Friday, May 23, 2025

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeArticlesFace ID နည်းပညာတိုးတက်လာမှုနှင့်အနာဂတ်အလားအလာ

Face ID နည်းပညာတိုးတက်လာမှုနှင့်အနာဂတ်အလားအလာ

  ဇီဝဗေဒအချက်အလက်နည်းပညာ လျင်မြန်စွာတိုးတက်လာသည်နှင့်အတူ မျက်နှာသွင်ပြင် လက္ခဏာမှတ်သားသည့် Face ID နည်းပညာသည်လည်း သုံးစွဲသူများအတွက် ဘေးကင်းလုံခြုံ စိတ်ချရမှုကို ပိုမိုပေးစွမ်းလာနိုင်တော့မည်ဖြစ်သည်။ 

မျက်နှာသွင်ပြင်လက္ခဏာမှတ်သားသောနည်းပညာ ပါဝင်သည့် စမတ်ဖုန်းများ၊ လုံခြုံရေးကင်မရာများနှင့် လေဆိပ်များရှိ စစ်ဆေးရေးနေရာများတွင် တပ်ဆင်ထားသော စောင့်ကြည့်ရေးကင်မရာများကိုတွေ့မြင်လာရသည်နှင့်အမျှ Face ID နည်းပညာ သည် လူသားတို့၏ကြီးမားသောအစိတ်အပိုင်းတစ်ရပ်ဖြစ်လာပါသည်။ 

ယနေ့ခေတ် မျက်နှာသွင်ပြင် မှတ်သားသည့်နည်းပညာ (Face ID) သည် လူသားတို့၏ မျက်နှာသွင်ပြင်ကွဲပြားမှုများ၊ လူတစ်ဦးနှင့် တစ်ဦးတွင် မတူညီဘဲခြားနားနေသည့်ချက်အလက်များကိုထုတ်နှုတ်မှတ်သားခြင်းနှင့် လူတစ်ဦးတွင် ရှိသည့်ထူးခြားသောသွင်ပြင်လက္ခဏာအမှတ်အသားကိုရှာဖွေခြင်းစသည့် လုပ်ဆောင်မှုများအပေါ် အခြေခံထားပါသည်။

သင့်အနေဖြင့် လူတစ်ဦးကိုစိစစ်ခွဲခြားနိုင်ရန်အတွက် အဆိုပါလူ၏မျက်နှာသွင်ပြင်လက္ခဏာကို သိရှိထားရမည်ဖြစ်ပြီး အဆိုပါနည်းလမ်းအတိုင်းပင် Face ID နည်းပညာက ဆောင်ရွက်မည်ဖြစ်သည်။ မိမိရှာဖွေလိုသူ၏ဓာတ်ပုံကို စစ်ဆေးခြင်းဆောင်ရွက်မည့်စနစ်တစ်ခုသို့ ပေးပို့လိုက်မည်ဆိုပါက အဆိုပါစနစ်သည် ရိုက်ကူးထားသောဗွီဒီယိုရုပ်သံဖိုင်ထဲတွင်ပါရှိနေသူ၏ပုံရိပ်ကို တိုက်ဆိုင်စစ်ဆေး၍ ခြေရာခံပေးမည်ဖြစ်ပါသည်။ အဆိုပါခြေရာခံထားသောပုံရိပ်နှင့် စစ်ဆေးရေးစနစ်၏ Database အတွင်းရှိပုံရိပ်တို့ကို တိုက်ဆိုင်စစ်ဆေး၍ မိမိရှာဖွေနေသူဟုတ်မဟုတ်ကိုလည်း ပြန်လည်စိစစ်ခွဲခြား ပေးမည်ဖြစ်ပါသည်။ Face ID နည်းပညာကို လုံခြုံရေးကင်မရာများနှင့်ဆက်သွယ်ချိတ်ဆက်လိုက်ခြင်း ဖြင့် ကင်မရာများတွင် စွမ်းဆောင်ရည်သစ်များပိုမိုရရှိလာစေမည်ဖြစ်ပါသည်။ 

မတော်တဆဖြစ်စဉ်များ ကိုကာကွယ်ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ခြင်းနှင့် အခြားသော နယ်ပယ်များတွင်လည်း ထိရောက်စွာအသုံးပြုနိုင်မည့်အကျိုးကျေးဇူးများကို Face ID နည်းပညာသုံး လုံခြုံရေးကင်မရာများက ပေးစွမ်းနိုင်တော့မည်ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် လူသားတို့အနေဖြင့် မျက်နှာဖုံးများဝတ်ဆင်လာရသည့် အတွက် မျက်နှာသွင်ပြင်ကိုမှတ်သားရသည့်နည်းပညာမှာလည်း ပညာရှင်တို့ ယခင်ကထင်ထားသည်ထက် ပိုမိုရှုပ်ထွေးကြောင်းတွေ့မြင်လာရသည်။

 မျက်နှာဖုံးများကိုတွင်ကျယ်စွာ တပ်ဆင်လာခြင်းက ယခင်ကဆောင်ရွက်ခဲ့သည့် Face ID သုတေသနယူဆက်ချက်များကို ရပ်တန့်သွားစေခဲ့ပြီး နည်းလမ်း အသစ်ထပ်မံရှာဖွေရန်အတွက် ပညာရှင်များကို တွန်းအားဖြစ်စေခဲ့ပါသည်။

