Item မှ ဦးဆောင်ပြီး ကိုဗစ်လူနာတွေ ကုသမှုပေးနိုင်တဲ့ သုဝဏ္ဏ(ကမာကြည်)ကိုဗစ်ကုသရေးစင်တာကို မကြာခင်ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ကိုဗစ်လူနာ ၁၆၀ ကိုကုသမှုပေးနိုင်မှာဖြစ်ပြီး လူနာစတင်လက်ခံမယ့်နေ့ ကိုတော့ ပေ့ချ်မှာအသိပေးကြေငြာသွားမယ် လို့လည်း သိရပါတယ်။
သုဝဏ္ဏ(ကမာကြည်)ကိုဗစ်ကုသရေးစင်တာ တည်ဆောက်မှုဟာ ၈၅%အထိ ပြီးစီးသွားပြီးဖြစ်ပြီး အောက်ဆီဂျင်လိုအပ်ချက်ကိုပါ ဖြည့်တင်းနိုင်ဖို့ oxygen plant ပါ တည်ဆောက်သွားမယ်လို့သိရပါတယ်။
လာရောက်ကုသသူတွေနဲ့ စေတနာရှင်ပရဟိတ ဝန်ထမ်းတွေအတွက် နံနက်စာ၊နေ့လည်စာ နဲ့ ညစာတိုကို အခမဲ့ ကျွေးမွေးမှာဖြစ်ပြီး ပရဟိတဝန်ထမ်းတွေအတွက် ကာကွယ်ရေးပစ္စည်းအပြည့်အစုံနဲ့ နေထိုင်ဖို့အတွက်ပါ ကူညီပေးမယ်လို့ Item မှ ပြောပါတယ်။
အသေအပျောက်များခဲ့တဲ့ တတိယလှိုင်းအတွင်း Item ဟာ ပြည်သူတွေလိုအပ်နေတဲ့ အောက်ဆီဂျင်တွေကိုလည်း အခမဲ့လှူဒါန်းပေးခဲ့တဲ့အပြင် အောက်ဆီဂျင်လိုအပ်နေတဲ့လူနာတွေကို အိမ်တိုင်ရာရောက် အောက်ဆီဂျင်ပို့ဆောင်တာတွေပါ ကူညီခဲ့ပါတယ်။