Friday, February 13, 2026

အကယ်ဒမီဆုရရုပ်ရှင်ဇာတ်ကားများပြန်လည် ပြသမည်

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၇) ရက် ညပိုင်းက နေပြည်တော်၊ MICC 1 တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု...

“Walk for Peace” သံဃာတော်များအား...

မြို့တော်ဝါရှင်တန်ဒီစီရှိ St. Mark's Capitol Hill ခရစ် ယာန်ဘုရားကျောင်း၌ နေ့ဆွမ်းဘုဉ်းပေးရန်ခေတ္တရပ် နားသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး(Walk for Peace)သံဃာတော်များအား အမေရိကန်နိုင်ငံဆိုင်ရာ...

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...
HomeNewsLocal NewsEternity Esports Mobile...

Eternity Esports Mobile Application မှ Falcon Esports အား Gold Sponsorship ပေးအပ်

မြန်မာ့ပထမဆုံး ပြည်တွင်း Esports Application ဖြစ်သည့် Eternity Esports Mobile Application မှ Falcon Esports အား Gold Sponsorship ပေးအပ်ခဲ့ကြောင်း သိရသည်။

Falcon Esports အား Gold Sponsorship ပေးအပ်ခြင်းကို ဇူလိုင်လ ၁၃ ရက်က ရန်ကုန်မြို့ Wyndham Grand Hotel တွင် ကျင်းပခဲ့သော မိတ်ဆက်ပွဲအခမ်းအနားတွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာ Local Application ဖြစ်တဲ့ Eternity Mobile Application ကို Esports Community Application အဖြစ်နဲ့ ပထမဆုံး ခြေလှမ်းစတင်နိုင်ခဲ့ပါပြီ။ လက်ရှိအသင်းကြီးတွေထဲက တစ်သင်းဖြစ်ပြီး ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ ပြိုင်ပွဲအတွေ့အကြုံတွေရှိတဲ့ Falcon Esports ကို Gold Sponsorship အနေနဲ့ Support ပေးရတာကိုလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ Falcon Esports ဟာ အရင်ကတည်းက နိုင်ငံတကာမှာ အောင်မြင်မှုတွေရခဲ့တယ်။ အခုလည်း နောက်တက်လာမယ့် လူငယ်တွေကို ပံ့ပိုးပေးနေတာ တွေ့ရတယ်။ ကျွန်တော်တို့ကလည်း လူငယ်တွေကို တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးပေးချင်တဲ့ ရည်ရွယ်ချက်ချင်းတူလို့ အခုလိုစီစဉ်ဖြစ်သွားတာပါ” ဟု Eternity Mobile Application မှ Chief Operations Officer ကိုအောင်ခန့်ဇော်က ပြောကြားသည်။

အဆိုပါ Application တွင် ဂိမ်းများနှင့်ပတ်သက်၍ Eternity မှ ကျင်းပသော ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် ကြည့်ရှုနိုင်မည်ဖြစ်ပြီး တစ်ကြိမ် Register လုပ်ပြီး Profile ဖွင့်ထားသူများအနေဖြင့် ပြိုင်ပွဲတစ်ခုစီတိုင်းအတွက် Register ထပ်လုပ်စရာမလိုဘဲ မည်သည့်ပြိုင်ပွဲကိုမဆို ပါဝင်နိုင်ကြောင်းနှင့် အသင်း၊ အုပ်စုများဖွဲ့၍ ပြိုင်ပွဲများယှဉ်ပြိုင်နိုင်ခြင်း၊ Esports သတင်းများကို အချိန်နှင့်တပြေးညီဖတ်ရှုနိုင်ခြင်း၊ နာမည်ကျော် ပြည်တွင်း Esports အသင်းများ၏ အမှတ်တရလက်ဆောင် ပစ္စည်းအမျိုးမျိုးကို ဝယ်ယူနိုင်ခြင်းတို့ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

“အခုလို Eternity Mobile Application ကနေ Gold Sponsorship ကို လက်ခံရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Eternity ဟာ Esports Community မှာ အရွေ့တစ်ခုအနေနဲ့ စတင်မိတ်ဆက်နိုင်ခဲ့တာကိုလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ အဓိက,ကတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ Esports အမျိုးမျိုးက ဝါသနာရှင်တွေကို တစ်နေရာတည်းမှာ စုပေးထားတာဖြစ်တဲ့အတွက် Esports ကို စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ အခွင့်အလမ်းကောင်းတွေ ရရှိလာမယ်လို့ ယုံကြည်ပါတယ်” ဟု Falcon Esports မှ General Manager ကိုထက်လွင်ဦး ကပြောကြားသည်။

အဆိုပါ Application သည် မြန်မာနိုင်ငံ Esports Community ၏ခြေလှမ်းသစ်တစ်ခု စတင်ခြင်းဖြစ်၍ Esports ကို စိတ်ဝင်စားသော လူငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းများကို ဖန်တီးနိုင်မည့် နေရာသစ်တစ်ခု ဖြစ်လာနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကယ်ဒမီဆုရရုပ်ရှင်ဇာတ်ကားများပြန်လည် ပြသမည်

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၇) ရက် ညပိုင်းက နေပြည်တော်၊ MICC 1 တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားတွင် အကယ်ဒမီဆုများရရှိခဲ့ကြသည့် ရုပ်ရှင်ဇာတ်ကားများကို ရန်ကုန်မြို့ရှိ မြ၀တီမီဒီယာစင်တာ၌ စတင်ပြသနေကြောင်း သိရသည်။ ထိုသို့ပြသရာတွင် ရုပ်ရှင်ဇာတ်ကား (၁) ကားကို (၂) ရက်နှုန်းဖြင့် နံနက် (၁၀) နာရီ တစ်ချိန်၊ ညနေ (၆) နာရီတွင် တစ်ချိန် ပြသမည်ဖြစ်ပြီး ရုံဝင်ကြေး အနေဖြင့် (၅,၀၀၀) ကျပ်နှင့် (၁၀,၀၀၀)...

“Walk for Peace” သံဃာတော်များအား မြန်မာသံအ မတ်ကြီးဖူးမြော် လှူဖွယ်ပစ္စည်းများဆက်ကပ်

မြို့တော်ဝါရှင်တန်ဒီစီရှိ St. Mark's Capitol Hill ခရစ် ယာန်ဘုရားကျောင်း၌ နေ့ဆွမ်းဘုဉ်းပေးရန်ခေတ္တရပ် နားသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး(Walk for Peace)သံဃာတော်များအား အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးမှ ဖေဖော်ဝါ ရီ ၁၁ ရက်က ဖူးမြှော်ကြည်ညိုခဲ့သည်။ ထိုသို့ ဖူးမြှော်ပြီးနောက် သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများကို မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် မြန်မာပြည်သူများအေးချမ်းသာယာဝပြောရေးအတွက်ရည်ရွယ်၍ “Walk for Peace” ဦးဆောင်ဆရာတော် အရှင်ပညာကာရထံ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး(Walk for Peace)သည် ကမ္ဘာ့ငြိမ်းချမ်းရေးမြှင့်တင်ရေးအတွက် သံယာတော်များက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆...

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ပထမအပတ်ကဈေးထက် အနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ် နှင့် တတိယအပတ်တို့တွင် ရောင်းချရမည့် ဈေးသည်လည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ပြီး ဖေဖေါ်ဝါရီလ ပထမအပတ်မှာလည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ကြောင်း သိရသည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071