Saturday, February 15, 2025

တာချီလိတ်မြို့နယ်တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် Online လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုပြုလုပ်သည့် ထိုင်းနိုင်ငံသားများအပါအဝင် (၂၉)ဦးကို လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များသည် သတင်းအရ ဖေဖော် ဝါရီ...

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကို ပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများတည် ငြိမ်အေးချမ်းရေးပူးပေါင်းဆောင်ရွက်နေမှုများကိုပိုမိုမြှင့်တင်ရန် နစက ဒု-ဝန်ကြီးချုပ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံ ရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီ၊...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်မည့်...

အာဆီယံ-ကိုရီးယား မိတ်ဖက်ဆက်ဆံရေးနှင့်အညီ အကော င်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် မြန်မာနို င်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံ-ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က...

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း မစောတံတားတွင် ခရီးသွားယာဉ် ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွား

ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးမစောတံတား၌ ယနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ထိုသို့ ပိတ်ဆို့ရခြင်းမှာ ယာယီသံဘေလီတံတားအစားကွန်ကရစ်တံတားအသစ်ဆောက်လုပ်ရန်...
HomeNewsLocal NewsFAMEကုမ္ပဏီက ဝန်ထမ်းဖြစ်သူမောင်မျိုးသက်လွင်ကို သိန်း၂၀၀ကျော်တန်...

FAMEကုမ္ပဏီက ဝန်ထမ်းဖြစ်သူမောင်မျိုးသက်လွင်ကို သိန်း၂၀၀ကျော်တန် တိုက်ခန်းပေးအပ်ချီးမြှင့်

FAMEကုမ္ပဏီက ဝန်ထမ်းဖြစ်သူမောင်မျိုးသက်လွင်ကို သိန်း၂၀၀ကျော်တန် တိုက်ခန်းပေးအပ်ချီးမြှင့်

လုယက်သူ နှစ်ဦးကို ပြန်လည်ခုခံရင်းကတဆင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အမှုကနေကွင်းလုံးကျွတ်ပြန်လည်လွတ်မြောက်လာတဲ့ FAME ဆေးဝါးစက်ရုံက ဝန်ထမ်းဖြစ်သူ မောင်မျိုးသက်လွင်ကို FAMEကုမ္ပဏီက တိုက်ခန်းသစ်တစ်ခုဝယ်ပြီး ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

ဒေါက်တာခင်မောင်လွင်က“ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ လုယက်သူနှစ်ဦးကို ခုခံကာကွယ်ရင်း အကျဉ်းထောင်မှာ အမှုရင်ဆိုင်ချိန် ၁ နှစ်နဲ့ ၈ လနီးပါး အကြာမှာ ကွင်းလုံးကျွတ် လွတ်မြောက်လာခဲ့တဲ့ FAME ဝန်ထမ်းဖြစ်သူ မောင်မျိုးသက်လွင်၏ ရဲစွမ်းသတ္တိရှိမှုအား ချီးမြှင့်တဲ့အနေနဲ့ တိုက်ခန်းအသစ်တစ်ခုကို ဝယ်ယူကာ တိုက်ခန်းစာချုပ်နှင့် အခန်းသော့ကို ပေးအပ်ခဲ့ပါတယ်။ FAME က ဝန်ထမ်းများနဲ့ မြန်မာပြည်အနှံ့မှ အလှူရှင်များရဲ့ ထည့်ဝင်လှူဒါန်းငွေ (၈၄) သိန်း၊ ကျန်ငွေကို ကျွန်တော်တို့မိသားစုရဲ့ ဂုဏ်ပြုငွေအဖြစ် စုပေါင်းပြီး ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ မောင်မျိုးသက်လွင် အမှုရင်ဆိုင်နေချိန် ကာလ တစ်လျှောက်လုံး အစစ အရာရာ အဆင်ပြေစေဖို့အတွက် ကျွန်တော့်အနေနဲ့ အကုန်အကျခံကာ ကူညီဆောင်ရွက်ပေးခဲ့တဲ့အပြင် မောင်မျိုးသက်လွင် လွတ်မြောက်လာချိန်မှာလည်း ဥယျာဉ်မှူးဝန်ထမ်းကနေ စက်ရုံလုံခြုံရေးဝန်ထမ်း အဖြစ်သို့ ရာထူးတိုး ချီးမြှင့်ပေးခဲ့ပါတယ်”လို့ သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခန့်က လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်း အနောက်ဘက် မောင်ထွန်းလမ်းဘေးအတွင်းဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မောင်မျိုးသက်လွင်ကို မြောက်ပိုင်းခရိုင်တရားရုံးမှာ ရာဇဝတ်ကြီးအမှတ် ၈၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးခံရပြီး တစ်နှစ်နဲ့ ရှစ်လခန့်အကြာမှာတော့ အမှုကနေ ကွင်းလုံးကျွတ် ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

