ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံ ဘောလုံးအ ဖွဲ့ချုပ်(MFF) တို့ ပူးပေါင်းကျင်းပနေသည့် FIFA-MFF ယူ- ၁၇ အမှတ်ပေးလိဂ်ပြိုင်ပွဲ ဒုတိယ အကျော့ကို ဧပြီ (၂၆ ) ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။
ယနေ့ ပြန်လည်ကျင်းပမည့် FIFA-MFF ယူ-၁၇ ပြိုင်ပွဲ ပွဲစဉ် (၁၂) တွင် Maubin FC နှင့် City Shwepyithar FC၊ Bur mese Youth FC နှင့် Su Latt Myint Mo FC၊ ဧပြီ (၂၇) ရ က်တွင် Insein City FCနှင့် Shwepyithar United FC၊ Nay pyitaw United FC နှင့် Artharwady FC တို့ ယှဉ်ပြိုင်က စားသွားကြမည်ဖြစ်သည်။
အလားတူ ဧပြီ (၂၈) ရက်တွင် Shan FC နှင့် Phaysimyay FC၊ Royal Yangon FC နှင့် Rakhine United FC တို့ အသီးသီး ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
ပြိုင်ပွဲ ပထမအကျော့ ပွဲစဉ် (၁၁) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက (၁၁) ပွဲကစား၊ (၁၀) ပွဲနိုင်၊ တစ်ပွဲ သရေ၊ ရှုံးပွဲမရှိဘဲ ရမှတ် (၃၁) မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦး ဆောင်နေလျက်ရှိသည်။
အမှတ်ပေးဇယား ဒုတိယ ဦးဆောင်နေသောအသင်းမှာ ရှမ်းအသင်းဖြစ်ပြီး၊ (၁၁) ပွဲကစား၊ ရှစ်ပွဲနိုင် ၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံး၊ ရမှတ် (၂၅ )မှတ်ဖြင့်လည်း ကောင်း၊ နေပြည်တော်ယူနိုက်တက်အသင်းက (၁၁) ပွဲကစား၊ ရှစ်ပွဲနိုင်၊ သုံးပွဲရှုံး၊ ရမှတ် (၂၄) မှတ်ဖြင့် အမှတ်ပေးဇယား တတိယနေရာတွင်လည်း ကောင်း၊ ဆုလာဘ်မြင့်မိုရ်အသင်းက (၁၁) ပွဲကစား၊ ခြောက်ပွဲနိုင်၊ တစ်ပွဲ သရေ၊ လေးပွဲရှုံး၊ ရမှတ် (၁၉) မှတ်ဖြင့် အမှတ် ပေးဇယား စတုတ္ထနေရာတွင်လည်းကောင်း၊ ရွိုင်ရယ်ရန်ကုန်အသင်းက (၁၁) ပွဲ ကစား၊ ငါးပွဲနိုင်၊ တစ်ပွဲသရေ၊ လေးပွဲရှုံး၊ ရမှတ် (၁၆) မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ပဉ္စမနေရာတွင်လည်းကောင်း ရပ်တည်လျက်ရှိသည်။
ပြိုင်ပွဲတွင် အသင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်ကာ နှစ်ကျော့စနစ်ဖြင့် ကျင်းပနေပြီး အမှတ်ပေးဇယားထိပ်ဆုံးရပ်တည်နိုင်သည့်အသင်းမှာ ချန်ပီယံဆုဖလားရရှိမည်ဖြစ်သည်။