Thursday, April 30, 2026

ကိုရီးယားနိုင်ငံ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး...

ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေါ် ဇနီးဖြစ်သူအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိ ပုံသွင်းစက်ရုံတစ်ရုံ၌...

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀...

"ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ"ဖွဲ့စည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုးကာ "ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ"ကိုဖွဲ့စည်းကြောင်း...

နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား လွတ်ငြိမ်းခွင့်ပေးပြီး...

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်နှင့် အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ချမှတ်လိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင်...

အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင်...
HomeMoviesInstagram ပို့စ်တစ်ခုတွင် ထရမ့်၏အသက်ကို...

Instagram ပို့စ်တစ်ခုတွင် ထရမ့်၏အသက်ကို ခြိမ်းခြောက်မှုဖြင့် FBI ညွှန်ကြားရေးမှူးဟောင်း တရားစွဲဆိုခံရ

အမေရိကန်သမ္မတကို ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေး (James Comey) သည် ဒေါ်နယ်ထရမ့်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့မှုဖြင့် စွဲချက်တင်ခံရကြောင်း၊ ယခင်က သူ့အပေါ် စွဲဆိုထားသည့် အမှုတစ်ခု ပယ်ချခံရပြီး ၅ လအကြာ အင်္ဂါနေ့တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိမ်ဖြူတော် သတင်းထောက်များအသင်းက ကြီးမှူးကျင်းပသည့် ဝါရှင်တန်ညစာစားပွဲတစ်ခုတွင် ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းသည်ဟု စွပ်စွဲခံရသူ သေနတ်သမားတစ်ဦး အဖမ်းခံရပြီး ၃ ရက်အကြာတွင် ကိုမေးအပေါ် ယခုကဲ့သို့ စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

အသက် ၆၅ နှစ်အရွယ်ရှိ ကိုမေးသည် ပြီးခဲ့သည့်နှစ် မေလအတွင်းက Instagram တွင် ခရုခွံလေးများဖြင့် “86 47”ဟု ပုံဖော်ထားသည့် ဓာတ်ပုံတစ်ပုံကို တင်ခဲ့ရာမှ မြောက်ကာရိုလိုင်းနားပြည်နယ်တရားရုံစ ၏ စွဲချက်တင်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုစဉ်က Fox News နှင့် အင်တာဗျူးတစ်ခုတွင် ထရမ့်က “86” ဆိုသည်မှာ သတ်ဖြတ်ခြင်း (kill) ဟု အဓိပ္ပာယ်ရသည့် အသုံးအနှုန်းဖြစ်ပြီး “47” မှာ သူသည် အမေရိကန်၏ ၄၇ ဦးမြောက် သမ္မတဖြစ်လာမည့်အပေါ် ရည်ညွှန်းခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

“အဲဒါ ဘာကိုဆိုလိုတယ်ဆိုတာ သူ အတိအကျသိတယ်၊ အဲဒါက လုပ်ကြံသတ်ဖြတ်ဖို့ကို ဆိုလိုတာပဲ” ဟု ထရမ့်က ပြောကြားခဲ့သည်။

ကိုမေးကမူ အဆိုပါစွဲချက်များကို ဂရုမစိုက်ဘဲ ပယ်ချခဲ့ပြီး တရားရင်ဆိုင်သွားမည်ဟု ကတိပြုခဲ့သည်။

“ကဲ… အခုတော့ လွန်ခဲ့တဲ့ တစ်နှစ်က မြောက်ကာရိုလိုင်းနား ကမ်းခြေမှာ ရိုက်ထားတဲ့ ခရုခွံပုံလေးနဲ့ ပတ်သက်ပြီး သူတို့ တစ်ခါ ပြန်လာကြပြန်ပြီပေါ့၊ ဒါက ဒီမှာတင် ရပ်သွားမှာ မဟုတ်ပါဘူး” ဟု ကိုမေးက လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည့် ဗီဒီယိုထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

“ကျွန်တော် အပြစ်မရှိသေးဘူး၊ ကျွန်တော် မကြောက်သေးဘူး၊ လွတ်လပ်တဲ့ ဖက်ဒရယ်တရားစီရင်ရေးစနစ်ကိုလည်း ကျွန်တော် ယုံကြည်နေဆဲပဲ၊ ဒါကြောင့် ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့”

ခရုခွံပုံစံဖြင့် ဖော်ပြထားသော “86 47” ရည်ညွှန်းချက်သည် “အမေရိကန်ပြည်ထောင်စု သမ္မတကို ထိခိုက်နာကျင်စေရန် ရည်ရွယ်သည့် ပြင်းထန်သော ဖော်ပြချက်” ဖြစ်သည်ဟု အဆိုပါစွဲချက်တွင် ဆိုထားသည်။

