
Galaxy Star အမေ သီချင်းဆိုပြိုင်ပွဲကတော့ ဆုငွေကျပ် သိန်းတစ်ထောင်နဲ့အတူကိုရီးယားနိုင်ငံမှာ အသံသွင်းပြီး ကမ္ဘာကို ဖြန့်ချိမယ့် တေးစီးရီးတစ်ခွေထွက်ရှိခွင့်ဆုကိုရရှိမှာဖြစ်တာကြောင့် ပရိသတ်ကြားမှာရော ပြိုင်ပွဲဝင်များကြားမှာပါ စိတ်ပါဝင်စားမှုရှိနေတဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်လျက်ရှိတဲ့ ဖြူဖြူကျော်သိန်းက ဒီပြိုင်ပွဲမှာလာရောက်ယှဉ်ပြိုင်ကြသူတွေကိုကြည့် ပြီး ကြက်သီးထမိတယ်လို့ဆိုပါ တယ်။
” တစ်ခါတလေမှာ ရွေးချယ်ရခက်တဲ့ အပိုင်းတွေ အများကြီးရှိခဲ့တယ်။ ဖြူဖြူတို့ အကဲဖြတ်ဒိုင်တွေ တွေအနေနဲ့ဆုံးဖြတ်ထားတာက ရွေးလိုက်တဲ့ သူသည် ဖြူဖြူတို့ထက်သာတဲ့သူ ဖြစ်ရမယ်။ ဒါက ကမ္ဘာ့ဂီတလောကထိသွားရမယ့် အစီအစဉ်ဆိုတဲ့ အခါမှာဖြူဖြူတို့ နိုင်ငံကထွက်တဲ့ သူကိုအထူးချွန်ဆုံးဖြစ်စေချင်တယ်။ ဒါကြောင့်ဖြူဖြူ တို့အကောင်းဆုံးရွေးချယ်သွားမှာပါ” လို့ဖြူဖြူကျော်သိန်းက ပြောပါတယ်။
အခုနှစ်ထဲမှာတော့ ဖြူဖြူကျော်သိန်းက စီးရီးသစ်အနေနဲ့ ထွက်ရှိလာဖို့မရှိဘဲ သီချင်းတစ်ပုဒ်ချင်းကို Single အနေနဲ့ဖြန့် ချိသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ရဲရဲ
