Friday, January 17, 2025

မုံရွာမြို့တွင်ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်ဖြင့် အခြေခံစားနပ်ရိက္ခာပေးရန် စာရင်းများကောက်ခံလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်ဖြင့် အခြေခံစားနပ်ရိက္ခာ(၄)မျိုး ပေးအပ်နိုင်‌ရေး စာရင်းများ စနစ်တကျ ကောက်ခံလျက်ရှိကြောင်းသိရသ ည်။ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ...

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင်...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏...

လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့် စက်ပစ္စည်းများ...

ပြည်တွင်း၌ လိုအပ်သည့် လျှပ်စစ်များကို ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ကော်မတီသို့တင်ပြပါက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြော င်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းကပြောသည်။ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၄-၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး...
HomeNewsLocal NewsEternity Esports Mobile...

Eternity Esports Mobile Application မှ Falcon Esports အား Gold Sponsorship ပေးအပ်

မြန်မာ့ပထမဆုံး ပြည်တွင်း Esports Application ဖြစ်သည့် Eternity Esports Mobile Application မှ Falcon Esports အား Gold Sponsorship ပေးအပ်ခဲ့ကြောင်း သိရသည်။

Falcon Esports အား Gold Sponsorship ပေးအပ်ခြင်းကို ဇူလိုင်လ ၁၃ ရက်က ရန်ကုန်မြို့ Wyndham Grand Hotel တွင် ကျင်းပခဲ့သော မိတ်ဆက်ပွဲအခမ်းအနားတွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာ Local Application ဖြစ်တဲ့ Eternity Mobile Application ကို Esports Community Application အဖြစ်နဲ့ ပထမဆုံး ခြေလှမ်းစတင်နိုင်ခဲ့ပါပြီ။ လက်ရှိအသင်းကြီးတွေထဲက တစ်သင်းဖြစ်ပြီး ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ပြိုင်ပွဲအတွေ့အကြုံတွေရှိတဲ့ Falcon Esports ကို Gold Sponsorship အနေနဲ့ Support ပေးရတာကိုလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ Falcon Esports ဟာ အရင်ကတည်းက နိုင်ငံတကာမှာ အောင်မြင်မှုတွေရခဲ့တယ်။ အခုလည်း နောက်တက်လာမယ့် လူငယ်တွေကို ပံ့ပိုးပေးနေတာ တွေ့ရတယ်။ ကျွန်တော်တို့ကလည်း လူငယ်တွေကို တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးပေးချင်တဲ့ ရည်ရွယ်ချက်ချင်းတူလို့ အခုလိုစီစဉ်ဖြစ်သွားတာပါ” ဟု Eternity Mobile Application မှ Chief Operations Officer ကိုအောင်ခန့်ဇော်က ပြောကြားသည်။

အဆိုပါ Application တွင် ဂိမ်းများနှင့်ပတ်သက်၍ Eternity မှ ကျင်းပသော ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး တစ်ကြိမ် Register လုပ်ပြီး Profile ဖွင့်ထားသူများအနေဖြင့် ပြိုင်ပွဲတစ်ခုစီတိုင်းအတွက် Register ထပ်လုပ်စရာမလိုဘဲ မည်သည့်ပြိုင်ပွဲကိုမဆို ပါဝင်နိုင်ကြောင်းနှင့် အသင်း၊ အုပ်စုများဖွဲ့၍ ပြိုင်ပွဲများယှဉ်ပြိုင်နိုင်ခြင်း၊ Esports သတင်းများကို အချိန်နှင့်တပြေးညီဖတ်ရှုနိုင်ခြင်း၊ နာမည်ကျော် ပြည်တွင်း Esports အသင်းများ၏ အမှတ်တရလက်ဆောင် ပစ္စည်းအမျိုးမျိုးကို ဝယ်ယူနိုင်ခြင်းတို့ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

