စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နိုဝင်ဘာ ၁၃ ရက်နံနက်ပိုင်းက စစ်ကိုင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်း မာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ကျန်းမာရေးစစ်ဆေးမှုများအနေဖြင့် တစ်ကိုယ်ရေ ကိုယ်ကာယကျန်းမာရေး၊ သွားကျန်းမာရေးတို့ကို စစ် ဆေးပေးခြင်း၊ ကျန်းမာရေးဆိုင်ရာအသိပညာများ မျှဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
