FIFA Football for Schools(F4S)အစီအစဉ်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)တို့ကြား သဘောတူနားလည်မှုစာချုပ်ကို ယနေ့ အောက် တိုဘာ ၈ ရက်က နေပြည်တော်၌လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ FIFA Football for Schools(F4S)အစီအစဉ်သည် မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအမြစ်ဖြစ်သည့် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ဘောလုံးအားကစားကို ပိုမိုကစားခွင့်ရရှိရန် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
