ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများပြုလုပ်သည့် KK Park နယ်မြေမှ တရားမဝင်အဆောက်အအုံများကို လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက စက်ယန္တရားများ၊ အဆင့်မြင့်ဖောက်ခွဲရေးသုံးပစ္စည်းများအသုံးပြုကာ ဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖြိုချဖျက်ဆီးရာ၌ KK Park နယ်မြေရှိ တရားမဝင်အဆောက်အအုံ(၆၃၅)လုံးအား အပိုင်း(၃)ပိုင်းခွဲ၍ စနစ်တကျဖြိုချဖျက်ဆီးခဲ့ရာ ယနေ့ နိုဝင်ဘာ ၂၉ ရက်အထိ တရားမဝင်အဆောက်အအုံ(၂၇၀)လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၂၉ ရက်အ ထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၂,၉၁၅)ဦးကိုထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက်(၁၀,၀၂၉)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။
ထို့အတူ ကျန်ရှိသည့် ပြည်ပနိုင်ငံသား(၂,၈၈၆)ဦးသည်လည်း သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အ သင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာထိန်းသိမ်းစောင့် ရှောက်ထားကြောင်း သိရသည်။
