားသုံးဦးကို အမည်နာမထုတ်ပြန်ထားခြင်းမရှိဘဲ ၎င်းတို့သည် တောလမ်းမှတဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ၎င်းတို့သုံးဦးကို မဲဆောက်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

မဲဆောက်၏ သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ KK Park လုပ်ငန်းခွင်သည် အကြမ်းအားဖြင့် ဧက ၅၀၀ ခန့်ကျယ်ဝန်းပြီး ယင်းကို တရုတ်ရာဇဝတ်မိသားစုများက စီမံခန့်ခွဲလျက်ရှိသည်။

ယင်းနေရာကို ယခုအခါ မြန်မာတပ်မတော်က ထိန်းချုပ်ထားပြီး အောက်တိုဘာလ ၂၂ ရက်နေ့မှစ၍ အဆောက်အအုံများစွာကို ဗုံးခွဲဖျ-က်ဆီးမှုများလုပ်နေခဲ့သည်။ ကြာသပတေးနေ့ကလည်း ထိုင်းဘက်ခြမ်းနှင့် ပိုနီးလာသောနေရာတွင် စစ်ဆင်ရေးဆောင်ရွက်ခဲ့သဖြင့် ထိုင်းအိမ်ထောင်စုတစ်ချို့ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့သည်။

ပြင်းထန်သော တို-က်ခိုက်နှိမ်နင်းမှုများလုပ်နေသော်လည်း တရုတ်ငွေလိမ်ဂိုဏ်းများသည် KK Park စီးနင်းမှု အကျိုးဆက်အများစုကို ရှောင်ရှားနိုင်ခဲ့ကာ မြန်မာပြည်တွင်းရှိ အခြားနီးစပ်ရာနေရာများသို့ ရွှေ့ပြောင်းနိုင်ခဲ့သည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။ သို့ရာတွင် ထိုနေရာတွင် အလုပ်လုပ်နေကြသည့် အောက်ခြေအဆင့် နိုင်ငံခြားသားများမှာမူ နယ်စပ်ကိုဖြတ်၍ ဆက်လက်ထွက်ပြေးနေခဲ့ကြသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နိုင်ငံကျော်တေးသံရှင်များဖြစ်သော ဖိုးသောကြာ၊ မေသက်ထားဆွေတို့အပါအဝင် တေးသံရှင်များကသီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ညပိုင်းတွင်လည်း နိုင်ငံကျော်တေးသံရှင်များက သီဆိုဖျော်ဖြေလျက်ရှိကာ ပန်းပွဲတော်အား ယနေ့ ဒီဇင် ဘာ ၆ ရက်မှ ဇန်နဝါရီ ၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်လှေကားမြို့၊ ပန်းမြို့တော်၊ ချယ်ရီမြို့တော်ဟု တင်စားခေါ်ဝေါ်သည့် ပြင်ဦးလွင်မြို့အား ခေတ်အ ဆက်ဆက်တာဝန်ရှိများက မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကို နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်အနေဖြင့်လည်းတတ် နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်ဟု ပြော သည်။ " ပြင်ဦးလွင်မြို့ကို...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး (၈) စျေးမှ စျေးကော်မတီများနှင့် တွေ့ဆုံကာ စျေးအတွင်း လက်ကမ်းစာစောင်များဝေခဲ့ကြောင်း သိရသည်။ ထို့ပြင် နေ့လယ်ပိုင်းတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် မဲဆန္ဒရှင် ပြည်သူ (၂၀၀) ဦးခန့်နှင့်တွေ့ဆုံကာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်း၊ မဲပေးနည်းရှင်းလင်းခြင်း နှင့် လက်ကမ်းစာစောင်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071