Friday, July 4, 2025

AFF Shopee Cup ခြေစစ်ပွဲ...

AFF Shopee Cup ဝင်ရောက်ခွင့်အတွက် ခြေစစ်ပွဲကို ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း...

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို...

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ယနေ့ ဇူလိုင် ၄ ရက်၌ မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။ မိုး/ဇလ၏ အသိပေးချက်အရ ပဲခူးမြစ်ရေသည်...

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ပြည်နယ် ၃ ခုတို့တွင်...

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဇူလိုင် ၃ ရက်မှ ဇူလိုင် ၅ရက်နေ့အတွင်း စံချိန်တင်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က...
HomeNewsLocal NewsJLPT က ယခုနှစ်...

JLPT က ယခုနှစ် ဒီဇင်ဘာလစာမေးပွဲအတွက် ရောင်းချပြီးသည့် လျှောက်လွှာ အရေအတွက်များအား ထုတ်ပြန်ကြေညာ

JLPT က ယခုနှစ် ဒီဇင်ဘာလစာမေးပွဲအတွက် ရောင်းချပြီးသည့် လျှောက်လွှာ အရေအတွက်များအား ထုတ်ပြန်ကြေညာ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ စာမေးပွဲကျင်းပရေးကော်မတီ(JLPT)က ၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် ရောင်းချပြီးသည့် လျှောက်လွှာအရေအတွက်များအား ယနေ့ သြဂုတ် ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်စာဖြေဌာနအတွက် N3 Level ၊ N4 Levelနှင့် N5 Level ကျောင်းသားများအတွက် လက်ခံ/ရောင်းချပြီးသည့် စုစုပေါင်းအရေအတွက်သည် ၂၅၈၆၈ ဦးရှိကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။


ယင်းအရေအတွက် အနက်၂၀၂၂ခုနှစ် ဇူလိုင်လ စာမေးပွဲတွင် Online form တင်ခဲ့ပြီး ဖြေဆိုခွင့်မရခဲ့သည့်ကျောင်းသား၊ သူများအတွက် ဉီးစားပေး လက်ခံပြီးသော အရေအတွက် သည် N3 Level  ၉၉၉ ဦး၊ N4 Level ၂၀၈၄ ဦးတို့ဖြစ်ပြီး၊ ကျောင်းများသို့ရောင်းချပြီးသည့်အရေအတွက် သည် ၁၈၀၃၅ ဦးတို့ဖြစ်ကြောင်းသိရသည်။

ယင်းသည် ရန်ကုန်စာဖြေဌာနအတွက် စုစုပေါင်းရောင်းချရန် စီစဉ်ထားသော အရေအတွက်၏ တဝက်ခန့်ဖြစ်ပြီး၊ တစ်ဦးချင်း (N5Level) အတွက် ရောင်းချပြီးသည့်အရေအတွက်  ၄၇၅၀ ဦးရှိကြောင်းသိရသည်။


အလားတူ မန္တလေးစာဖြေဌာနအတွက် တစ်ဉီးချင်း Level အလိုက်ရောင်းချပြီးသည့် အရေအတွက်များသည် N1 Level  ၁၀၀ ဉီး ၊ N2 Level  ၃၀၀ ဉီး၊ N3 Level  ၅၅၆ ဦးဖြစ်သောကြောင့် စုစုပေါင်း ရောင်းချပြီးသည့် အရေအတွက်သည် ၉၅၆ ဦး ရှိကြောင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သော သြဂုတ် ၅ရက်နေ့မှစ၍ စာမေးပွဲလျှောက်လွှာများရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ပြီး၊ Level အားလုံးအတွက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲလျှောက်လွှာရောင်းချခြင်းကို မပြုလုပ်တော့ဘဲ ကျန်ရှိသော စာမေးပွဲလျှောက်ထားခြင်းအတွက် Online စနစ်ဖြင့်သာ လက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် စာမေးပွဲကျင်းပရေးကော်မတီက Online စနစ်ဖြင့် လက်ခံသွားမည့်အရေအတွက်မှာ ကနဉီးလျာထားသည့် စာမေးပွဲဖြေဆိုသူအရေအတွက်ထက် တိုးမြှင့်နိုင်ရန် ညှိနှိုင်းလျက်ရှိပြီး၊ မကြာမီရက်အတွင်း ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုံစာ – JLPT ဖောင်ဖြည့်နေကြသော ကျောင်းသားများ

Photo Credit

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AFF Shopee Cup ခြေစစ်ပွဲ ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ ယှဉ်ပြိုင်ကစားရမည်

AFF Shopee Cup ဝင်ရောက်ခွင့်အတွက် ခြေစစ်ပွဲကို ရှမ်းယူနိုက်တက်အသင်း နှင့် လာအို EZRA FC အသင်းတို့ အိမ်ကွင်း/အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်ကြောင်း အသင်းက အသိပေးထားသည်။ အဆိုပါ ခြေစစ်ပွဲနှစ်ပွဲအနက် တစ်ပွဲမှာ လာအိုနိုင်ငံတွင်တစ်ကျော့၊ မြန်မာနိုင်ငံတွင် တစ်ကျော့ ယှဉ်ပြိုင်ကစားကြရမည်ဖြစ်သော်လည်း ခြေစစ်ပွဲ ကစားရမည့် ရက်များကိုတော့ ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၄ ရက်က ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် AFF Shopee Cup Official Draw 2025/26 အခမ်းအနားကို ရှမ်းယူနိုက်တက်အသင်း...

ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း ထရမ့်ဆို

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် ယူကရိန်းအခြေအနေအပေါ် မကျေနပ်ကြောင်းနှင့် တိုးတက်မှုမရှိသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ပြောကြားခဲ့သည်။ “အီရန်အပါအဝင် ကိစ္စအများကြီးကို ကျွန်တော်တို့ ပြောခဲ့ကြပြီး ယူကရိန်းစစ်ပွဲအကြောင်းလည်း ပြောခဲ့တယ်။ အဲဒီ (အခြေအနေ) ကို ကျွန်တော် ဘဝင်မကျပါဘူး” ဟု ထရမ့်က ဝါရှင်တန်အနီးရှိ Joint Base Andrews တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ပဋိပက္ခဖြေရှင်းရေးကို ရည်ညွှန်း၍ "ကျွန်တော် ဘာတိုးတက်မှုမှ မရခဲ့ဘူး" ဟုလည်း သူက အလေးပေး...

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

ပဲခူးမြစ်ရေနှင့် မဒေါက်မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ယနေ့ ဇူလိုင် ၄ ရက်၌ မိုး/ဇလက အသိပေးထုတ်ပြန်ထားသည်။ မိုး/ဇလ၏ အသိပေးချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၌ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာ ရှိသည့်အနက် ယနေ့ ၁၂ နာရီခွဲအချိန်တွင် ၈၆၆ စင်တီမီတာသို့ ရောက်ရှိနေကာ နောက်တစ်ရက်အတွင် စိုးရိမ်ရေမှတ်ကို ရောက်နိုင်ကြောင်း ဆိုသည်။ ယခုလ ဇူလိုင် ၁ ရက်နေ့က ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် မြေနိမ့်ပိုင်းများ၌ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြေနိမ့်ပိုင်းတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071