Tuesday, December 16, 2025

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...
HomeNewsLocal NewsDeepSeek က ဉာဏ်ရည်တုမိုဒယ်အသစ်များကို...

DeepSeek က ဉာဏ်ရည်တုမိုဒယ်အသစ်များကို မိတ်ဆက်

ဟန်ကျိုး၊ ဒီဇင်ဘာ ၂

တရုတ် ဉာဏ်ရည်တု နည်းပညာကုမ္ပဏီ DeepSeek သည် တနင်္လာနေ့ညနေပိုင်းတွင် မော်ဒယ်အသစ်နှစ်ခုဖြစ်သည့် DeepSeek-V3.2 နှင့် ၎င်း၏တွက်ချက်မှု စွမ်းရည်မြင့်ဗားရှင်း DeepSeek-V3.2-Speciale တို့ကို တရားဝင်ထုတ်ပြန်ခဲ့သည်။

DeepSeek-V3.2 သည် GPT-5 နှင့် ယှဉ်နိုင်သည်ဟု သိရသည်။ ဉာဏ်ရည်တု မိုဒယ်သည် ပိုမို၍ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်တွေးခေါ်နိုင်သကဲ့သို့ တွက်ချက်မှုတွင်လည်း ပိုမိုမြန်ဆန်သည်။

ဉာဏ်ရည်တုမိုဒယ်နယ်ပယ်ရှိ ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီများအကြား ပြိုင်ဆိုင်မှုသည် ပြင်းထန်လာသည်။ ဩဂုတ်လတွင် OpenAI သည် ၎င်း၏ အထင်ကရ မိုဒယ် GPT-5 ကို ယနေ့အထိ ၎င်း၏ စမတ်အကျဆုံးနှင့် အမြန်ဆန်ဆုံး မိုဒယ်အဖြစ် ဖော်ပြခဲ့သည်။ နိုဝင်ဘာလတွင် Google သည် ၎င်း၏နောက်ဆုံးပေါ် AI စနစ် Gemini-3.0-Pro ကို ထုတ်ပြန်ခဲ့သည်။

တွက်ချက်မှုမြန်ဆန်သော DeepSeek-V3.2-Speciale သည် GPT-5 ကို ကျော်လွန်ပြီး Gemini-3.0-Pro နှင့် ယှဉ်နိုင်သည်။ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်စွမ်းတွင်ယှဉ်နိုင်သည်ဟု ကုမ္ပဏီကထုတ်ပြန်သည့် စာတစ်ပုဒ်အရ သိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်တည်ထောင်ခဲ့သော DeepSeek သည် ဘာသာစကားမိုဒယ်များနှင့် ဘက်စုံဉာဏ်ရည်တု နည်းပညာများကို သုတေသနပြုခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်ထားသည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ ၁၀ ဘီလီယံအထိ နစ်နာကြေးပေးရန် ဒေါ်နယ်လ် ထရမ့် တရားစွဲပြီ

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့် မိန့်ခွန်းကို ဘီဘီစီ (BBC)သတင်းဌာနမှ တည်းဖြတ်ပြင်ဆင်မှုနှင့်ပတ်သက်၍ ထရမ့်က တရားစွဲဆိုခဲ့ရာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က ထုတ်လွှင့်ခဲ့သည့် Panorama အစီအစဉ်တွင် သူ၏မိန့်ခွန်းကို ဘီဘီစီက “ရည်ရွယ်ချက်ရှိရှိ၊ အငြိုးတကြီး၊ လှည့်ဖြားသည့်သဘောဖြင့်” တည်းဖြတ်ခဲ့သည်ဟု ထရမ့်က စွပ်စွဲထားသည်။ တနင်္လာနေ့ ညနေပိုင်းက တင်သွင်းခဲ့သည့် တရားစွဲဆိုမှုတွင်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် အသုံးပြုခဲ့သော အဆောက်အအုံများဖျ-က်ဆီးရန် (၁၉၁)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံ (၆၃၅)လုံးအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်အထိ အဆောက်အအုံ(၄၄၄)လုံးကို စနစ်တကျဖြိုချဖျ-က်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဖြိုချဖျ-က်ဆီးရန် အဆောက်အအုံ(၁၉၁)လုံးကျန်ရှိနေသဖြင့် ဆက်လက်ဖြိုချဖျ-က်ဆီးမှုများကို စနစ်တကျဆက်လက်ဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုသော ပစ္စည်းများအားထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရန်လည်း စနစ်တကျမီးရှို့ဖျ-က်ဆီးလျက်ရှိကြောင်း သိရသည်။ ထို့အတူ ရွှေကုက္ကိုလ်နယ်မြေမှဖမ်းဆီးရမိခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများဖြစ်ဆသာ အီသီယိုးပီးယားနိုင်ငံသား(၄၅)ဦး၊ ယူဂန်ဒါနိုင်ငံသား(၃၉)ဦး၊ သီရိလင်္ကာနိုင်ငံသား(၂၅)ဦး၊ ဘူရွန်ဒီနိုင်ငံသား(၆)ဦး၊...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။ “ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071