ရှေ့နေချုပ်ဖြစ်သူ တော့ဒ် ဘလန့်ချ်ကလည်း ကိုမေးသည် “အမေရိကန်သမ္မတ၏ အသက်ကို နုတ်ယူရန်နှင့် ကိုယ်ခန္ဓာ ထိခိုက်နာကျင်စေရန် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်မှု” တစ်ခုအပါအဝင် ပြည်နယ်အချင်းချင်း ခြိမ်းခြောက်မှုပြုလုပ်ခြင်းဖြင့် စွဲချက်တင်ခံထားရကြောင်း ပြောကြားခဲ့သည်။

စွဲချက်တစ်ခုစီအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည်။

“ဘယ်သူ့အသက်ကိုပဲဖြစ်ဖြစ် ခြိမ်းခြောက်တာဟာ အန္တရာယ်ရှိသလို ရာဇဝတ်မှုလည်း မြောက်နိုင်တယ်လို့ ပြောရင် တရားမျှတမယ် ထင်ပါတယ်၊ အမေရိကန်သမ္မတရဲ့ အသက်ကို ခြိမ်းခြောက်တာကိုတော့ တရားရေးဌာနက ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး” ဟု ဘလန့်ချ်က ဆိုသည်။

ကိုမေးသည် ထိုစဉ်က Instagram ပို့စ်အတွက် တောင်းပန်ခဲ့ပြီး “ဒီဂဏန်းတွေကို အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး တချို့လူတွေက တွေးတောကြလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိပါဘူး” ဟု ပြောကြားခဲ့သည်။

“အဲဒါမျိုး ဘယ်တုန်းကမှ စိတ်ထဲမရှိခဲ့ပေမဲ့ ကျွန်တော်က ဘယ်လို အကြမ်းဖက်မှုကိုမဆို ဆန့်ကျင်တဲ့သူဖြစ်လို့ အဲဒီပို့စ်ကို ဖြုတ်ချလိုက်ပါတယ်” ဟု ကိုမေးက ဆိုခဲ့သည်။

ကိုမေးသည် ပြီးခဲ့သည့် စက်တင်ဘာလကလည်း လွှတ်တော်တွင် မမှန်မကန် ထွက်ဆိုမှုနှင့် လွှတ်တော်လုပ်ငန်းစဉ်များကို နှောင့်ယှက်မှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရသေးရာ၊ ယင်းသည် ရီပတ်ဘလီကန်သမ္မတက ၎င်း၏ နိုင်ငံရေးအတိုက်အခံအပေါ် လက်စားချေမှုအဖြစ် လူအများက ရှုမြင်ခဲ့ကြသည်။

ထရမ့်ကို ဝေဖန်သူ နောက်တစ်ဦးဖြစ်သည့် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန် ဘော်လ်တန် (John Bolton) မှာလည်း လျှို့ဝှက်အချက်အလက်များကို ဖြန့်ဝေခြင်းနှင့် သိမ်းဆည်းထားခြင်းတို့ဖြင့် စွဲချက်တင်ခံထားရသည်။

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဒစ်ခ် ဒါဘင် (Dick Durbin) က ကိုမေးအပေါ် ယခုကဲ့သို့ တရားစွဲဆိုမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး အခြေအမြစ်မရှိသည့် “သေးသိမ်သော လက်စားချေမှု” ဟု ခေါ်ဆိုခဲ့သည်။

“ဒါဟာ ရန်ငြိုးကြီးတဲ့ သမ္မတတစ်ယောက်အတွက် လက်နက်သဖွယ် အသုံးချခံနေရတဲ့ တရားရေးဌာနက နောက်ထပ်တစ်ကြိမ် အငြိုးအတေးနဲ့ လုပ်ဆောင်တာပဲ ဖြစ်ပါတယ်” ဟု ဒါဘင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုမေးကို ၂၀၁၃ ခုနှစ်တွင် သမ္မတဟောင်း ဘားရက်အိုဘားမားက FBI အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၆ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်များက မော်စကိုနှင့် ပူးပေါင်းကြံစည်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေစဉ်အတွင်း ၂၀၁၇ ခုနှစ်တွင် ထရမ့်က သူ့ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

