ဒီမိုကရေစီအကျုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ် နယ်မြေအတွင်း နိုင်ငံခြားသားများ ခေါ်ယူသယ်ဆောင်ခြင်းမလုပ်ရန် DKBA ယမန်နေ့ နိုဝင်ဘာလ (၂၄) ရက် ရက်စွဲဖြစ် သတိပေးတားမြစ်ထားသည်။
အဆိုပါ တားမြစ်ချက်၌ ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ ၊ မည်သူတစ်ဦးတစ်ယောက်ဖြစ်စေ သတ်မှတ်ထားသည့် နယ်မြေအတွင်း နိုင်ငံခြားသားများ (အထူးသဖြင့် တရုတ်နိုင်ငံသားများ) အား သယ်ဆောင်ခြင်းကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဟု သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းဆုံးဖြတ်ချက်ကို နိုဝင်ဘာလ(၂၄)ရက်ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၂၃)ရက် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်ထားသည့် မင်းလက်ပံရွာတွင် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားတပ်မတော်(KNU/KNLA) ပူးပေါင်းအဖွဲ့ဖြင့် တို-က်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သေးသည်။
