ပေါ်ပြူလာ ကံကြမ္မာမြင်ကွင်း
Unicode ဖောင့်သို့ပြောင်းရန်
.
Unicode ဖောင့်သို့ပြောင်းရန်
.
အားပြိုင်မှုအချို့တော့ ရှိနေလိမ့်မည်။ ဘဝအတွက် ဆုံးဖြတ်ချက်မှန်ကန်နေလိမ့်မည်။ အတွေးအခေါ် မြင့်မားနေလိမ့်မည်။ စိတ်ဓာတ်ရင့်ကျက် နေမည်။ ကျန်းမာရေးအတွက် မတ်မတ်ရပ်၊ မတ်မတ်ထိုင်၊ မတ်မတ်လမ်းလျှောက်ပါ။
ဆန္ဒနှင့်ဘဝတစ်ထပ်တည်းကျလိမ့်မည်။ ရာထူးကောင်းနေရာကောင်း ပြောင်းရွှေ့ရလိမ့်မည်။ နိုင်ငံရပ်ခြားခရီးအတွက် အဆက်အသွယ်ကောင်း ရရှိလိမ့်မည်။ လုပ်ငန်းသစ်ကိစ္စ Óဏ်ကောင်းသလောက် အကျိုးဖြစ်ထွန်းလိမ့်မည်။
အချစ်ရေးမှာ အချစ်မြားနတ်မောင်က သင့်ကို မျက်နှာသာပေးနေလိမ့်မည်။ အချစ်ခရီးလမ်းက ချောမွေ့နေလိမ့်မည်။
၂.၅.၈
ပန်းရောင်။
ဘုရားမှာ လင်ဗန်းနှင့် လက်ဖက်လှူပါ။
အန္တရာယ်ကင်းပြီး အတားအဆီး အနှောင့်အယှက်တွေ ကင်းနေလိမ့်မည်။ သူတစ်ပါးကို အကောင်းမြင် ချီးမွမ်းတတ်သဖြင့် လူချစ်လူခင်များမည်။ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
လိမ္မာပါးနပ်စွာ ပေါင်းသင်းဆက်ဆံတတ်သောကြောင့် ရောင်းမှု၊ ဝယ်မှုများ အိုကေမည်။ လုပ်ချင်သည်ထက် လုပ်နိုင်သည့် လုပ်ငန်းကို ရွေးလုပ်ပါ။
ချစ်သူက သင့်အနားမှာပါ။ ယောက်မခါးကြားထိုးပြီး လိုက်ရှာမနေပါနှင့်။ အချစ်ရေးမှာ ရွှေရောင်အနာဂတ်ကို ပိုင်ဆိုင်ရလိမ့်မည်။
၃.၆.၉
ရွှေရောင်။
သံဃာတော်ကို ဆန်၊ ဆီ၊ ဆေးနှင့် ငွေလှူပါ။
သတ္တိအားမာန်ပြည့်ဝနေလိမ့်မည်။ ဘာသာရေးဆိုင်ရာ အလှူအတန်းများကို ပြုလုပ်ခွင့်ရရှိလိမ့်မည်။ ကျန်းမာရေးအတွက် ဆေးဝါးကို မှန်မှန်မှီဝဲသည့်အပြင် တည့်သောအစာကို စားပါ။
စာချုပ်ချုပ်ဆိုမှု ကိစ္စတို့ ကြုံရလိမ့်မည်။ ဆန်းသစ်တီထွင်မှုတို့ အောင်မြင်ပါလိမ့်မည်။ အကွက်မြင်နေမည်။ အမြင်ကျယ်ခြင်းကြောင့် ဈေးကွက်သစ်ကို ချဲ့ထွင်နိုင်လိမ့်မည်။
အချစ်ရေးက သင့်ဘဝအတွက် ခလုတ်ကန်သင်းဖြစ်နေလိမ့်မည်။ ချစ်သူက ပြောသော ပုံပြင်များကို ယုံမှတ်ကာ နားထောင်နေမိမည်။
၁.၄.၇
ခရမ်းရောင်ရောင်။
သီလခံယူပြီး ဓမ္မစကြာရွတ်ဖတ်ပါ။
ဘဝလှိုင်းဒဏ်မှ လွတ်မြောက်မည်။ ပတ်ဝန်းကျင်မှာ စူပါစတား ဖြစ်နေလိမ့်မည်။ ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းနေလိမ့်မည်။