“အခုလို Eternity Mobile Application ကနေ Gold Sponsorship ကို လက်ခံရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Eternity ဟာ Esports Community မှာ အရွေ့တစ်ခုအနေနဲ့ စတင်မိတ်ဆက်နိုင်ခဲ့တာကိုလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ အဓိက,ကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ Esports အမျိုးမျိုးက ဝါသနာရှင်တွေကို တစ်နေရာတည်းမှာ စုပေးထားတာဖြစ်တဲ့အတွက် Esports ကို စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ အခွင့်အလမ်းကောင်းတွေ ရရှိလာမယ်လို့ ယုံကြည်ပါတယ်” ဟု Falcon Esports မှ General Manager ကိုထက်လွင်ဦး ကပြောကြားသည်။

အဆိုပါ Application သည် မြန်မာနိုင်ငံ Esports Community ၏ခြေလှမ်းသစ်တစ်ခု စတင်ခြင်းဖြစ်၍ Esports ကို စိတ်ဝင်စားသော လူငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းများကို ဖန်တီးနိုင်မည့် နေရာသစ်တစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တွင်ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်ဖြင့် အခြေခံစားနပ်ရိက္ခာပေးရန် စာရင်းများကောက်ခံလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်ဖြင့် အခြေခံစားနပ်ရိက္ခာ(၄)မျိုး ပေးအပ်နိုင်‌ရေး စာရင်းများ စနစ်တကျ ကောက်ခံလျက်ရှိကြောင်းသိရသ ည်။ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာ၍ မုံရွာမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း လာရောက်နေထိုင်သည့် မိသားစုများအား စားသောက်နေထိုင်ရေး အဆင်ပြေစေရေးအတွက် ရည်ရွယ်ကာစာရင်းကောက်ခံနေခြင်းဖြစ်သည်။ အခြေခံစားနပ်ရိက္ခာ(၄)မျိုး ဖြစ်သည့် ဆန်၊ဆီ၊ဆား၊ပဲ နှင့် အာဟာရမှုန့်များကို (၃)လ တစ်ကြိမ် ပေးအပ်မည်ဖြစ်ပြီး ဇန်နဝါရီလ(၁၃)ရက်နံနက်ပိုင်းက စတင်ပြီး မုံရွာမြို့ပေါ် ရပ်ကွက်များရှိ အိမ်ငှါး၊ ဘာသာရေးအဆောက်အဦ၊ ဆွေမျိုး၊မိတ်ဆွေ...

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင် ၅ ခု၌ အက်ကြောင်းထင်မှုများအပါအဝင် အပြစ်အနာအဆာများ တွေ့ရှိခဲ့သည်ဟု အရေးပေါ်ဌာန အရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါဆည်ငါးခုအနက် သုံးခုကို ပြင်ဆင်ထိန်းသိမ်းမှုများလုပ်ဆောင်ပြီးဖြစ်ကြောင်း တိဘက်ဒေသ အရေးပေါ်စီမံခန့်ခွဲရေးအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ ငလျင်ဗဟိုချက်ဖြစ်ခဲ့သော Tingri စီရင်စုရှိ ရေအားလျှပ်စစ်ဆည်တစ်ခု၏ နံရံများသည် နိမ့်ဆင်းသွားခဲ့သဖြင့် ဆည်အောက်ပိုင်းရှိ ကျေးရွာခြောက်ရွာမှ လူ ၁,၅၀၀ ခန့်ကို အမြင့်ပိုင်းနေရာများသို့...

သုခဒဂုံအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀)ကျော်ကို ထပ်မံငှားရမ်းမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ ဆောက်လက်ဆဲ တိုက်များမှ အခန်းပေါင်း (၄၅၀) ကျော်ကို ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ထို့ပြင် ပြီးခါးနီးအခန်းများ၏ လျှပ်စစ်မီတာများကို လျှောက်ရန်ပြင်ဆင်နေပြီး မီတာရရှိပါက ဆက်လက်နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း (၂၆၀၀)ကျော်နေရာချထားပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာသည် နေရေးအခက်အခဲရှိသည့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် သက်သာသော အိမ်ခန်းငှားရမ်းခနှုန်းထားများဖြင့် နိုင်ငံတော်က စနစ်တကျတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် (၁၁၆၈) ခန်း၊ ၂၀၂၄ ခုနှစ်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071