အလင်းရောင်အလွန်နည်းပါးသည့် မှောင်နေသောနေရာများ၊ သို့မဟုတ် နောက်ခံအလင်း အလွန်များနေခြင်းစသော ဆိုးရွားလှသည့်အခြေအနေများတွင်လည်း မိမိရှာဖွေထောက်လှမ်းလိုသူအား Face ID နည်းပညာဖြင့် စိစစ်ထောက်လှမ်းနိုင်ရန် အဆင့်မြှင့်တင်မှုများကို ဆက်လက်ဆောင်ရွက်ရဦး မည်ဖြစ်ပါသည်။ အခြားသော နည်းပညာစိန်ခေါ်မှုများအနေဖြင့် ကင်မရာ၏ ၄၅ ဒီဂရီထောင့်ချိုးရှိ လူတစ်ဦး၏ မျက်နှာသွင်ပြင်ကို စစ်ဆေးခြင်းနှင့် အရည်အသွေးအလွန်ညံ့သောဗွီဒီယိုဖိုင်တွင်ပါရှိသူတို့၏ မျက်နှာသွင်ပြင်တို့ကို စစ်ဆေးနိုင်စွမ်းရှိရန်လိုအပ်ခြင်းများရှိနေပါသေးသည်။ 

မျက်နှာသွင်ပြင်မှတ်သား သည့်နည်းပညာကိုအသုံးပြုသူများအတွက် တိကျမှန်ကန်သောအချက်အလက်များပေးစွမ်းနိုင်ရန် တီထွင်ရဦးမည်ဖြစ်ပါသည်။ ထိုသို့သောနည်းပညာကိုရရှိရန် လွယ်ကူလှသည်တော့မဟုတ်ချေ။ Face ID နည်းပညာအတွက် နောက်ထပ်ကြုံတွေ့ရမည့် အခြားသောအဓိကစိန်ခေါ်မှုတစ်ရပ်မှာ လူမျိုးရေးနှင့် လူသားမျိုးနွယ်အားလုံးကိုခွဲခြားဘက်လိုက်မှုမရှိစေဘဲ မှတ်သားနိုင်စွမ်းရှိရေးပင် ဖြစ်ပါသည်။

မျက်နှာသွင်ပြင်လက္ခဏာမှတ်သားသည့်နည်းပညာသည် သက်ဆိုင်သောအချက်အလက်များကို သာသိမ်းဆည်းစေခြင်း၊ အချက်အလက်သိမ်းဆည်းရာတွင် လိုအပ်သောအတိုင်းအတာကိုသာ သိမ်းဆည်းစေခြင်းနှင့် စောင့်ကြည့်ထိန်းသိမ်းသူအနေဖြင့် ၎င်းအတွက်လိုအပ်သည့်အချက်အလက် ကိုသာရရှိစေရန်ကန့်သတ်နိုင်ခြင်းစသည့် စံချိန်စံညွှန်းများနှင့်လည်းကိုက်ညီရန်လိုအပ်ပါသည်။

လူသားတို့၏အခြေခံအဆောက်အအုံများကို ထိရောက်စွာ လုံခြုံမှုပေးစွမ်းနိုင်ရေးနှင့် ရာဇဝတ်မှု များကိုလျှော့ချနိုင်ရန်အတွက် မျက်နှာသွင်ပြင်လက္ခဏာမှတ်သားသည့်နည်းပညာတွင် အဆင့်မြင့် အသိဉာဏ်တု နည်းပညာ (AI) ကိုအသုံးပြုရမည်ဖြစ်ပါသည်။

 အဆိုပါ AI သည် လူတစ်ဦး တစ်ယောက်ခြင်းစီကို တိကျစွာခွဲခြားစိစစ်နိုင်စွမ်းရှိပြီး ထောက်လှမ်းရရှိထားသည့် အချက်အလက်ကို လည်း သက်ဆိုင်ရာသို့တစ်ပြိုင်နက်အသိပေးနိုင်စွမ်းရှိမည်ဖြစ်ပါသည်။

မျက်နှာသွင်ပြင်လက္ခဏာမှတ်သားသည့် Face ID နည်းပညာတွင် ထပ်မံအဆင့်မြှင့်တင်ရန် လိုအပ်ချက်များရှိနေသေးသော်လည်း မကြာသောအနာဂတ်ကာလတွင် ယင်းနည်းပညာကိုအသုံးပြု၍ ရာဇဝတ်မှုကျူးလွန်သူများ၊ ဥပဒေချိုးဖောက်သူများနှင့် ပျောက်ဆုံးနေသူများကိုပြန်လည်ရှာဖွေခြင်းများ ဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး လူသားတို့၏ဘေးကင်းလုံခြုံမှုကို ပိုမိုပေးစွမ်းသွားနိုင်တော့မည် ဖြစ်ပါသည်။

ဥာဏ်​ဝေ

https://i-hls.com/archives/117947

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။ ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD Biological Food Co. Ltd မှ ယွမ်(၂၅၉၄၁)တန်ဖိုးရှိ Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)ကိုလှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှုအား နန်နင်းမြို့၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းက လက်ခံရယူကာ ကျေးဇူးတင်မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏စီစဥ်ပေးမှုဖြင့် မေ ၂၁ ရက်က နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲသည့် ကုန်တင်လေကြောင်းအမှတ် - UB8504...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ ပြုပြင်ရန် လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၂၀၀၀)ဝန်းကျင် ကူညီပံ့ပိုးမည်

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071