အတွေးစိတ်ကူးများ ပီပြင်နေလိမ့်မည်။ ပြောင်းလဲမှုများနှင့် အကျိုးပေးပါလိမ့်မည်။ လုပ်ငန်းသစ်၊ ဈေးကွက်သစ်၊ အိုင်ဒီယာသစ်ကို လက်တွေ့ အကောင်အထည်ဖော်ခွင့်ပေါ်မည်။
မိမိထက် အသက်ကြီးသူ၊ ဂုဏ်ကြီးသူကို ချစ်မိကြိုက်မိတတ်သည်။ ချစ်သူ၏ နွေးထွေးသော ရင်ခွင်မှာ ခိုလှုံခွင့်ရရှိလိမ့်မည်။
၁.၂.ဝ
ကြည်ပြာရောင်။
မွေးနံထောင့်မှာ အောင်သပြေလှူပါ။
အခက်အခဲ အန္တရာယ်များ ကင်းဝေးနေလိမ့်မည်။ ကျန်းမာရေး ကောင်းမွန်စေရန် ရသာခြောက်ပါးကို မျှတစွာ စားသောက်သင့်သည်။
ပြောသင့်ပြောထိုက်သော စကားကို အကုန်အစင်ပြောသဖြင့် အရောင်းအဝယ် အဆင်ပြေမည်။ အံ့အားသင့်စရာ ဝင်ငွေကောင်းများ ရရှိလိမ့်မည်။
ကောင်းသော ပြောင်းလဲမှုအချို့နှင့် ကြုံမည်။ အရာရာက သင့်အပေါ်မှာ မူတည်နေသည်။ ချစ်ခွင့်ပန်လာသူကို သေသေချာချာလေ့လာပြီးမှ လက်ခံသင့်သည်။
၁.၄.ဝ
အညိုရောင်။
သီလခံယူပြီး (၂၄) ပစ္စည်း ပဋ္ဌာန်းရွတ်ဖတ်ပါ။
ရည်ရွယ်ချက်များပြားနေတတ်သည်။ ရပ်ဝေးခရီးကိစ္စက စီစဉ်ထားသကဲ့သို့ အဆင်ပြေမည်။ ဘဝအတွက် ကောင်းမွန်သော အပြောင်းအလဲ များကို ဖန်တီးခွင့်ရရှိလိမ့်မည်။ ကျန်းမာစေရန် မိမိကိုယ်မိမိ ဂရုစိုက်ကာ စောင့်ရှောက်သင့်သည်။
တီထွင်ကြံဆဉာဏ်ကောင်းမွန်နေလိမ့်မည်။ အိုင်တီနည်းပညာရပ်များကို အသုံးချပြီး အကျိုးဖြစ်ထွန်းခွင့်ရမည်။ စီးပွားရေးနယ်ပယ်မှာ ခြေလှမ်းမြန်၊ ခြေလှမ်း သွက်လွန်းနေမည်။
ချစ်သူက ပင်ကို စိတ်ထားဖြူစင်သူ၊ ကြင်နာတတ်သူဖြစ်နေလိမ့်မည်။ အချစ်ရေးမှာ တွေ့သူချစ်၊ ချစ်သူတွေ့ပါလိမ့်မည်။
၁.၄.၉
ကြက်သွေးရောင်။
ဗောဇ္ဈင်သုတ်ရွတ်ဖတ်ပါ။
ခရီးသွားရင်း အတွေ့အကြုံအသစ်အဆန်းများ၊ မိတ်သစ်၊ ဆွေသစ်များ ရရှိလိမ့်မည်။ ဘာသာစကားဆိုင်ရာ သင်တန်းတက်ရောက်ခွင့် ရရှိမည်။ ကျန်းမာရေးအတွက် ခြေလေးချောင်းသားကို ရှောင်ပါ။
ဆုံးရှုံးထားသော ငွေကြေးများ ပြန်လည်ရရှိလိမ့်မည်။ အခက်အခဲကြားထဲမှာ အခွင့်အရေးကို ရှာဖွေတွေ့ရှိလိမ့်မည်။ လက်ဖျားမှာ ငွေသီးစေမည့် သော့ချက်ကို ရှာဖွေတွေ့ရှိလိမ့်မည်။
အချစ်ရေးမှာ လှပလွန်းသော အချစ်မျက်ဝန်းပိုင်ရှင်လေးနှင့် ဆုံစည်းရင်ခုန်ခွင့်ရရှိလိမ့်မည်။ သင့်အချစ်ရေးကံကောင်းမွန်မှုကို လူတကာက အားကျအတုယူ နေရလိမ့်မည်။
၁.၄.၃
အဖြူဆွတ်ဆွတ်။
သီလခံယူပြီး သစ်သီးဆွမ်းကပ်လှူပါ။