FIFA-MFF ယူ-၁၇ ဒုတိယအကျော့ အုပ်စုအဆင့် ပွဲစဉ် (၁၃) အပြီး အသင်းလိုက်အမှတ်ပေးဇယားရပ်တည်မှု ရလဒ်များ ယနေ့ မေ (၆)ရက်၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိ ပေးထုတ်ပြန်လာခဲ့သည်။
အဆိုပါ FIFA-MFF ယူ-၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)တို့က ပူးပေါင်းကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး၊ ယ မန်နေ့က အုပ်စုအဆင့်ပွဲစဉ်(၁၃) ယှဉ်ပြိုင်ကစားမှုများ ပြီးဆုံးခဲ့ပြီဖြစ်သည်။
အမှတ်ပေးဇယားရလာဒ် ရပ်တည်မှုအရ ရခိုင်ယူနိုက်တက်က (၃၇)မှတ်ဖြင့် အသင်းအားလုံး၏ ထိပ်ဆုံးတွင် ဆက် လ က် ရပ်တည်နေပြီး၊ ရှမ်းယူနိုက်တက်က (၃၁)မှတ်ဖြင့် ဒုတိ ယနေရာ၌ လည်းကောင်း၊ နေပြည်တော်ယူနိုက်တက်က (၂ ၈) မှတ်ဖြင့် တတိယနေရာ၌ လည်းကောင်း၊ ဆုလာဘ်မြင့်မိုရ် အသင်းက (၂၅)ဖြင့် စတုတ္တနေရာ၌ လည်းကောင်း အ သီးသီး ရပ်တည်လျက်ရှိသည်။
အလားတူ ပွဲစဉ် (၁၃)အပြီး ဂိုးအများဆုံးသွင်းယူနိုင်သူစာ ရင်းအရ ဆုလာဘ်မြင့်မိုရ်အသင်းမှ စည်သူဖြိုးက ယခင် (၁၅)ဂိုးသွင်းယူထားရာမှ ယခု (၁၆)ဂိုး ၊ ရခိုင်ယူနိုက်တက်အသင်းမှ ထူးဝဏ္ဏက (၁၂)ဂိုးမှ (၁၄)ဂိုး၊ အာသာဝတီ ယူနိုက်တက်အ သင်းမှ ကောင်းမြတ်အောင်က (၁၀)ဂိုးမှ (၁၁) ဂိုးနှင့် ရှမ်းယူနိုက်တက်မှ ခေးရောင်မင်းလေးက (၉)ဂိုးမှ (၁၃) ဂိုးအထိ အသီး သီးဖြင့် သွင်းယူထားနိုင်ခဲ့သည်။
ပွဲစဉ် (၁၂)နှင့် ပွဲစဉ်(၁၃)အကြား သွင်းဂိုးရယူမှုများအား နှို င်းယှဉ်ကြည့်ပါက ရှမ်းယူနိုက်တက်မှ ခေးရောင်မင်းလေးက (၉)ဂိုးမှ (၁၃)ဂိုးအထိ သွင်းယူထားရာ ပွဲစဉ်(၁၂) ရလဒ်ထက် (၄)ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
FIFA-MFF ယူ-၁၇ ပွဲစဉ် (၁၂) ဒုတိယအကျော့ အုပ်စုပွဲစဉ်များကို အသင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ကာအမှတ်ပေးဇယား ထိပ်ဆုံးရပ်တည်နိုင်မည့်အသင်းမှာ ချန် ပီယံဆုဖလားရရှိမည်ဖြစ်သည်။