စက်တင်ဘာလအတွင်း ကိုမေးအပေါ် စွဲချက်တင်မှုများသည် သမ္မတထရမ့်က FBI ညွှန်ကြားရေးမှူးဟောင်းနှင့် အခြားသူများကို အရေးယူရန် ထိုစဉ်က ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို လူသိရှင်ကြား တိုက်တွန်းခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းသည် တရားရေးဌာနသည် အိမ်ဖြူတော်၏ ဖိအားများမှ ကင်းလွတ်ရမည်ဆိုသည့် မူဝါဒကို သိသိသာသာ ချိုးဖောက်လိုက်ခြင်းလည်း ဖြစ်သည်။

ဘွန်ဒီသည် ယခုလအတွင်းတွင်ပင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး၊ ထိုသို့ထုတ်ပယ်ရခြင်းမှာ ထရမ့်၏ နိုင်ငံရေးအတိုက်အခံများကို စွဲချက်တင်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်ဟု သတင်းများက ဆိုသည်။

ရာထူးလက်ခံပြီးကတည်းက ထရမ့်သည် သူ့အပေါ် သစ္စာမရှိဟု ယူဆရသည့် အစိုးရအရာရှိများကို ဖယ်ရှားခြင်း၊ ယခင်က ၎င်းအပေါ် စွဲဆိုခဲ့သော အမှုများတွင် ပါဝင်ခဲ့သည့် ဥပဒေအကျိုးဆောင်အဖွဲ့များကို ပစ်မှတ်ထားခြင်းနှင့် တက္ကသိုလ်အချို့ကို ဖက်ဒရယ်ရန်ပုံငွေ ဖြတ်တောက်ခြင်း အစရှိသည့် လက်စားချေ အရေးယူမှုများစွာကို ပြုလုပ်ခဲ့သည်။

ဘွန်ဒီ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် လက်ရှိရှေ့နေချုပ်အဖြစ် ခန့်အပ်ခံရသူ ဘလန့်ချ်ကမူ အတိုက်အခံများအပေါ် စုံစမ်းစစ်ဆေးမှုများကို ကာကွယ်ပြောဆိုခဲ့သည်။

“အဲဒီအမှုတွေထဲက တချို့ဟာ သမ္မတနဲ့ အတိတ်မှာ ပြဿနာရှိခဲ့ဖူးသူတွေ ဒါမှမဟုတ် စုံစမ်းစစ်ဆေးခံရသင့်တယ်လို့ သမ္မတ ယုံကြည်ထားတဲ့သူတွေ ပါဝင်နေတာတော့ အမှန်ပါပဲ၊ ဒါဟာ သမ္မတရဲ့ ရပိုင်ခွင့်ဖြစ်သလို၊ တကယ်တော့ ဒါဟာ သူလုပ်ဆောင်ရမယ့် တာဝန်လည်း ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုရီးယားနိုင်ငံ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး ၏ ဇနီးအပေါ် လိုအပ်သည်များ သံရုံး ကူညီ

ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေါ် ဇနီးဖြစ်သူအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိ ပုံသွင်းစက်ရုံတစ်ရုံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသား မောင်စန်းယုသည် မတ် ၂၄ ရက်တွင် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံတက်ရောက်ကုသစဉ် သေဆုံးသွားခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာသံရုံးဆိုးလ်မြို့က ကျန်ရစ်သူမိသားစု ကိုရီးယားနိုင်ငံသို့ လာရောက်ပြီး ဈာပနကျင်းပနိုင်ရေးအတွက် ဗီဇာရရှိရေး အချိန်မီကူညီဆောင်ရွက်ပေးကာ ရသင့်ရထိုက်သည့်အခွင့်အရေးများ အပြည့်အဝရရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အလုပ်သမားသံအရာရှိ၊ အလုပ်သမားဝန်ကြီးဌာနနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးထားသော...

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုး

"ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ"ဖွဲ့စည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုးကာ "ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ"ကိုဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန် ကြားချက်အမှတ် ၁/ ၂ဝ၂၆ ဖြင့် ဧပြီ ၂၉ ရက်က ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်အဖြစ် ထုတ်ပြန်ခဲ့သည်။ တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီသည် ခရိုင်အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရန် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ် ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အ တည်ပြုချက်ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။ ကော်မတီကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးက...

နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား လွတ်ငြိမ်းခွင့်ပေးပြီး ပြည်နှင်ဒဏ်ချမှတ်

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်နှင့် အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသားအကျဉ်းသား/သူ ၁၁ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ချမှတ်လိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် အမိန့်အမှတ် ၅၂/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ ထုတ်ပြန်ချက်အရ ယင်းလွတ်ငြိမ်းခွင့်ကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသည့်အနေဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပေးအပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ နိုင်ငံတော်သမ္မတသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်”...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071