Zaw Gyi

FAMEကုမၸဏီက ဝန္ထမ္းျဖစ္သူေမာင္မ်ိဳးသက္လြင္ကို သိန္း၂၀၀ေက်ာ္တန္ တိုက္ခန္းေပးအပ္ခ်ီးျမႇင့္

လုယက္သူ ႏွစ္ဦးကို ျပန္လည္ခုခံရင္းကတဆင့္ အမွုဖြင့္ ဖမ္းဆီးထိန္းသိမ္းခံရၿပီးေနာက္ အမွုကေနကြင္းလုံးကၽြတ္ျပန္လည္လြတ္ေျမာက္လာတဲ့ FAME ေဆးဝါးစက္႐ုံက ဝန္ထမ္းျဖစ္သူ ေမာင္မ်ိဳးသက္လြင္ကို FAMEကုမၸဏီက တိုက္ခန္းသစ္တစ္ခုဝယ္ၿပီး ေပးအပ္လိုက္တယ္လို႔ သိရပါတယ္။

ေဒါက္တာခင္ေမာင္လြင္က“ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ လုယက္သူႏွစ္ဦးကို ခုခံကာကြယ္ရင္း အက်ဥ္းေထာင္မွာ အမွုရင္ဆိုင္ခ်ိန္ ၁ ႏွစ္နဲ႔ ၈ လနီးပါး အၾကာမွာ ကြင္းလုံးကၽြတ္ လြတ္ေျမာက္လာခဲ့တဲ့ FAME ဝန္ထမ္းျဖစ္သူ ေမာင္မ်ိဳးသက္လြင္၏ ရဲစြမ္းသတၱိရွိမွုအား ခ်ီးျမႇင့္တဲ့အေနနဲ႔ တိုက္ခန္းအသစ္တစ္ခုကို ဝယ္ယူကာ တိုက္ခန္းစာခ်ဳပ္ႏွင့္ အခန္းေသာ့ကို ေပးအပ္ခဲ့ပါတယ္။ FAME က ဝန္ထမ္းမ်ားနဲ႔ ျမန္မာျပည္အႏွံ့မွ အလွူရွင္မ်ားရဲ့ ထည့္ဝင္လွူဒါန္းေငြ (၈၄) သိန္း၊ က်န္ေငြကို ကၽြန္ေတာ္တို႔မိသားစုရဲ့ ဂုဏ္ျပဳေငြအျဖစ္ စုေပါင္းၿပီး ခ်ီးျမႇင့္ေပးခဲ့တာ ျဖစ္ပါတယ္။ ေမာင္မ်ိဳးသက္လြင္ အမွုရင္ဆိုင္ေနခ်ိန္ ကာလ တစ္ေလၽွာက္လုံး အစစ အရာရာ အဆင္ေျပေစဖို႔အတြက္ ကၽြန္ေတာ့္အေနနဲ႔ အကုန္အက်ခံကာ ကူညီေဆာင္ရြက္ေပးခဲ့တဲ့အျပင္ ေမာင္မ်ိဳးသက္လြင္ လြတ္ေျမာက္လာခ်ိန္မွာလည္း ဥယ်ာဥ္မွူးဝန္ထမ္းကေန စက္႐ုံလုံျခဳံေရးဝန္ထမ္း အျဖစ္သို႔ ရာထူးတိုး ခ်ီးျမႇင့္ေပးခဲ့ပါတယ္”လို႔ သူ႔ရဲ့လူမွုကြန္ရက္ေပၚကေနေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၉ ရက္ ည ၇ နာရီခန႔္က လွိုင္သာယာၿမိဳ႕နယ္ ပန္းလွိုင္ေဂါက္ကြင္း အေနာက္ဘက္ ေမာင္ထြန္းလမ္းေဘးအတြင္းျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး ေမာင္မ်ိဳးသက္လြင္ကို ေျမာက္ပိုင္းခရိုင္တရား႐ုံးမွာ ရာဇဝတ္ႀကီးအမွတ္ ၈၅ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ အမွုဖြင့္ ဖမ္းဆီးစစ္ေဆးခံရၿပီး တစ္ႏွစ္နဲ႔ ရွစ္လခန႔္အၾကာမွာေတာ့ အမွုကေန ကြင္းလုံးကၽြတ္ ျပန္လည္ လြတ္ေျမာက္လာခဲ့တာျဖစ္ပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071