ယမန်နေ့ (အောက်တိုဘာ၁၁ရက်) က ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်များ၊တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများနှင့် တွေ့ဆုံပွဲတွင် ထိုသို့သိရခြင်း ဖြစ်သည်။
လက်ရှိတွင် ထိုသို့ဆောင်ရွက်နိုင်ရန် TOTသင်တန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ ဆောင်ရွက်မည့် တတိယမြောက်မဟာဗျူဟာစီမံကိန်းကို “ပြည်သူအတွက်တည်ဆောက်လျက် ဥပဒေယုံကြည်ချက်”ဆိုသည့် ဆောင်ပုဒ်ချမှတ်ခဲ့ကာ ပန်းတိုင်၅ရပ်ဖြင့် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ထို တတိယမြောက်မဟာဗျူဟာစီမံကိန်းတွင် ဥပဒေအသိပညာဆိုင်ရာ ဒီပလိုမာဘွဲ့သင်တန်းဖွင့်လှစ်ခြင်း၊ တက္ကသိုလ်ကျောင်းသားများ၊ ရှေ့နေရှေ့ရပ်များအတွက် ဥပဒေပညာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်း၊ Grade-12 သင်ရိုးညွှန်းတမ်းတွင် ဥပဆဒဘာသာရပ် ထည့်သွင်းပို့ချနိုင်ရန် TOTသင်တန်းများဆောင်ရွက်ခြင်း၊ e-libraryတည်ထောင်ခြင်းစသည့် ပထမဦးစားပေးလုပ်ငန်းအစီအစဉ်များကို စတင်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
