စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့(M.A. Buddhism)သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် သာသနဓဇ ဓမ္မာစရိယဘွဲ့ရရှိပြီးသူများ (သို့) B.A ဘွဲ့ရရှိထားသူများ(သို့) B.Sc ဘွဲ့ရရှိထားသူများဖြစ်သည့် ရဟန်း၊ သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ်များလာရောက်လျှောက်ထားနိုင်ကာ ဝင်ခွင့်လျှောက်လွှာများအား ဇွန် ၂၀ ရက်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အတူ IBEC ဗုဒ္ဓတက္ကသိုလ်၌ ပါရဂူဘွဲ့သင်တန်းများကိုလည်း ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်စတင်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။