Sunday, December 7, 2025

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊...

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး...

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး...

ငလျင်ကြောင့် ပျက်ဆီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်...

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို လုံးတော်ပြည့် အကြီးစားပြန်လည်ပြင်ဆင်နေရကြောင်း သိရသည်။ စေတီတော်ကြီး လုံးတော်ပြည့်ပြင်ဆင်နေသလို စေတီတော်ရင်ပြင်ရှိ သာသနိက အဆောက်အဦများကို...
HomeNewsLocal NewsKBZMS နှင့် InterRisk...

KBZMS နှင့် InterRisk Asia တို့ပူးပေါင်းကာ မြန်မာနိုင်ငံ၏ငလျင်အန္တရာယ် စီမံခန့်ခွဲမှုနှင့် စီးပွားရေးလုပ်ငန်းများဆက်လက်လည်ပတ်နိုင်ရေး ခိုင်မာအားကောင်းစေရန်ဆွေးနွေး

မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ်စီမံခန့်ခွဲမှုနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေးကို ခိုင်မာ အားကောင်းစေရန်အတွက် KBZMS General Insurance နှင့် InterRisk Asia (Thailand)တို့ပူးပေါင်း၍ “Earthquake Risk Management & Business Continuity in Myanmar Seminar”ကို ယနေ့ ဒီဇင်ဘာ ၁ ရက်က ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်တွင်ကျင်းပခဲ့သည်။

နိုင်ငံတကာနှင့် ပြည်တွင်းစီးပွားရေးအဖွဲ့အစည်းများ၊ ဂျပန်နိုင်ငံစီးပွားရေးအဖွဲ့ဝင်များက ငလျင်အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မြန်မာ–ဂျပန် ပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးခဲ့ကြပြီး “Collaborating for Continuity: Lessons from the Mandalay Earthquake”ခေါင်းစဉ်ဖြင့်လည်း ActionAid International ၏ Country Director၊ FIN Myanmar ဥက္ကဋ္ဌ၊ Myanmar-Bangladesh Chamber of Commerce ဒု-ဥက္ကဋ္ဌ Mr. Shihab Uddin Ahamad တို့ကဦးဆောင်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် KBZMS ၏ CEO ဦးလူမွန်အောင်မှ မန္တလေးငလျင်ကြီးကြောင့် မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် မရှိမဖြစ်လိုအပ်သည့် စနစ်များအားလုံး၌ အရေးကြီးသောလိုအပ်ချက်များရှိနေကာ နိုင်ငံအနှံ့အသိပညာမြှင့်တင်ရန်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာများအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းရန်လိုအပ်သည်ဟုပြောကြားခဲ့သည်။

ထို့ပြင် STATEMENT Architecture + Design တည်ထောင်သူနှင့် ကျောင်းအုပ်ကြီး Myanmar Green Building Society ဥက္ကဋ္ဌဒေါ်ချောကလျာမှလည်း ဘေးအန္တရာယ်ခံနိုင်ရည်ရှိမှုသည် အထူးသဖြင့် ကျေးလက်ဒေသရှိ အိမ်ထောင်စုတိုင်းထံရောက်ရှိရန်လိုအပ်မှု၊ ဒေသခံဆောက်လုပ်ရေးသမားများကိုလေ့ကျင့်ပေးရန်၊ ရိုးရှင်းသောကျေးလက်ဆောက်လုပ်ရေးလမ်းညွှန်ချက်များရေးဆွဲရန်နှင့် ဘေးကင်းလုံခြုံရေးသည် ဝင်ငွေပေါ်မူတည်မနေစေရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေများနှင့် ထောက်ပံ့မှုများကဲ့သို့သော ငွေကြေးဆိုင်ရာ အထောက်အကူများပံ့ပိုးပေးရန်ပြောကြားခဲ့သည်။

