Grand Royal အရက်ချက်စက်ရုံ၏မီးလောင်မှုအား Level 3 သတ်မှတ်၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ယာဉ်အုပ်စုနှင့်ရန်ကုန် တိုင်းအတွင်းရှိ မီးသတ်စခန်းများမှမီးသတ်ယာဉ် ၆၀ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄၅၀ ဦး၊အရန်မီး သတ်တပ်ဖွဲ့ဝင် ၁၀ဝ ဦး(စုစုပေါင်း ၅၅၀ ဦး)ဖြင့်ငြှိမ်းသတ်ခဲ့သည်ဟုသိရှိရသည်။
မီးလောင်ကျွမ်းမှုကြောင့် စက်ရုံရှိ RF 96% အရက်ဆီဂါလန် (၅၀၀၀၀)ဆံ့ Tank (၃)လုံး၊ RF 50% အ ရက်ဆီလီတာ (၂၀၀၀၀)ဆံ့ Tank (၆)လုံးနှင့် ဂို ဒေါင်(၃)လုံးမီးလောင်ကျွမ်းလျက်ရှိပြီး မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်စဉ် ညနေ ၅ နာရီခွဲတွင် စက်ရုံအတွင်းမှပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ထို့ကြောင့် မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး၌ ဒဏ်ရာအချို့ရရှိခဲ့၍ ဆေးကုသမှုခံယူရန် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စိစစ်တွက်ချက် လျက်ရှိကာ မီးသတ်တပ်ဖွဲ့ဝင်များကလည်း မီးငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။
Photo Credit _သုခကာရီ လူမှုကယ်ဆယ်ရေးအသင်း























