Wednesday, May 21, 2025

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)...

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့...

ရွေးကောက်ပွဲပြီးချိန်တွင် အနိုင်ရပါတီအားနိုင်ငံတော်တာဝန်များကိုပြန်လည်အပ်နှင်းပေးသွားမည်ဟု နစက ဥက္ကဋ္ဌပြော

ယခုနှစ် ဒီဇင်ဘာလအတွင်း၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ယနေ့ မေ ၂၀ ရက်ကကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် နစက...
HomeInternationalG20 အစည်းအဝေးမတိုင်မီ ဗီယက်နမ်သို့သွားရောက်​နေသည့်...

G20 အစည်းအဝေးမတိုင်မီ ဗီယက်နမ်သို့သွားရောက်​နေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး

G20 အစည်းအဝေးမတိုင်မီ ဗီယက်နမ်သို့သွားရောက်​နေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး

ဟနွိုင်း၊ ဇူလိုင် ၅ ရက်
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာရော့ဗ်သည် လာမည့်အပတ်အတွင်း အင်ဒိုနီးရှား၌ ကျင်းပမည့် G20 အစည်းအဝေးကို မတက်ရောက်မှီဗီယက်နမ်နိုင်ငံသို့ နှစ်ရက်တာ ခရီးစဉ်အဖြစ် ဇူလိုင်လ ၅ ရက်မှ ၇ရက်​နေ့ထိ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း ဗီယက်နမ် အစိုးရက ပြောကြားခဲ့သည်။

လာရော့ဗ်အား ၎င်းတို့နှစ်နိုင်ငံ၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး(၁၀) နှစ်မြောက် အထိမ်းအမှတ်အဖြစ် လာရောက်ရန် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗွီတန်ဆွန်း က ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသို့ လက်နက်အများဆုံးရောင်းချသူမှာရုရှားဖြစ်ပြီး ဗီယက်နမ်နိုင်ငံရှိ အဓိကကျ​သောစွမ်းအင်စီမံကိန်းကြီးများတွင်ရုရှားကုမ္ပဏီများသည်လည်း ပါဝင်ပတ်သက်လျက်ရှိသည်။

၎င်းနှစ်နိုင်ငံသည် ဆိုဗီယက်ခေတ်ကတည်းက ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ပြီး မော်စကိုက အထူးစစ်ဆင်ရေးဟု ခေါ်သည့် ရုရှား-ယူကရိန်းစစ်ပွဲကိုလည်း ဗီယက်နမ်က ယခုအချိန်အထိ ရှုတ်ချခြင်းမရှိသေးချေ။

ထို့အပြင် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားအား ကုလသမဂ္ဂလူအခွင့်အရေးကောင်စီမှ ဆိုင်းငံ့ထားရန် ဧပြီလတွင် ပြုလုပ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ဗီယက်နမ်က ဆန့်ကျင်မဲပေးခဲ့သည်။

ဗီယက်နမ်နှင့် ရုရှားနိုင်ငံကြား ကုန်သွယ်စီးဆင်းမှုသည် ပြီးခဲ့သည့်နှစ်၌ ၂၅ ရာခိုင်နှုန်း မြင့်တက်လာကာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံ အထိ ရှိလာကြောင်း သိရသည်။

လာရော့ဗ်သည် လာမည့်အပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပမည့် စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံများအဖွဲ့ (G20) ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဗီယက်နာမ်မှတဆင့်သွားရောက်မည်ဖြစ်သည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လိုင်စင်မဲ့ယာဥ်များစီးနင်းမှုကို ဖော်ထုတ်အရေးယူရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

လိုင်စင်မဲ့ယာဉ်များဖော်ထုတ်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့တွင် မှာကြားခဲ့ခြင်းဖြစ်သည်။ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များစီးနင်းနေမှုများကို ဖော်ထုတ်ရမည်ဖြစ်ကာ နံပါတ်ပြားအတုပြုလုပ်ခြင်း၊ လိုင်စင်အတုပြုလုပ်ခြင်းများကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ်အရေးယူရမည်ဟု မှာကြားသည်။ " အဲဒီလိုစီးနင်းနေမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ အခွန်အခတွေများစွာနစ်နာရသလို လုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်း အခက်အခဲတွေဖြစ်ပေါ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းနဲ့ပြည်နယ်တွေအလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေစီးနင်းမှုမရှိစေဖို့ကြပ်မတ်ဆောင်ရွက်ကြရပါမယ်"ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။ ထို့အတူ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှလည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်စေသည့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်သွယ်မှုများမရှိစေရန်...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄) သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိ

ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်တွင် လုပ်သားဦးရေ(၄)သိန်းခွဲကျော်လုပ်ကိုင်လျက်ရှိသည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ မေ ၂၀ ရက်နံနက်ပိုင်းကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအထောက်အကူပြုနိုင်သည့် အင်အားများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများဖြစ်ပြီး ယနေ့အချိန်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် MSME လုပ်ငန်းပေါင်း(၈)သောင်းကျော်ရှိသည်ဟု ပြောသည်။ " အဲဒီအထဲကမှ(၄၃၀၀)ကျော်ကို SME Member ကတ်တွေထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဲဒီ MSME လုပ်ငန်း(၈)သောင်းကျော်မှာ လုပ်သားဦးရေ(၄၆၄၀၀၀)ကျော်လုပ်ကိုင်နေကြပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေပါတယ်"ဟု...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်သည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌပြော

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကိုထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၀ ရက်က ဒုတိယနေ့အဖြစ်ဆက်လက်ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်စွမ်းအင်မရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုထိုက်သင့်သလောက်ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရေးအတွက် လျှပ်စစ် ဓာတ်အားပေးစီမံကိန်းများကို ယခင်ကာလများကပင်ချမှတ်ဆောင်ရွက်ခဲ့သော်လည်း ရှိရင်းစွဲလျှပ် စစ်ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှုမရှိခဲ့သဖြင့် လျှပ်စစ်ဓာတ်အားဖူလုံမှုမရှိခြင်းဖြစ်သည်ဟု ပြောသည်။ " ထင်ရှားတဲ့ဥပမာတစ်ခုကိုပြရမယ်ဆိုရင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရမှုမရှိရင် မဂါဝပ် ၆ဝဝဝ ရရှိမှာဖြစ်ပါတယ်။ ရှိပြီးဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ပေါင်းစပ်လိုက်မယ်ဆိုရင် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်တဲ့အနေအထားကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်"ဟု နစက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071