ထို့အတူ ActionAid International ၏ Partnership and Program ဦးဆောင်သူ Mr.Lafir Mohammad က စီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် ရင်းနှီးမြှုပ်နှံခြင်း၊ ခိုင်မာသောပံ့ပိုးမှုများ၊ ငွေကြေးထောက်ပံ့မှုနှင့် အရေးပေါ်ဝန်ဆောင်မှုများပြုလုပ်ခြင်းမှတစ်ဆင့် ပုဂ္ဂလိကကဏ္ဍအားကောင်းလာစေရန် တိုက်တွန်းဆွေးနွေးခဲ့သည်။

InterRisk Asia (Thailand)မှတာဝန်ရှိသူများမှလည်း မတူညီသောရှုထောင့်မှစဉ်းစားရန်၊ ပိုမိုတိကျသေချာစွာ စီစဉ်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများတစ်လျှောက် ပြင်ဆင်မှုများခိုင်မာအားကောင်းစေရန် အထောက်အကူပြုမည့် မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ်ဖြစ်နိုင်ခြေပုံစံနှင့် အဓိကကာကွယ်တားဆီးရေးနည်းလမ်းများ၏ အနှစ်ချုပ်ကိုတင်ပြခဲ့သည်။

ထို့ပြင် ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သော ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဘဏ္ဍာရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးသန့်ဇင်မှ နိုင်ငံတော်အဆင့်ပြင်ဆင်ထားရန်လိုအပ်မှုနှင့် ပတ်သက်၍ ခံနိုင်ရည်ရှိအောင် ရင်းနှီးမြှုပ်နှံရမည့်အချိန်သည် ယခုအချိန်ဖြစ်ပြီး ကြိုတင်ကာကွယ်သည့် လုပ်ဆောင်ချက်များ၊ ပိုမိုခိုင်မာသည့် စည်းမျဉ်းစည်းကမ်းလမ်းကြောင်းများနှင့် ကဏ္ဍအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများကို ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၁၈)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်စတင်ဖွင့်လှစ်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)၏ (၁၈)ကြိမ်မြောက်ပန်းပွဲ တော် "IMMERSIVE FLOWERS FESTIVAL"အား ယနေ့ ဒီဇင်ဘာ ၆ ရက်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နိုင်ငံကျော်တေးသံရှင်များဖြစ်သော ဖိုးသောကြာ၊ မေသက်ထားဆွေတို့အပါအဝင် တေးသံရှင်များကသီဆိုဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ညပိုင်းတွင်လည်း နိုင်ငံကျော်တေးသံရှင်များက သီဆိုဖျော်ဖြေလျက်ရှိကာ ပန်းပွဲတော်အား ယနေ့ ဒီဇင် ဘာ ၆ ရက်မှ ဇန်နဝါရီ ၄ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြော

မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဘက်ပေါင်းစုံမှစီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်လှေကားမြို့၊ ပန်းမြို့တော်၊ ချယ်ရီမြို့တော်ဟု တင်စားခေါ်ဝေါ်သည့် ပြင်ဦးလွင်မြို့အား ခေတ်အ ဆက်ဆက်တာဝန်ရှိများက မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများကို နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး တပ်မတော်အနေဖြင့်လည်းတတ် နိုင်သည့်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်ဟု ပြော သည်။ " ပြင်ဦးလွင်မြို့ကို...

မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြိုသစ်ရပ် ဗန္ဓုလစျေး အပေါ်ထပ်တွင် ဒီဇင်ဘာလ (၅)ရက် ၊ နံနက်ပိုင်းက မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများသည်စျေးကြီး (၈) စျေးမှ စျေးကော်မတီများနှင့် တွေ့ဆုံကာ စျေးအတွင်း လက်ကမ်းစာစောင်များဝေခဲ့ကြောင်း သိရသည်။ ထို့ပြင် နေ့လယ်ပိုင်းတွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်တွင် မဲဆန္ဒရှင် ပြည်သူ (၂၀၀) ဦးခန့်နှင့်တွေ့ဆုံကာ ကိုယ်စားလှယ်လောင်း မိတ်ဆက်ခြင်း၊ မဲပေးနည်းရှင်းလင်းခြင်း နှင့် လက်ကမ်းစာစောင်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071